YUFL တွင် ဖွင့်လှစ်မည့် အင်္ဂလိပ်စာဒီပလိုမာသင်တန်း လျှောက်ထားခြင်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာစကား Diploma in English for Communication Skills သင်တန်းကို ကျောင်းတွင် တက်ရောက်ရမည့်ပုံစံနှင့် အွန်လိုင်းပုံစံ (၂) မျိုးလုံးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများ လျှောက်ထားနိုင်သည်။ 

သင်တန်းကို ‌Basic (I) ၊ Basic (II) ၊ Inter (I) ၊ Inter (II) ၊ Advanced (I) နှင့် Advanced (II) ဆိုပြီး Level (၆) ခုဖွင့်လှစ်သွားမည်ဖြစ်သည်။

Level (၁) ခုကို (၃) လဖြင့် စုစုပေါင်း (၁၈) လကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းကြေးမှာ Level (၁) ခုကို (၁) သိန်းကျပ် သတ်မှတ်ထားသည်။

YUFL တွင် Basic I, II, Inter I, II, Advanced I တက်ရောက်ပြီးစီး အောင်မြင်သူများမှာ သက်သေအထောက်အထား တင်ပြနိုင်ပါက တစ်ဆင့်မြင့်အတန်းများသို့ တိုက်ရိုက် တက်ရောက်နိုင်သည်။ 

Advertisement : AMI International School

ကျောင်းတွင် တက်ရောက်ရမည့်သင်တန်းအတွက် လျှောက်ထားခြင်း
===============
သင်တန်းလျှောက်လွှာကို စက်တင်ဘာ (၁၀) ရက်နေ့မှ စတင်ပြီး အင်္ဂလိပ်ဘာသာဌာနတွင် အခမဲ့ ထုတ်ယူကာ

  • Grade (12) အောင်လက်မှတ်မိတ္တူ (သို့) ဘွဲ့လက်မှတ်မိတ္တူ၊ 
  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူနှင့် 
  • ပတ်စပို့ဓာတ်ပုံ (၃) ပုံတို့နှင့်တကွ လျှောက်ထားရပါမည်။ 

ထို့နောက် ဝင်ခွင့်စာမေးပွဲကြေး (၃) ထောင်ကျပ်ကို ငွေလက်ခံဌာနတွင် နေ့ချင်းပြီး ပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်းချလံနှင့်အတူ စာမေးပွဲဖြေဆိုခွင့်ကတ်အား အင်္ဂလိပ်ဘာသာဌာနတွင် ပြန်လည်ထုတ်ယူရမည်။

ဝင်ခွင့်စာမေးပွဲကို စက်တင်ဘာလ (၂၃) ရက်နေ့တွင် သွားရောက်ဖြေဆိုပြီး စက်တင်ဘာလ (၂၅) ရက်နေ့တွင် ဝင်ခွင့်အောင်စာရင်း ကြေညာပေးမည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် စက်တင်ဘာလ (၂၆) ရက်နေ့မှစ၍ တစ်ပတ်အတွင်း သင်တန်းကြေးကို ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။

သင်တန်းကို စက်တင်ဘာလ (၂၇) ရက်နေ့မှစ၍ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် အောက်ပါအတန်းချိန်အလိုက် သွားတက်ရပါမည်။ ‌

Basic (I) ၊ Inter (I) ၊ Advanced (I) နှင့် (II) အတန်းများကို စနေ၊ တနင်္ဂနွေနေ့များတွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြစ်ပြီး ‌Basic (II) ၊ Inter (II) အတန်းများကို စနေ၊ တနင်္ဂနွေနေ့များတွင် မွန်းလွဲ (၁) နာရီမှ ညနေ (၄) နာရီအထိ တက်ရောက်ရပါမည်။

အွန်လိုင်းဖြင့် တက်ရောက်ရမည့်သင်တန်းအတွက် လျှောက်ထားခြင်း

===============
သင်တန်းလျှောက်လွှာကို စက်တင်ဘာလ (၁၀) ရက်နေ့၊ နံနက် (၁၀) နာရီတွင် Registration Form အတွက် Link ကို YUFL Facebook Page မှတဆင့် ကြေညာပေးပါမည်။

>> https://docs.google.com/forms/d/e/1FAIpQLSfa77-

သတ်မှတ်လူဦးရေ (၄၀၀) ပြည့်သည်နှင့် Registration Form အား စာရင်းပိတ်မည်ဖြစ်ပြီး  Registration အောင်မြင်သူများကို စက်တင်ဘာလ (၁၂) ရက်နေ့၊ ‌ည (၉) နာရီတွင် YUFL Facebook Page မှတဆင့် ကြေညာပေးပါမည်။

သင်တန်းတက်ရောက်ခွင့်ရရှိသူများသည် YUFL KBZpay (Quick Pay) ဖြင့် စာမေးပွဲကြေး (၃) ထောင်ကျပ်ကို စက်တင်ဘာလ (၁၇) ရက်နေ့ မတိုင်မီ ပေးသွင်းထားရပါမည်။

စက်တင်ဘာလ (၁၇) ရက်နေ့ ည (၁၂) နာရီ နောက်ဆုံးထား၍ YUFL Page တွင် ကြေညာထားသော Exam Form တွင် ငွေသွင်းချလံအား Screen Shot ရိုက်၍ အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ရပါမည်။

ငွေသွင်းပြီး Exam Form တွင် ဖြည့်စွက်ထားသူများသာ စာမေးပွဲဖြေဆိုရမည့် Link ကို အီးမေးလ်မှတဆင့် တိုက်ရိုက်ပေးပို့မည်ဖြစ်ပြီး စက်တင်ဘာလ (၂၄) ရက်နေ့ နံနက် (၁၀) နာရီတိတိတွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရပါမည်။

စာမေးပွဲဖြေဆိုထားသူများအနက် အမှတ်အများဆုံး ရရှိသူ (၂၀၀) ဦးခန့်သာ သင်တန်းတက်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး ဝင်ခွင့်အောင်စာရင်းကို စက်တင်ဘာလ (၂၅) ရက်နေ့တွင် ကြေညာပေးပါမည်။

သင်တန်းကြေးကို စက်တင်ဘာလ (၂၅) ရက်နေ့မှစ၍ တစ်ပတ်အတွင်း YUFL KBZpay (Quick Pay) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းကို စက်တင်ဘာလ (၂၆) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်သည်။

သင်တန်းတက်ရောက်ရမည်အချိန်မှာ သောကြာနေ့၊ ည (၆) နာရီခွဲမှ (၈) နာရီခွဲအထိနှင့် စနေ၊ တနင်္ဂနွေနေ့များတွင် ည (၆) နာရီမှ (၈) နာရီအထိ ဖြစ်သည်။

သင်တန်းတက်ရောက်ခွင့် ရရှိရန်  -

  • Grade (12) အောင်လက်မှတ်မိတ္တူ (သို့) ဘွဲ့လက်မှတ်မိတ္တူ၊ 
  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူနှင့် 
  • ပတ်စပို့ဓာတ်ပုံ (၃) ပုံ
  • သင်တန်းကြေး ငွေသွင်းပြေစာ မိတ္တူတို့ကို အမြန်ချောဖြင့် သင်တန်းရေးရာဌာနသို့ သင်တန်းမစမီ မပျက်မကွက် ပေးပို့ရန် လိုအပ်သည်။

သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာ တစ်စုံတစ်ရာအား စုံစမ်းမေးမြန်းလိုပါက ၀၁-၇၅၁၃၁၉၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။ 

========================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News Vocational Read 26790 times