ကလေးစိတ်ပညာ (Child Psychology) ကို အခမဲ့ လေ့လာကြမယ်

အတန်းငယ်လေးတွေကို သင်ကြားနေရတဲ့ ဆရာ၊ ဆရာမတွေ၊ ကလေးငယ်လေးတွေ ရှိတဲ့ မေမေ၊ ဖေဖေတို့ တက်ရောက်သင့်တဲ့ ကလေးစိတ်ပညာ (Child Psychology) ကို ကဝိကနေ (၄) ရက်တာ အခမဲ့ သင်တန်းပေးမယ့် အခွင့်အရေး စီစဉ်ထားပါတယ်။

ကလေးစိတ်ပညာကို ဘာကြောင့် သင်ယူသင့်တာလဲ?

ကလေးစိတ်ပညာဆိုတာ ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ပြောင်းလဲလာတဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ စိတ်ခံစားချက်တွေ၊ အတွေးအခေါ်တွေနဲ့ အပြုအမူတွေကို သိရှိနားလည်စေတဲ့ ပညာရပ်ဖြစ်ပါတယ်။

ဒါမှ သင်ကြားသူ ဆရာ၊ ဆရာမတွေနဲ့ ထိန်းကျောင်းသူ မိဘတွေအနေနဲ့ ကလေးငယ်တွေအတွက် ထိရောက်တဲ့ သင်ကြားမှုနဲ့ ပံ့ပိုးမှုတို့ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ 

Advertisement : Yangon Directory

ကလေးစိတ်ပညာ သင်ကြားပြီးတဲ့အခါ ဘယ်လို အကျိုးကျေးဇူးတွေ ရှိလာလဲ?

  • သင်ကြားမှု နည်းလမ်းကောင်းတွေ ချမှတ်လာနိုင်ခြင်း
  • ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းလာနိုင်ခြင်း
  • ကလေးတစ်ဦးချင်းစီရဲ့ သင်ယူမှုပုံစံနှင့် စိတ်ခံစားမှု လိုအပ်ချက်တွေကို ခွဲခြားလာနိုင်ခြင်း
  • မှန်ကန်တဲ့ သားသမီး ထိန်းသိမ်းစောင့်ရှောက်နည်းတွေကို သိနားလည်လာခြင်း
  • ပုံမှန်ရှိသင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ပုံစံတွေနဲ့ ပုံမှန်မဟုတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပုံစံတွေကို သိရှိလာခြင်း  
  • ပိုမိုကောင်းမွန်တဲ့ ပညာပေးသူ၊ ပိုမိုနားလည်ပေးနိုင်တဲ့ လမ်းညွှန်သူများ ဖြစ်လာခြင်း

ဘယ်သူတွေ တက်ရောက်သင့်လဲ?

  • ကိုယ့်ကလေးကို ကျန်းကျန်းမာမာနဲ့ ဘက်စုံဖွံဖြိုးအောင် ပြုစုပျိုးထောင်ချင်တဲ့ မိဘတွေ
  • ထိရောက်တဲ့ သင်ကြားရေးနဲ့ စာသင်ခန်းစီမံခန့်ခွဲမှု နည်းဗျူဟာတွေကို ချမှတ်ချင်တဲ့ ဆရာ၊ ဆရာမတွေ
  • ကလေးထိန်းသိမ်းပြုစုစောင့်ရှောက်ရသူတွေ

ဘာတွေ သင်ပေးမှာလဲ?

  • Introduction to Child Psychology 
  • Areas of Child Psychology 
  • Parenting Styles 
  • Cognitive Development Theory 
  • Attachment patterns 
  • Psychosocial Development Theory 
  • Emotional wellbeing and Mental Health for Children

ဘယ်လို တက်ရောက်ရမလဲ?

- လင့်ခ်မှာ ပါဝင်တဲ့ Post ကို Public နှင့် Share ပါ။ ( https://www.facebook.com/kawieducationservice/ )

- Public နဲ့ Share ထားတဲ့ Screenshot ကို သူငယ်ချင်း (၃) ယောက်ကို Mention ခေါ်ပြီး Post ရဲ့ Comment မှာ ပြပေးရပါမယ်။ ( https://www.facebook.com/kawieducationservice/ )

- Registration Link မှာ လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်စုံစွာ ဖြည့်စွက်ပေးရပါမယ်။

> https://surveyheart.com/form/69378e55c426c7537970c90c

တက်ရောက်ခွင့် ရရှိသူတွေကို ကဝိကနေ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၈) ရက်နေ့မှာ ကဝိကနေ ပြန်လည်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းရက်နဲ့ အချိန်

ဒီဇင်ဘာ (၂၀)၊ (၂၁)၊ (၂၇) နဲ့ (၂၈) ရက်နေ့တို့မှာ ည (၇) နာရီကနေ (၈) နာရီခွဲအထိ Zoom ကနေတဆင့် သင်တန်းပေးမှာ ဖြစ်ပါတယ်။ လူတိုင်း တက်ရောက်နိုင်အောင် စနေ၊ တနင်္ဂနွေ ညပိုင်းလေးမှာ ပြုလုပ်ပေးထားပါတယ်။

သင်တန်းကြေး 

သင်တန်းကြေးက အခမဲ့ (ပညာဒါန) ဖြစ်ပေမဲ့ Certificate ကြေး (၅) ထောင်ကျပ်ကိုတော့ ပေးသွင်းရပါမယ်။

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Kindergarten Latest Post Local News Pre-school Primary Read 2314 times