ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် လုပ်ငန်းသုံးစီးပွားရေးသင်တန်း ဖွင့်လှစ်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်မည့် လုပ်ငန်းသုံးစီးပွားရေးပညာလက်မှတ်သင်တန်း (Certificate in Business Studies - CBS) သင်တန်းကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ လျှောက်ထားနိုင်သည်။

သင်တန်းမှာ (၃) လကြာမြင့်မည်ဖြစ်ပြီး သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူများသည် သင်တန်းပြီးဆုံးကြောင်း Certificate လက်မှတ်ကို ရရှိပါမည်။

လျှောက်ထားလိုသူများသည် အောက်တိုဘာ (၈) နေ့မှ နိုဝင်ဘာ (၇) ရက်နေ့အထိ စာရင်းအင်ပညာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) တွင် လျှောက်လွှာဝယ်ယူပြီး အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြရမည်။

  • တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် (မူရင်း/မိတ္တူ)
  • နိုင်ငံသားစိစစ်ရေးကတ် (မူရင်း/မိတ္တူ) 
  • ဓာတ်ပုံ (၂) ပုံ

သင်တန်းကို နိုဝင်ဘာလ (၁၃) ရက်နေ့ ကြာသပတေးနေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး နေ့စဉ် နံနက် (၇) နာရီမှ (၉) နာရီအထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) တွင် တက်ရောက်ရပါမည်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ၀၉-၄၄၂၀၃၇၀၂၃၊ ၀၉-၆၉၆၁၂၈၄၇၂ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 26 times