၂၀၂၅ ပညာသင်နှစ်၏ အဝေးသင် ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ်များအတွက် ပထမနှစ်မှစ၍ နောက်ဆုံးနှစ်အထိ အနီးကပ်သင်တန်းကာလနှင့် စာမေးပွဲအချိန်စာရင်းများမှာ အောက်ပါ အစီအစဉ်အတိုင်း ဖြစ်သည်။
အဝေးသင် ပထမအသုတ် (သိပ္ပံအထူးပြုဘာသာရပ်များ - သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ရုက္ခဗေဒ၊ သတ္တဗေဒ)
သင်တန်းကာလ (ပထမနှစ်) - ၁၁.၁.၂၀၂၅ မှ ၃.၈.၂၀၂၅ အထိ။ (အပတ်စဉ် စနေ၊ တနင်္ဂနွေ)
သင်တန်းကာလ (ဒုတိယနှစ်နှင့်အထက်) - ၁၅-၂-၂၀၂၅ မှ ၃၁-၈-၂၀၂၅ အထိ။ (အပတ်စဉ် စနေ၊ တနင်္ဂနွေ)
ကိုယ်ပိုင်စာကြည့်ချိန် - ၁.၉.၂၀၂၅ မှ ၃၀.၉.၂၀၂၅ အထိ။
စာမေးပွဲကာလ - ၁.၁၀.၂၀၂၅ မှ ၉.၁၀.၂၀၂၅ အထိ။ (စနေအပါ ဖြေဆိုရမည်၊ တနင်္ဂနွေနှင့် သီတင်းကျွတ်ရုံးပိတ်ရက်မပါ)
အဝေးသင် ဒုတိယသုတ် (ဝိဇ္ဇာအထူးပြုဘာသာရပ်များ - အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ ဒသနိကဗေဒ၊ အရှေ့တိုင်းပညာ)
အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၁၃-၁၀-၂၀၂၅ မှ ၂၂-၁၀-၂၀၂၅ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် စာသင်ကြားချိန်)
ကိုယ်ပိုင်စာကြည့်ချိန် - ၂၃.၁၀.၂၀၂၅။
စာမေးပွဲကာလ - ၂၄.၁၀.၂၀၂၅ မှ ၃၀.၁၀.၂၀၂၅ အထိ။ (စနေအပါ ဖြေဆိုရမည်၊ တနင်္ဂနွေမပါ)
အဝေးသင် တတိယအသုတ် (ဝိဇ္ဇာအထူးပြုဘာသာရပ်များ - မြန်မာစာ၊ သမိုင်း၊ စီးပွားရေး၊ စီးပွားစီမံပညာ)
အနီးကပ်သင်တန်းကာလ (ပထမနှစ်မှ နောက်ဆုံးနှစ်အထိ) - ၁-၁၁-၂၀၂၅ မှ ၁၁-၁၁-၂၀၂၅ အထိ။ (စနေ၊ တနင်္ဂနွေအပါ (၁၀) ရက် စာသင်ကြားချိန်၊ တန်ဆောင်မုန်းလပြည့်နေ့မပါ)
ကိုယ်ပိုင်စာကြည့်ချိန် - ၁၂.၁၁.၂၀၂၅။
စာမေးပွဲကာလ - ၁၃.၁၁.၂၀၂၅ မှ ၂၁.၁၁.၂၀၂၅ အထိ။ (စနေအပါ ဖြေဆိုရမည်၊ တနင်္ဂနွေနှင့် အမျိုးသားအောင်ပွဲနေ့မပါ)
ဆက်သွယ်စုံစမ်းရန် - အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၇၅၃၇၆၇၇၊ ၀၁ ၇၅၂၅၆၁၂၊ ၀၁ ၇၅၀၃၁၄၇။
==========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။