ရန်ကုန်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ဖွင့်လှစ်မည့် မဟာဘွဲ့သင်တန်းများ

ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မဟာပညာရေးဘွဲ့ (MEd) သင်တန်းနှင့် မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) MEd(Q) သင်တန်းတို့ကို အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များအလိုက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။

(က) ပညာရေးသဘောတရားနှင့်ပညာရေးစီမံခန့်ခွဲမှု

(ခ) ပညာရေးစိတ်ပညာ

(ဂ) သင်ရိုးညွှန်းတမ်းနှင့်သင်ပြနည်း

(ဃ) ကာယပညာနှင့်ကျောင်းကျန်းမာရေး

မဟာဘွဲ့သင်တန်းများ၏ သင်တန်းကာလကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပညာသင်နှစ် (၁) နှစ် သတ်မှတ်ထားသည်။

MEd (Q) လျှောက်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် MEd (Q) တက်ရောက်နိုင်သူများ

ပညာရေးဒီဂရီကောလိပ်များ (မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ လွိုင်ကော်၊ မန္တလေး၊ မိတ္ထီလာ၊ စစ်ကိုင်း၊ မုံရွာ၊ ဟားခါး ၊ကျိုင်းတုံ၊ ကသာ၊ မကွေး၊ ပခုက္ကူ)၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကျောင်းပြင်ပ နှင့်တစ်သက်တာပညာရေးဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေပြီး သင်တန်းစတင်ဖွင့်လှစ်မည့် ဒီဇင်ဘာ (၂) ရက်နေ့တွင် လုပ်သက် (၅) နှစ်ပြည့်ပြီးသူ ပညာရေးဘွဲ့ရ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ တက်ရောက်ခွင့်ရှိပါသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် MEd (Q) တက်ရောက်နိုင်သူများ

ပညာရေးဒီဂရီကောလိပ်များ (ရန်ကင်း၊ လှည်းကူး၊ သင်္ဃန်းကျွန်း၊ တောင်ငူ၊ ပြည်၊ ကျောက်ဖြူ၊ ဘားအံ၊ မော်လမြိုင်၊ ပုသိမ်၊ မြောင်းမြ၊ ဘိုကလေး၊ ထားဝယ်)၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေပြီး သင်တန်းစတင်ဖွင့်လှစ်မည့် ဒီဇင်ဘာ (၂) ရက်နေ့တွင် လုပ်သက် (၅) နှစ်ပြည့်ပြီးသူ ပညာရေးဘွဲ့ရ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ တက်ရောက်ခွင့်ရှိပါသည်။

ပညာအရည်အချင်း

ပညာရေးဘွဲ့ (BEd) ရရှိသူဖြစ်ပြီး အရည်အချင်းစစ်ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲကို အောင်မြင်သူ ဖြစ်ရပါမည်။ 

အသက်ကန့်သတ်ချက်

အသက်ကန့်သတ်ချက်မရှိပါ။

လျှောက်လွှာနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲတင်ပြရမည် -

  • အမှတ်စာရင်းမူရင်းနှင့်မိတ္တူမှန် 

  • ပတ်စပို့အရွယ်ဓာတ်ပုံ(၂)ပုံ

  • ဝန်ထမ်းဖြစ်ကြောင်းနှင့် လုပ်သက်မှန်ကန်ကြောင်း၊ မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) MEd(Q)သင်တန်း ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ပြုကြောင်းနှင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်ပါက အချိန်ပြည့် တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(သို့မဟုတ်) ညွှန်ကြားရေးမှူးချုပ် (ကိုယ်စား) တာဝန် ပေးအပ်ထားသော အရာရှိများ၊ ကျောင်းအုပ်ကြီးတို့၏ ထောက်ခံချက် တင်ပြရမည်။

လျှောက်ထားရမည့်ပုံစံ

လျှောက်လွှာများကို  မိမိတက်ရောက်လိုသည့် စစ်ကိုင်းပညာရေးတက္ကသိုလ် (သို့) ရန်ကုန်ပညာရေးတက္ကသိုလ်၏ သင်တန်းရေးရာဌာနတွင် စက်တင်ဘာ (၂၆) ရက်၊ သောကြာနေ့ နောက်ဆုံးထား၍ တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။ 

ဝင်ခွင့်စာမေးပွဲ

MEd(Q) ဝင်ခွင့်စာမေးပွဲအတွက် နိုဝင်ဘာ (၆) ရက်နေ့ နံနက် (၉) နာရီမှ (၁၁) နာရီအထိ သက်ဆိုင်ရာအထူးပြု ပညာရေးဘာသာရပ် (၂) နာရီမေးခွန်တစ်စုံကို ဖြေဆိုရပါမည်။ ဝင်ခွင့်စာမေးပွဲအောင်မြင်သူများသည် နိုဝင်ဘာ (၁၂) ရက်နေ့တွင် လူတွေ့နှုတ်ဖြေကို ဖြေဆိုရပါမည်။

MEd လျှောက်ထားခြင်းဆိုင်ရာ သတ်မှတ်ချက်များ

စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် (MEd) လျှောက်ထားသူများသည် -

  • ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်။

  • ပညာရေးဘွဲ့ရရှိ၍ မဟာပညာရေးဘွဲ့ သင်တန်းတက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်။ 

  • ကာယပညာနှင့်ကျောင်းကျန်းမာရေးဘာသာရပ်လျှောက်ထားသူမျာသည် ကာယပညာနှင့် ကျောင်းကျန်းမာရေး အထူးပြုဖြင့် ပညာရေးဘွဲ့ရရှိပြီး ပညာရေးတက္ကသိုလ်များတွင် ကာယပညာနှင့်ကျောင်းကျန်းမာရေးဌာန၌ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူ (သို့မဟုတ်) ကာယပညာနှင့်ကျောင်းကျန်းမာရေးအထူးပြုဖြင့် ပညာရေးဘွဲ့ရရှိပြီး မဟာပညာရေးဘွဲ့သင်တန်း တက်ရောက်ရန် အဆင့်မီသူဖြစ်ရမည်။

  • သင်ကြားရေးနှင့်သုတေသနဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေသူများဖြစ်ပြီး သင်တန်းစတင်ဖွင့်လှစ်မည့် ဒီဇင်ဘာ (၂) ရက်နေ့တွင် တစ်ဆက်တည်းလုပ်သက် အနည်းဆုံး (၂) နှစ်ရှိသော လက်ရှိတာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။ 

  • အရည်အချင်းစစ်ရေးဖြေနှင့် နှုတ်ဖြေစာမေးပွဲကို အောင်မြင်သူ ဖြစ်ရပါမည်။ 

  • ပညာရေးတက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှ ဖွင့်လှစ်သော မဟာဒဿန (ပညာရေး)ဘွဲ့ရရှိပြီး ပညာရေးဝန်ကြီးဌာနတွင် ပညာရေးဝန်ထမ်းအဖြစ် လက်ရှိတာဝန် ထမ်းဆောင်နေသူဖြစ်ပါက ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန်မလိုဘဲ လူတွေ နှုတ်ဖြေစစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပါသည်။

  • ပညာရေးတက္ကသိုလ်မှ ဖွင့်လှစ်သော မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) MEd (Q) သင်တန်း ပြီးမြောက်အောင်မြင်သူဖြစ်ပါက ဝင်ခွင့်ရေးဖြေစာမေးပွဲဖြေဆိုရန်မလိုဘဲ လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပါသည်။ 

MEd စာမေးပွဲကို သက်ဆိုင်ရာတက္ကသိုလ်တို့တွင် အောက်ပါအတိုင်း ဖြေဆိုရမည် -

နိုဝင်ဘာ (၆) ရက်နေ့ နံနက် (၉) နာရီမှ (၁၂) နာရီအထိ သက်ဆိုင်ရာအထူးပြု ပညာရေးဘာသာရပ်

နိုဝင်ဘာ (၇) ရက်နေ့ နံနက် (၉) နာရီမှ (၁၂) နာရီအထိ အင်္ဂလိပ်စာဘာသာရပ်

ရေးဖြေစာမေးပွဲအောင်မြင်သူများကို နိုဝင်ဘာ (၁၃) ရက် ကြာသပတေးနေ့တွင် လူတွေ့စစ်ဆေးပါမည်။

လျှောက်ထားရမည့်ပုံစံ

စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ပြည်နယ်/တိုင်းဒေသကြီး ပညာရေးမှူးရုံးများတွင် (ပူးတွဲ) သတ်မှတ်ထားသည့် လျှောက်လွှာပုံစံရယူပြီး သက်ဆိုင်ရာတက္ကသိုလ် သင်တန်းရေးရာဌာနတွင် စက်တင်ဘာ (၂၆) ရက်နေ့ သောကြာနေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်။

လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ တင်ပြရမည် -

  • အမှတ်စာရင်း မူရင်းနှင့် မိတ္တူမှန်

  • ဝန်ထမ်းဖြစ်ကြောင်းနှင့် လုပ်သက်မှန်ကန်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ ထောက်ခံချက် 

  • ပတ်စပို့ဓါတ်ပုံ (၂) ပုံ

  • မဟာပညာရေးဘွဲ့(MEd)သင်တန်း ဝင်ခွင့်စာမေးပွဲကို ဖြေဆိုခွင့်ပြုကြောင်းနှင့် ဝင်ခွင့် စာမေးပွဲဖြေဆိုအောင်မြင် ပါက အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း သက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (သို့မဟုတ်) ညွှန်ကြားရေးမှူးချုပ်ကိုယ်စား တာဝန်ပေးအပ်ထားသော အရာရှိများ၊ ကျောင်းအုပ်ကြီးတို့၏ ထောက်ခံချက်

အသေးစိတ်အချက်အလက်များကို ဘာသာရပ်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပညာရေးဘာသာရပ် ပါမောက္ခ (ဌာနမှူး) များထံတွင် လည်းကောင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်သင်တန်းရေးရာဌာနတွင်လည်းကောင်း၊ ရန်ကုန်ပညာရေးတက္ကသိုလ်သင်တန်းရေးရာဌာနတွင်လည်းကောင်း စုံစမ်းနိုင်ပါသည်။

=========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 718 times