YUFL (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) မှ တရုတ်၊ ပြင်သစ်၊ စပိန်နှင့် ရုရှားဘာသာစကား အခြေခံသင်တန်း (၄) မျိုးကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်မည်ဖြစ်သဖြင့် လျှောက်ထားလိုသူများသည် ဇွန်လ (၁၆) ရက်နေ့မှစ၍ အွန်လိုင်းမှ လျှောက်ထားနိုင်သည်။
သင်တန်းလျှောက်ထားရန် သတ်မှတ်အရည်အချင်း
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ
ဖွင့်လှစ်မည့်သင်တန်းများ
Basic I တွင် တရုတ်၊ ပြင်သစ်၊ စပိန်နှင့် ရုရှားဘာသာစကားသင်တန်းတို့ကို ဖွင့်လှစ်ပါမည်။
Basic II တွင် တရုတ်၊ ပြင်သစ်နှင့် စပိန်ဘာသာစကားသင်တန်းတို့ကို ဖွင့်လှစ်ပါမည်။
Level တစ်ခုကို (၃) လ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကြေးမှာ Level တစ်ခုအတွက် တစ်သိန်းကျပ် ဖြစ်ပါသည်။ သင်တန်းကြေးကို YUFL KBZ Quick Pay ဖြင့် အချက်အလက် ပြည့်စုံစွာ ဖြည့်စွက်ပြီး ပေးသွင်းနိုင်ပါသည်။
သင်တန်းကြေးပေးသွင်းပြီးကြောင်း Screenshot နှင့်အတူ Online Registration ပြုလုပ်ရပါမည်။ သင်တန်းများ လျှောက်ထားရန် Link ကို YUFL Page မှ ထပ်မံကြေညာပေးပါမည်။
သင်တန်းကြေးပေးသွင်းပြီး သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် အောက်ပါစာရွက်စာတမ်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ လိပ်မူ၍ အမြန်ချောပို့ဖြင့် မပျက်မကွက် ပေးပို့ရမည်။
သင်တန်းအား ဇွန်လ (၁၉) ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး သောကြာ၊ စနေ၊ တနင်္ဂနွေတို့တွင် တက်ရောက်ရပါမည်။ သင်တန်းအချိန်မှာ သောကြာနေ့ (ညနေ ၆ နာရီမှ ၈ နာရီအထိ)၊ စနေနှင့် တနင်္ဂနွေတို့တွင် (နံနက် ၉ နာရီမှ ၁၁ နာရီ) အထိ ဖြစ်သည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်ကို သိရှိလိုပါက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဖုန်း ၀၁-၇၅၁၃၁၉၀ ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
===========================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။