တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်အတု ပြုလုပ်မှုများ ရှိလာ

မသမာသူများသည် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် အတုများပြုလုပ်ပြီး အောင်လက်မှတ်တွင် ပါရှိသည့် QR Code များသည် အခြား Website URL များသို့ ချိတ်ဆက်မှုများရှိနေကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ယနေ့ (နိုဝင်ဘာ ၂၄ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသည် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်များမှ စတင်၍ အောင်လက်မှတ်ပါ အချက်အလက်များကို စစ်ဆေးနိုင်သော QR Code ထည့်သွင်း၍ ထုတ်ပေးခဲ့ပါသည်။ 

၎င်း QR Code သည် မြန်မာနိုင်ငံရှိ တရားဝင်အစိုးရဌာနများသာ အသုံးပြုနိုင်သော gov.mm ကိုအသုံးပြု၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website URL ဖြစ်သော  verify.dme.gov.mm သို့ချိတ်ဆက်ထားပါသည်။

ယခုအခါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် အတုပြုလုပ်သည့် မသမာသူများမှ ဖန်တီးထားသော QR Code ပါသည့် အောင်လက်မှတ်များ ရှိနေကြောင်း သိရှိရပါသည်။

၎င်းအောင်လက်မှတ်အတုများတွင် ပါဝင်သော QR Code သည် verify.dme.gov.mm သို့ ချိတ်ဆက်ခြင်း မဟုတ်ဘဲ အခြား Website URL တစ်ခုသို့ ချိတ်ဆက်၍ အတုအပ ပြုလုပ်ထားကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်ပါ QR Code သည် verify.dme.gov.mm သို့ချိတ်ဆက်၍ အချက်အလက်များ စစ်ဆေးအတည်ပြုနိုင်မှသာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပေးသည့် အောင်လက်မှတ်အစစ် ဖြစ်ပါကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနအနေဖြင့် လိုအပ်သော လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အများပြည်သူ သိရှိနိုင်ရန် အသိပေး ကြေညာထားပါသည်။ 

================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 24 times