Sales Hotline : 09448001653       Download App



ပညာရေးစနစ်တွင် ဒီဂျစ်တယ်နည်းဖြင့် ပြုပြင်ပြောင်းလဲရေး အာဆီယံ - ယူနီဆက် ညီလာခံ ကျင်းပ

အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒီဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အာဆီယံံ- ယူနီဆက် ညီလာခံ (ASEAN - UNICEF Conference on Digital Transformation of the Education System through ASEAN) ကို အောက်တိုဘာလ ၁၅ ရက် တွင် Zoom- Webinar ဖြင့် ပြုလုပ်ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် ပညာရေးစနစ်ကို ပြင်းထန်စွာ ထိခိုက်စေလျက်ရှိစေပြီး ပညာရေးဝန်ကြီး ဌာနအနေဖြင့် ယင်းကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး များကို လျှော့ချနိုင်စေရန်နှင့် ပညာရေးစနစ် ပိုမိုကောင်းမွန်လာစေရန် အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ပါမောက္ခချုပ်များကော်မတီက တည်ဆောက်ခဲ့သော မြန်မာဒစ်ဂျစ်တယ်ပညာရေး ပလက်ဖောင်း(Myanmar Digital Education Platform-MDEP) ကို အသုံးပြုလျက် Grade 4၊7၊ 10 သင်ရိုးညွှန်းတမ်းအသစ်များကို မူလတန်းပြ၊ အလယ်တန်းပြ အထက်တန်းပြဆရာ ဆရာမများအားလုံးအား အွန်လိုင်းသင်တန်းများ ပို့ချခဲ့ပါပြီီး သင်ရိုးညွှန်းတမ်းများကို MDEP၊ ပြည်သူပိုင် ပုဂ္ဂလိကပိုင် TV Channels များနှင့် ရေဒီယို များမှထုတ်လွှင့်ရန် Audio နှင့် Video သင်ခန်းစာများကို ပြုစုတည်းဖြတ်လျက်ရှိကြောင်း ဆိုထားပါသည်။

 ဗီဒီယိုသင်ခန်းစာများကို Education Channel ရုပ်မြင်သံကြားမှ တစ်နေ့လျှင် ၈ နာရီကြာ ထုတ်လွှင့်ပြသလျက်ရှိပြီီး အင်တာနက် မရရှိသော ဝေးလံခေါင်ဖျား ဒေသများနှင့် ကျေးလက်ဒေသ များမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ DBE Box မှ သင်ယူမှု အခွင့်အလမ်းများရရှိစေရန်အတွက် DBE Stick များတွင် ထည့်သွင်းရန် သင်ခန်းစာများကို ပြုစုလျက်ရှိကာ  အတန်းတိုင်းမှ ကျောင်းသားကျောင်းသူများ၊ မိဘများ အပတ်စဉ်၊ လစဉ်ပုံမှန် download ပြုလုပ်နိုင်မည့် နေအိမ်အခြေပြုသင်ခန်းစာများကိုလည်း ပြုစုလျက်ရှိပါသည်။

MDEP ကို အသုံးပြု၍ တက္ကသိုလ်များအတွက် အွန်လိုင်းသင်ယူမှုကို အကောင်အထည်ဖော်သွားမည်ဖြစ် သကဲ့သို့ အင်တာနက်မရရှိသော ဝေးလံခေါင်ဖျားဒေသများ နှင့် ကျေးလက်ဒေသများမှ တက္ကသိုလ်ကျောင်းသားများအတွက် DHE Box နှင့် Data Stick များ ဖြည့်ဆည်းပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ ပုံမှန်အဝေးသင်ပညာရေးစနစ် အပြင် အွန်လိုင်းမှတစ်ဆင့် သင်ယူနိုင်မည့် Myanmar National Open University ထူ ထောင်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်ကိုလည်း ဖော်််််ပြထားပါသည်။

