၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် အစိုးရနည်းပညာကောလိပ်များမှ ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူနေပြီး သင်ကြားပေးမည့် သင်တန်းများ၊ အပ်နှင်းမည့် ဘွဲ့ဒီပလိုမာများနှင့် လိုအပ်သည့် ဝင်ခွင့်သတ်မှတ်ချက်များကို အောက်တွင် ဖော်ပြထားသည်။
အဆိုပါ အစိုးရနည်းပညာ ကောလိပ်များသို့ ဝင်ခွင့်လျှောက်ထားလိုသူများသည် ၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်ခဲ့သူ ဖြစ်ရမည်။
ဝင်ခွင့်သတ်မှတ်ချက်များ
သင်တန်းကာလမှာ (၄) နှစ် ဖြစ်ပြီး သင်တန်းတစ်ခုလျှင် လူ (၂၀) ဦး လက်ခံပေးသွားမည် ဖြစ်ကာ သင်တန်းကာလ ပြီးစီးအောင်မြင်ပါက B.Tech ဘွဲ့ကို တိုက်ရိုက် အပ်နှင်း ချီးမြှင့်မည် ဖြစ်သည်။
ပို့ချမည့် ဘွဲ့သင်တန်းများ
အထူးပြုဘာသာ - Civil Engineering (မြို့ပြအင်ဂျင်နီယာ)
အပ်နှင်းမည့်ဘွဲ့ - နည်းပညာဘွဲ့ (မြို့ပြ) B.Tech (Civil)
အထူးပြုဘာသာ - Mechanical Engineering (စက်မှုအင်ဂျင်နီယာ)
အပ်နှင်းမည့်ဘွဲ့ - နည်းပညာဘွဲ့(စက်မှု) B.Tech (Mechanical)
အထူးပြုဘာသာ - Electrical Power Engineering (လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ)
အပ်နှင်းမည့်ဘွဲ့ - နည်းပညာဘွဲ့(လျှပ်စစ် စွမ်းအား) B.Tech (Electrical Power)
Advertisement
အစိုးရနည်းပညာ ကောလိပ်များသို့ လျှောက်ထားသူများအနက် ကောလိပ်အလိုက် လက်ခံနိုင်မည့် လူဦးရေ သတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်ပေါ် မူတည်၍ ရမှတ် အနည်းအများအလိုက် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။
သင်ကြားခွင့်ပြုမည့် ဦးစားပေး အထူးပြုဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် ( အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ) (၄) ဘာသာပေါင်းရမှတ် ( လိုအပ်ပါက တက္ကသိုလ်ဝင်စာမေးပွဲ စုစုပေါင်းရမှတ် ) နှင့် ကျောင်းသား၊ ကျောင်းသူ၏ ဦးစားပေး လျှောက်ထားမှုနှင့် သက်ဆိုင်ရာ အထူးပြုဘာသာရပ်အတွက် ကျောင်းသား ကျောင်းသူလက်ခံနိုင်မှု ဦးရေကန့်သတ်ချက်အပေါ်တွင် မူတည်၍ ခွဲဝေ သတ်မှတ်ပေးမည်ဟု ဆိုသည်။
တက်ရောက်နိုင်မည့် ကောလိပ်များ
အစိုးရနည်းပညာ ကောလိပ်များတွင် B.Tech ဘွဲ့ ရရှိပြီး အဆင့်ပြည့်မီပါက သတ်မှတ်ထားသော နည်းပညာ တက္ကသိုလ်များတွင် M.Tech ဘွဲ့အား ဆက်လက် တက်ရောက်ခွင့်ရှိမည် ဖြစ်သည်။
အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်
အစိုးရနည်းပညာကောလိပ် (ရွှေဘို)
ကျောင်းအုပ်ကြီး၊ ဖုန်း ၀၉-၂၅၄၃၄၈၈၉၆
အစိုးရနည်းပညာကောလိပ် (မန္တလေး)
ကျောင်းအုပ်ကြီး၊ ဖုန်း ၀၉-၇၇၆၆၈၀၂၃၈
အစိုးရနည်းပညာကောလိပ် (ကျောက်ဖြူ)
ကျောင်းအုပ်ကြီး၊ ဖုန်း ၀၉-၄၃၀၇၁၈၂၆
အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ)
ကျောင်းအုပ်ကြီး ၊၀၉-၆၆၁၈၀၉၃၁၀