Sales Hotline : 09448001653       Download App



နီးနီးနားနား ထိုင်းမှာပဲ Fully-funded Scholarship လျှောက်ပြီး ကျောင်းတက်မယ်

ဒီနေ့မှာတော့ အာဆီယံနိုင်ငံသားတွေအတွက် Suranaree University of Technology မှ ချီးမြှင့်ပေးတဲ့ Royal Scholarship 2024 Program အကြောင်း မျှဝေပေးချင်ပါတယ်။ လောလောဆယ်မှာတော့ Bachelor Degree အတွက် Fully-funded Scholarship ပေးနေတာဖြစ်ပြီး နောက်ပိုင်း Bachelor အောင်ပြီးရင် Master၊ Master ကနေတဆင့် Ph.D အထိ Scholarship တွေ ထပ်ကြိုးစားကြည့်လို့ ရပါသေးတယ်။ 


Suranaree University of Technology (SUT) ဆိုတာ ၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များစာရင်း စစ်တမ်းအရ ထိုင်းနိုင်ငံရဲ့ သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်တွေထဲမှ နံပါတ် (၃) အဆင့်မှာ ရှိတဲ့ ကျောင်းဖြစ်ပါတယ်။ 

 

ဒီလို Ranking ကောင်းတဲ့ ကျောင်းမျိုးမှာ Engineering နဲ့ Agri Tech ပိုင်းကို ပညာသင်စရိတ်ကြေး အပြည့်အ၀နဲ့ တက်ရောက်နိုင်မှာဖြစ်ပြီး Bachelor Degree ပေးအပ်မယ့် အစီအစဉ်ဖြစ်ပါတယ်။ နောက်တစ်ခုကောင်းတာက IELTS ၊ TOEFL တို့လို Standard English Test တွေပြင်ဆင်ထားတာမျိုးမရှိလည်း ကိုယ့်ကိုယ်ကိုယ် English ကျွမ်းတယ်လို့ ယုံကြည်မှုရှိရင် လျှောက်လို့ ရပါတယ်။ ဒီပညာသင်ဆုကို အာဆီယံနိုင်ငံကျောင်းသားများထဲမှ အယောက် (၂၀) ကိုပဲ ပေးအပ်မှာဖြစ်တဲ့အတွက် အခုတည်းက သေချာပြင်ဆင်ပြီး လျှောက်ထားကြည့်ပါ။

 

Scholarship Program -  Royal Scholarship 2024
Host University -  Suranaree University of Technology
Degree Level -  Bachelor Degree
Duration - 4 years
Deadline - 5 Apr 2024

 

Royal Scholarship 2024 Program အတွက် ရွေးချယ်တက်ရောက်နိုင်တဲ့ Major တွေကတော့ -

  • Civil Engineering
  • Mechanical and Aeronautical Engineering
  • Petrochemical and Polymer Engineering
  • Innovative Agripreneur 

Major တစ်ခုကို ကျောင်းသား (၅) ယောက်ပဲ စကော်လာပေးမှာဖြစ်ပြီး စုစုပေါင်း ကျောင်းသားအယောက် (၂၀) ကိုသာ ရွေးချယ်သွားမှာပါ။

 

စကော်လာမှာ ပေးမယ့် အကျိုးခံစားခွင့်တွေကတော့ -

  • ကျောင်းစရိတ်
  • အဆောင်ကြေး
  • ကျန်းမာရေး အာမခံကြေး
  • လစဉ်ကြေး

 

စကော်လာလျှောက်မယ့်သူတွေအတွက် လိုအပ်ချက်

  • (၁၂) တန်းပညာရေး အောင်မြင်ထားရမယ်။
  • အမှတ်စာရင်းတွေ ကောင်းရမယ်။
  • အင်္ဂလိပ်စာ ကျွမ်းရမယ်။
  • အာဆီယံနိုင်ငံသားဖြစ်ရမယ်။

 

လျှောက်ထားပုံအဆင့်ဆင့်

  • Application Link (Royalscholarship2024) ထဲဝင်ပါ။
  • နှစ်သက်ရာ Major ရွေးချယ်ပါ။
  • Personal Information တွေ ဖြည့်ပါ။
  • ပတ်စပို့၊ အထက်တန်းအောင်လက်မှတ်၊ အမှတ်စာရင်း ဖြည့်ပါ။ 
  • နိုင်ငံတကာအသိအမှတ်ပြု အင်္ဂလိပ်စာအမှတ်စာရင်း ရှိရင်ထည့်ပါ။ (မရှိလည်းရ)
  • အောက်က အက်ဆေးနှစ်ပုဒ် ရေးရပါမယ်။

"Why you want to study in SUT international Programs?” (500-600 words)

“What is the most challenging thing in your life and what you did to overcome such obstacle?”  (500-600 words) 

  • ကိုယ့်ကိုယ်ကို မိတ်ဆက်ထားတဲ့ ၂ မိနစ်စာ ဗီဒီယိုအတို တစ်ခု တင်ပေးရပါမယ်။

 

စကော်လာရှစ် ကြေညာမယ့် ရက်များ

  • 13 March – 3 April 2024 မှာ SUT ရဲ့ Official Facebook Page မှာ ကျောင်းနဲ့ ပတ်သက်တဲ့ Information တွေ သိရဖို့ စကော်လာလျှောက်ထားသူတိုင်း တက်ရောက်သင့်တဲ့ Open House Live ရှိပါတယ်။ 
  • 5 April 2024 မှာ Scholarship Form ပိတ်ပါမယ်။
  • Online Interview အတွက် ရွေးချယ်ခံရတဲ့ ကျောင်းသားတွေကို 17 Apr 2024 မှာ ကြေညာပါမယ်။
  • 21 - 23 Apr 2024 မှာ Online Interview ဖြေရပါမယ်။
  • နောက်ဆုံးအဆင့်အနေနဲ့ Online Interview အောင်ပြီး ရွေးချယ်ခံရတဲ့သူတွေကိုတော့ 3 May 2024 မှာ ကြေညာမှာပါ။

 

စကော်လာရှစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

>> https://interadmission.sut.ac.th/royal-scholarship/

International Latest Post Read 1613 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176