၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ဩဂုတ်လ (၁၀) ရက်နေ့၊ တနင်္လာနေ့တွင် စတင် ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားသည်။
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ယူရာတွင် ကြိုတင်ရက်ချိန်းရယူရန် မလိုအပ်ဘဲ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့တွင် တိုက်ရိုက် လျှောက်ထားထုတ်ယူနိုင်ပါသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်) လိပ်စာမှာ ရုံးအမှတ် (၅၂)၊ သီရိမဏ္ဍိုင်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်ဖြစ်ပြီး ရုံးခွဲလိပ်စာမှာ အမှတ်(၄/၅)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ ဖြစ်သည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူများ၏ အမှတ်စာရင်းများကိုလည်း ထုတ်ပေးတော့မည်ဖြစ်ပြီး အောက်ပါ Online Service Portal တွင် ကျရှုံးခုံအမှတ်များ ထည့်သွင်း၍ ကြိုတင်ရက်ချိန်း ရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
=================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။