WHO မှ ၂၀၂၅ ခုနှစ်အတွက် ကျန်းမာရေးဆိုင်ရာ အခမဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။ WHO ရဲ့ သင်တန်းတွေက ရောဂါဖြစ်ပွားမှု၊ လူမှုရေးလှုပ်ရှားမှု၊ ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ အရေးပေါ်အခြေအနေတို့အတွက် အဆင်သင့်ဖြစ်မှုတို့ကို အခြေခံထားပါတယ်။
ဘယ်သူတွေ တက်ရောက်သင့်လဲ?
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ထမ်းတွေ/ကျောင်းသားတွေ၊ NGO မှာ အလုပ်လုပ်နေသူတွေ တက်ရောက်ဖို့ အထူးသင့်တော်သလို ကျန်းမာရေးလိုက်စားပြီး ဗဟုသုတအဖြစ် လေ့လာမှတ်သားချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။
WHO အခမဲ့ အွန်လိုင်းသင်တန်း တက်ရောက်ရင် ရရှိမယ့် အကျိုးကျေးဇူးများ
သင်တန်းကို ဘယ်လိုတက်ကြမလဲ?
အောက်မှာ ပေးထားတဲ့ လင့်ခ်ကနေတဆင့် အကောင့်ဖွင့်စရာလည်း မလိုဘဲ ကိုယ်တက်ချင်တဲ့ သင်တန်းကို ရှာပြီး တက်ရောက်နိုင်ပါတယ်။
>> https://openwho.org/esearch/search?keyword=courses
အားသာချက်ကတော့ သင်တန်းတစ်ခုချင်းစီမှာ Presentation File ၊ MP3 File နဲ့ Transcript File တွေကို Download လို့ရပါတယ်။ ဒါ့အပြင် သင်ခန်းစာ ဗီဒီယိုမှာလည်း Transcript က ပါပြီးသားဖြစ်တဲ့အတွက် ဘယ်မိနစ်မှာ ဘာပြောသွားလဲဆိုတာ ပြန်ကြည့်လို့လည်း ရပါတယ်။ ဝမ်းနည်းစရာကတော့ WHO က အရင်နှစ်တွေတုန်းက သင်တန်းပြီးရင် Certificate ပေးပေမဲ့ ဒီနှစ်တော့ မပေးတော့ဘူးလို့ သိရပါတယ်။
======================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။