၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ် ပထမနှစ်သင်တန်းသားများကို ခေါ်ယူလျက်ရှိသည်။
မန္တလေးတွင် ဖွင့်လှစ်မည့် ဘွဲ့သင်တန်းများ
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။
လျှောက်ထားရမည့်ပုံစံများ
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စာစစ်ဌာနများမှ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) တွင် တက်ရောက်ကြရမည်ဖြစ်သည်။
လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ဝယ်ယူပြီး ဩဂုတ်လ (၁၇) ရက်နေ့မှ စ၍ အောက်တိုဘာ (၉) ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်သည်။
လျှောက်လွှာပုံစံနှင့်အတူ -
ဝင်ခွင့်စစ်ဆေးမည့်ရက်
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် (၉) နာရီတွင် လူတွေ့ စစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရစာရင်းကို အောက်တိုဘာလ (၁၆) ရက်နေ့တွင် သင်တန်းရေးရာဌာန ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပါသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်တွင် စတင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ မော်ကွန်းထိန်းဖုန်း ၀၉ - ၄၀၂၆၇၅၂၉၅ သို့ဖြစ်စေ၊ ဌာနမှူး (သင်တန်းရေးရာ) ၀၉-၂၅၆၃၈၀၅၃၃၊ ၀၉-၄၀၂၆၇၅၂၉၅ တို့ကိုဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။
NUAC (ရန်ကုန်) မှ ပထမနှစ်သင်တန်းဝင်ခွင့် ခေါ်ယူ
> https://www.edge.com.mm/article/university-of-arts-and-culture.html?
=============================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။