လွိုင်ကော်တက္ကသိုလ်တွင် အဝေးသင် သင်တန်းများ ပြန်လည်ဖွင့်လှစ်မည်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစပြီး (၂) နှစ်ကြာ ပိတ်ထားသည့် လွိုင်ကော်တက္ကသိုလ်အား အဝေးသင် သင်တန်းများအတွက် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ကြေညာချက်အရ သိရသည်။

သို့ဖြစ်ပါ၍ ၂၀၂၅ ပညာသင်နှစ်အတွက် တောင်ကြီးတက္ကသိုလ်တွင် ကျောင်းအပ်နှံထားသည့် လွိုင်ကော်တက္ကသိုလ် အဝေးသင်သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများသည် လွိုင်ကော်တက္ကသိုလ်တွင် ပြန်လည်တက်ရောက်နိုင်ပြီဖြစ်သည်။

၂၀၂၅ ပညာသင်နှစ်၊ အဝေးသင် ဒုတိယသုတ်နှင့် တတိယအသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲများကို လွိုင်ကော်တက္ကသိုလ်တွင် တက်ရောက်ဖြေဆိုမည်ရဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။ 

အဝေးသင် ဒုတိယသုတ်နှင့် တတိယအသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲအချိန်စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

အဝေးသင် ဒုတိယသုတ် (ဝိဇ္ဇာအထူးပြုဘာသာရပ်များ - အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ အရှေ့တိုင်းပညာ)

အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၁၃-၁၀-၂၀၂၅ မှ ၂၂-၁၀-၂၀၂၅ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် စာသင်ကြားချိန်)

ကိုယ်ပိုင်စာကြည့်ချိန် - ၂၃.၁၀.၂၀၂၅။

စာမေးပွဲကာလ - ၂၄.၁၀.၂၀၂၅ မှ ၃၀.၁၀.၂၀၂၅ အထိ။ (စနေအပါ ဖြေဆိုရမည်၊ တနင်္ဂနွေမပါ)

အဝေးသင် တတိယအသုတ် (ဝိဇ္ဇာအထူးပြုဘာသာရပ်များ - မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံပညာ)

အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၁-၁၁-၂၀၂၅ မှ ၁၁-၁၁-၂၀၂၅ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် စာသင်ကြားချိန်၊ တန်ဆောင်မုန်းလပြည့်နေ့မပါ)

ကိုယ်ပိုင်စာကြည့်ချိန် - ၁၂.၁၁.၂၀၂၅။

စာမေးပွဲကာလ - ၁၃.၁၁.၂၀၂၅ မှ ၂၁.၁၁.၂၀၂၅ အထိ။ (စနေအပါ ဖြေဆိုရမည်၊ တနင်္ဂနွေနှင့် အမျိုးသားအောင်ပွဲနေ့မပါ)

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Read 112 times