မလေးရှားကျောင်းတစ်ကျောင်းတွင် Influenza A ပျံ့နှံ့မှုအား MOH မှ အတည်ပြု

Kedah ပြည်နယ်၊ Kuala Muda ခရိုင်ရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသားများ ကူးစက်ဖြစ်ပွားခဲ့သည့် အမည်မသိရောဂါတစ်မျိုးကို Influenza-Like Illness (ILI) ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန (MOH) မှ အတည်ပြုခဲ့သည်။

အဆိုပါကျောင်းမှ ကျောင်းသား (၁၅၈) ဦးသည် ရောဂါပိုး ထိတွေ့ခံခဲ့ရကာ (၂၈) ဦးသာ ရောဂါလက္ခဏာပြပြီး နားမကျန်ဖြစ်ခဲ့ကြောင်း ဧပြီ (၂၃) ရက်နေ့တွင် Kuala Muda ခရိုင်ကျန်းမာရေးရုံးက စုံစမ်းစစ်ဆေးခဲ့သည်။

"ရောဂါဖြစ်ပွားသူ (၂၈) ဦးအနက် (၆) ဦးတွင် Influenza A ပိုးတွေ့ရှိခဲ့ပြီး Sungai Petani ရှိ Sultan Abdul Halim ဆေးရုံတွင် ကုသမှုခံယူခဲ့ကြောင်းနှင့် ၎င်းတို့ကို ကုသပြီးမှ ကျန်ရှိနေသည့် (၂၂) ဦးကို ပြင်ပလူနာအဖြစ် ကုသပေးခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Related Article : မလေးရှားကျောင်းတစ်ကျောင်းမှ ကျောင်းသားများ အမည်မသိ ကူးစက်ရောဂါဖြစ်ပွား

>> https://www.edge.com.mm/article/39-students-school-staff-in-kedah-infectious-disease.html

ဧပြီလ (၁၈) ရက်နေ့တွင် Yan ခရိုင်ရှိ Palas Camp တွင် (၂) ရက်ကြာ ကျင်းပသည့် Character Development Camp ကို တက်ရောက်ပြီးနောက် (၁၄) နှစ်အရွယ် ကျောင်းသားတစ်ဦးတွင် အဖျားနှင့် ခန္ဓာကိုယ် ကိုက်ခဲမှု အထူးသဖြင့် ညာဘက်တင်ပါး ကိုက်ခဲမှု လက္ခဏာများ စတင်ဖြစ်ပွားခဲ့မှုသည် စိုးရိမ်စရာများ၏ အစဖြစ်လာသည်။ 

ထို့အပြင် ကျောင်းဝန်ထမ်းတစ်ဦးသည် ဧပြီ (၁၇) ရက်တည်းက တုပ်ကွေးကဲ့သို့ လက္ခဏာများ ပြသခဲ့သည်။  
နှစ်ဦးစလုံးကို Sultan Abdul Halim ဆေးရုံတွင် တင်ထားရပြီး လက်ရှိတွင် အခြေအနေ တည်ငြိမ်နေပြီဖြစ်သည်။

“လူနှစ်ဦးစလုံးအပေါ် စစ်ဆေးကြည့်တဲ့အခါ Influenza ပိုးကူးစက်မှု ဖြစ်ကြောင်း သိရပြီး ရောဂါပိုးကူးစက်မှုရဲ့ အရင်းအမြစ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Kuala Muda ခရိုင် ကျန်းမာရေးရုံးနှင့် Kedah ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့သည် ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အစီအမံများကို အလျင်အမြန်ဆောင်ရွက်ခဲ့ကြောင်း MOH မှ ပြောကြားခဲ့သည်။

ဆပ်ပြာ (သို့) လက်ဆေးရည်ဖြင့် မကြာခဏ လက်ဆေးခြင်း၊ ချောင်းဆိုးခြင်းဆိုင်ရာ ကျင့်ဝတ်ကောင်းများကို လိုက်နာခြင်း၊ မက်စ်များဝတ်ဆင်ခြင်း၊ နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးများ ထိုးပေးခြင်း စသည့် ကြိုတင်ကာကွယ်မှု အစီအမံများကို လိုက်နာရန် MOH က တိုက်တွန်းထားသည်။

Source - malaymai

International News Read 26 times