WHO ရဲ့ ကျန်းမာရေးဆိုင်ရာ အခမဲ့ အွန်လိုင်းသင်တန်းများ

WHO မှ ၂၀၂၆ ခုနှစ်အတွက် ကျန်းမာရေးဆိုင်ရာ အခမဲ့ အွန်လိုင်းသင်တန်းတွေကို ဖွင့်လှစ်ပေးထားပါတယ်။ WHO ရဲ့ သင်တန်းတွေက ရောဂါဖြစ်ပွားမှု၊ လူမှုရေးလှုပ်ရှားမှု၊ ကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ အရေးပေါ်အခြေအနေတို့အတွက် အဆင်သင့်ဖြစ်မှုတို့ကို အခြေခံထားပါတယ်။

ဘယ်သူတွေ တက်ရောက်သင့်လဲ?

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ထမ်းတွေ၊ ကျောင်းသားကျောင်းသူတွေ၊ NGO မှာ အလုပ်လုပ်နေသူတွေ တက်ရောက်ဖို့ အထူးသင့်တော်သလို ကျန်းမာရေးလိုက်စားပြီး ဗဟုသုတအဖြစ် လေ့လာမှတ်သားချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ 

WHO အခမဲ့ အွန်လိုင်းသင်တန်း တက်ရောက်ရင် ရရှိမယ့် အကျိုးကျေးဇူးများ

  • သင်တန်းတိုင်းက အခမဲ့ ဖြစ်ခြင်း
  • ဘာသာစကား (၂၀) ကျော်နဲ့ သင်ကြားပေးခြင်း
  • အချိန်/နေရာကန့်သတ်ချက်မရှိခြင်း
  • WHO က ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် သင်ကြားပို့ချခြင်း
  • အသိပညာတွေ ရရှိပြီး ကျွမ်းကျင်မှုအဆင့် မြှင့်တင်နိုင်ခြင်း
  • အသက်မွေးဝမ်းကျောင်းအတွက် အခွင့်အလမ်းကောင်းများ ရရှိနိုင်ခြင်း

သင်တန်းကို ဘယ်လိုတက်ကြမလဲ?

အောက်မှာ ပေးထားတဲ့ လင့်ခ်ကနေတဆင့် အကောင့်ဖွင့်စရာလည်း မလိုဘဲ ကိုယ်တက်ချင်တဲ့ သင်တန်းကို ရှာပြီး တက်ရောက်နိုင်ပါတယ်။ 

>> https://openwho.org/esearch/search?

အားသာချက်ကတော့ သင်တန်းတစ်ခုချင်းစီမှာ Presentation File ၊ MP3 File နဲ့ Transcript File တွေကို Download လုပ်လို့ရပါတယ်။ ဒါ့အပြင် သင်ခန်းစာ ဗီဒီယိုမှာလည်း Transcript က ပါပြီးသားဖြစ်တဲ့အတွက် ဘယ်မိနစ်မှာ ဘာပြောသွားလဲဆိုတာ ပြန်ကြည့်လို့လည်း ရပါတယ်။ 

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Vocational Read 1856 times