သင်က အင်္ဂလိပ်ဘာသာစကား သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ သင်ကြားရေး ကျွမ်းကျင်မှုကို မြှင့်တင်ချင်ပြီး ကျောင်းသားတွေအတွက် ပြီးပြည့်စုံတဲ့ သင်ခန်းစာတွေကို ဖန်တီးနိုင်ဖို့ British Council ကနေ ဖွင့်လှစ်ထားတဲ့ အခမဲ့ အွန်လိုင်းသင်တန်းတွေကို တက်ရောက်သင့်ပါတယ်။
British Council - Teaching English မှာ အင်္ဂလိပ်စာ သင်ကြားရေးအတွက် ဆရာဖြစ်သင်တန်းတွေ၊ သင်ကြားရေး နည်းလမ်းတွေ၊ လမ်းညွှန်ချက်တွေကို အခမဲ့ ပေးဆောင်ပြီး သင့်အား ပိုမို ထိရောက်တဲ့ အင်္ဂလိပ်စာဆရာ/ဆရာမတစ်ယောက် ဖြစ်လာဖို့ ကူညီပေးမှာဖြစ်ပါတယ်။
လက်ရှိမှာ တက်ရောက်နိုင်တဲ့ သင်တန်း (၁၃) ခု
ဒီသင်တန်းတွေ အားလုံးဟာ အခမဲ့ဖြစ်ပြီး နောက်ဆုံးလျှောက်ထားရမယ့် သတ်မှတ်ရက်ကတော့ ကိုယ်လျှောက်မယ့် သင်တန်းအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
သင်တန်းကို (၁၀၀)% ပြီးဆုံးတဲ့အထိ တက်ရောက်မယ်ဆိုရင် British Council က အသိအမှတ်ပြု ထုတ်ပေးတဲ့ ဒစ်ဂျစ်တယ် အောင်လက်မှတ်လည်း ရရှိဦးမှာပါ။
သင်တန်းမှာပါတဲ့ မော်ဂျူးတိုင်းကို တက်ရောက်ပြီး Attach လုပ်ပေးထားတဲ့ သင်ကြားရေး အရင်းအမြစ်တွေကိုလည်း ဒေါင်းလုတ်လုပ်ပြီး ကြည့်ရှုမှသာ အောင်လက်မှတ် ရရှိနိုင်မှာကိုတော့ သတိပြုပါ။
သင်တန်းတိုင်းက အင်္ဂလိပ်စကားပြောနဲ့ သင်ကြားမှာဖြစ်တဲ့အတွက် သင့်အင်္ဂလိပ်စာအဆင့်က အနိမ့်ဆုံး B1 လောက်ရှိထားမှ အဆင်ပြေပါလိမ့်မယ်။
သင်တန်းတက်ရောက်ရမယ့် ပုံစံကတော့ အွန်လိုင်းဖြစ်ပြီး ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို လေ့လာလို့ရပါတယ်။ သင်တန်းမတက်ရောက်ခင် အောက်က လင့်ခ်ကနေတဆင့် ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်ထားဖို့တော့ လိုပါတယ်။
> https://www.teachingenglish.org.uk/user/register
ပြီးတော့မှ အောက်ကလင့်ခ်ထဲ ဝင်ပြီး မိမိတက်ရောက်ချင်တဲ့ သင်တန်းကို ရွေးချယ်ပါ။ ရွေးထားတဲ့ သင်တန်းကို တက်မှာ သေချာတယ်ဆိုရင် "Enroll on this Free Course" လေးကို နှိပ်ပြီး သင်ယူနိုင်ပါပြီ။
>> https://www.teachingenglish.org.uk/training/courses?
အောင်လက်မှတ် ထုတ်ယူချင်တယ်ဆိုရင်တော့ သင်အကောင့်ဖွင့်ပြီးရင် Menu Bar မှာ My Portfolio ဆိုပြီး တွေ့ပါလိမ့်မယ်။ အဲ့ထဲက My awards ထဲမှာ သင်လိုချင်တဲ့ အောင်လက်မှတ်ကို ဒေါင်းလုတ် ရယူနိုင်ပါတယ်။
===================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။