ကိုယ်ပိုင်စီမံခန့်ခွဲခွင့် အခြေခံပညာ ဆရာ ဆရာမများနှင့် တက္ကသိုလ် ဆရာ ၊ ဆရာမများအတွက် သင်ယူမှုစီမံခန့်ခွဲရေးစနစ် (Learning Management System)နှင့် ဒစ်ဂျစ်တယ် သင်ကြားသင်ယူ မှုနည်းစနစ် (Digital Teaching- Learning Methodology) များ တိုးတက်ရေးကို အားပေးပြီး သင်တန်းများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကာ သင်ခန်းတွင်း သင်ယူမှု (Face-to-face Learning)၊ အွန်လိုင်းသင်ယူမှု (Online Learning) နှင့် ပေါင်းစပ်သင်ယူမှု (Blended | Learning)များမှတစ်ဆင့် ဒေသတွင်း လုပ်သားဈေးကွက် လိုအပ်ချက်နှင့် ကိုက်ညီသည့် လူတိုင်းအတွက် ဘဝ တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများကို မြှင့်တင်ပေးလိုသည့် အတွက်   ပါမောက္ခချုပ်များ ကော်မတီသည်  တက္ကသိုလ်နှင့် လုပ်ငန်းခွင်မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး(University-Industry Partnership) အပါအဝင် တက္ကသိုလ်နှင့် ကောလိပ်အားလုံး လွတ်လပ်သော ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ဖြင့် ရပ်တည်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာ တွင် ပညာရေးစနစ်ကို ဒစ်ဂျစ်တယ်ဖြင့် ပြုပြင်ပြောင်းလဲမှု သည် အဆင့်မြင့်နည်းပညာများနှင့် ကိရိယာများ အသုံး ပြု၍သင်ယူမှုပတ်ဝန်းကျင်ကောင်းကို ပုံဖော်ခြင်းပင်ဖြစ်သည့် အပြင် လူသားအင်အားစုနေရာတွင် အလိုအလျောက် နည်းပညာများ၊ All Robots iOT တို့က အစားထိုး ဝင်ရောက်လာလျက်ရှိသဖြင့် လုပ်သားအင်အားစုများ အတွက် ယှဉ်ပြိုင်မှု ပိုမိုအားကောင်းလာသော်ကြောင့်  နည်းပညာဖွံ့ဖြိုးတိုးတက်လျက်ရှိသော ယနေ့ ကမ္ဘာကြီးတွင် လုပ်သားအင်အားစုများအနေဖြင့် ပညာ၊ ဗဟုသုတ ကျွမ်းကျင်မှု သဘောထားအမြင်နှင့် လူမှုရေး တန်ဖိုးများကို မြှင့်တင်ပေးရန် လိုအပ်လာပါသည်။ 
ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုတို့သည် သင်ယူမှုအခွင့်အလမ်းများမဆုံးရှုံးစေရေးအတွက် အရေးပါသော်လည်း ယင်းတို့မှာ ၂၁ ရာစု ကျွမ်းကျင်မှုများအတွက် အရည်အချင်းပြည့်ဝသော  ဆရာ ဆရာမများ၏ စာသင်ခန်းတွင်း သင်ကြားမှု (Face-to-face Learning)ကိုမူ အစားထိုးနိုင်မည် မဟုတ်  ပါကြောင်း၊ နိုင်ငံသားကောင်း အရည်အသွေး၊ ဆက်သွယ်မှုအရည်အသွေး၊ အဖွဲ့လိုက်ဆောင်ရွက်တတ်မှု၊ အပြုသဘော | ဆောင်သောအမြင်ရှိမှုနှင့် ပင်ကိုစွမ်းရည်ကဲ့သို့သောTransferrable Skills များကိို မြှင့်တင်ပေး လျက်ရှိနေသည်ကို သိရပါသည်။ 

အလားတူပင် High-tech Learningနှင့် High-touch | Learning နှစ်မျိုးလုံးသည်လည်း နည်းပညာခေတ်တွင်ဒေသတွင်း အဆင့်နှင့် ကမ္ဘာ့အဆင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရေးအတွက်  တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများ မြှင့်တင်ရေးတွင် အရေးပါလျက်ရှိပါကြောင်း၊ အနာဂတ်တွင် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ စာသင်ကျောင်းများနှင့် တက္ကသိုလ်စာသင်ခန်း များသည် ကျောင်းသားများအတွက် ခေတ်မီဒစ်ဂျစ်တယ် နည်းပညာများဖြင့် ပေါင်းစပ်ပံ့ပိုးပေးနိုင်ရေးပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နည်းပညာနှင့် အခြေခံအဆောက် အအုံပံ့ပိုးမှု၊ ပညာရေး အင်အားစု၏ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်မှုဒစ်ဂျစ်တယ်နည်းပညာဖြင့် သင်ကြားသင်ယူမှု၊ အရည်အသွေးအာမခံမှု၊ အာဆီယံဒေသတွင်းအရည်အသွေး အသိအမှတ်ပြုမှုများကို အာမခံမည့် အသွင်ကူးပြောင်းခြင်း  ဆိုင်ရာ မဟာဗျူဟာစီမံကိန်းများနှင့် မူဝါဒများတိုးတက်ရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်သွားကြရန် တိုက်တွန်းပါကြောင်း၊ လုံခြုံစိတ်ချမှုရှိသော ဒစ်ဂျစ်တယ်နည်းပညာဖြင့် သင်ယူမှုအခွင့်အလမ်းများမြှင့်တင်ရေးနှင့်  အာဆီယံဒေသတွင်း ပညာရေးစနစ်တွင် ဒစ်ဂျစ်တယ်ဖြင့်ပြောင်းလဲသွားရေးဟူသော ဤညီလာခံ၏ ပူးတွဲကြေညာ ချက်ကို အနာဂတ်ဒေသတွင်သာတူညီမျှမှု၊ အားလုံးပါဝင်မှု ကို အားပေးလျက်ထောက်ခံကြောင်း ဆွေးနွေးပြောကြား သည်။

ဆက်လက်၍ အာဆီယံပညာရေးဝန်ကြီးများက မိမိတို့၏သဘောထားအမြင်များကို အလှည့်ကျဆွေးနွေး ကြကာ အာဆီယံပညာရေးဝန်ကြီးများ၏ ပူးတွဲကြေညာ ချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။

Source: The Mirror Daily 

Latest Post Read 735 times