များစွာသော လေ့လာမှုတွေအရ ဂီတက သင်ယူမှုကို လှုံ့ဆော်ပေးနိုင်ပြီး မှတ်မိနိုင်စွမ်းကိုလည်း မြှင့်တင်ပေးကြောင်း သိရှိရပါတယ်။ ကိုယ်နှစ်သက်တဲ့ သီချင်းကနေတဆင့် ဘာသာစကားတစ်ခု သင်ယူရတဲ့အခါ Fun ဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတာကြောင့် ဒီဘာသာစကားကို လေ့လာဖို့ မိုတီလည်း ရစေပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ Lyrics Training ဆိုတဲ့ ဝက်ဘ်ဆိုက်ဒ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဝက်ဘ်ဆိုက်ဒ်လေးမှာ အင်္ဂလိပ်ဘာသာစကားအပြင် ဂျပန်၊ ဂျာမန်၊ စပိန်၊ အီတာလျံ၊ ပြင်သစ် စတဲ့ ဘာသာစကားအမျိုးအစား (၁၀) ခုကျော်ကို လေ့လာလို့ ရပါတယ်။ သီချင်းအမျိုးအစားတွေအနေနဲ့လည်း Genres Tab ကနေတဆင့် Pop၊ Rock၊ Hip-Hop၊ Punk၊ Raggae စတဲ့ အမျိုးအစားပေါင်း (၃၀) ကို ရွေးချယ်နိုင်ပါတယ်။
ဘာသာစကားကိုရော သီချင်းအမျိုးအစားကိုရော စိတ်ကြိုက်ရွေးချယ်ပြီးသွားပြီဆိုရင် ကိုယ်ရွေးထားတဲ့ သီချင်းဗီဒီယိုကို နှိပ်လိုက်ပါ။ Game Mode ရွေးပါဆိုပြီး ပေါ်လာရင် မိမိ English Level ကို ရွေးပေးရပါမယ်။ နောက်တစ်ဆင့်အနေနဲ့ မိမိက သီချင်းစာသားတွေကို ရေးမှာလား (သို့) ရွေးမှာလားဆိုတာကိုပါ Write Mode/Choice Mode ပြောင်းပြီး ဖြေကြည့်လို့ရပါတယ်။ ပြီးရင်တော့ သီချင်းနားထောင်ရင်း ကိုယ်ကြိုက်တဲ့ ဘာသာစကားကို စတင် လေ့ကျင့်လို့ရပါပြီ။
ဒီလိုလေ့ကျင့်တာက ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ?
- သီချင်းကို နားထောင်ပြီး စာသားဖြည့်စွက်ရမှာ ဖြစ်တဲ့အတွက် အကြားစွမ်းရည် တိုးတက်လာပါတယ်။
- သီချင်းထဲမှာ ပါတဲ့ usage နဲ့ expression တွေကို ကြည့်ပြီး အပြောစွမ်းရည်နဲ့ သဒ္ဓါပိုင်းကိုလည်း နားလည်လာနိုင်ပါတယ်။
- စကားလုံးအသစ်တွေ၊ slang တွေကိုလည်း သိလာနိုင်ပါတယ်။
- နောက်ဆုံးအနေနဲ့ကတော့ အသံထွက်တွေ ကောင်းလာမှာပဲ ဖြစ်ပါတယ်။
စိတ်ဝင်စားရင်တော့ အောက်ကလင့်ခ်ကနေတဆင့် အချိန်မရွေး၊ နေရာမရွေး ဝင်ရောက်လေ့လာနိုင်ပါတယ်။
====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။