YUFL မှ အွန်လိုင်း ဖွင့်လှစ်မည့် အင်္ဂလိပ်စာဒီပလိုမာသင်တန်း

YUFL တွင် ဖွင့်လှစ်မည့် Diploma in English Communication Skills သင်တန်းကို အွန်လိုင်းမှ တက်ရောက်နိုင်မည်ဖြစ်ပြီး အောက်တိုဘာ (၆) ရက်နေ့၊ နေ့လည် (၁၂) နာရီတိတိတွင် အွန်လိုင်းမှ လျှောက်ထားနိုင်သည်။

 သင်တန်း လျှောက်ထားသူများ လိုက်နာရန် -

- သင်တန်းသားများသည် အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည်။

- အောက်တိုဘာ (၆) ရက်နေ့၊ နေ့လည် (၁၂) နာရီတိတိတွင် Online Registration ပြုလုပ်ရပါမည်။

- လူဦးရေ (၄၀၀) ပြည့်သည်နှင့် Registration Form အား စာရင်းပိတ်ပါမည်။

- Online Registration အောင်မြင်သူများကို အောက်တိုဘာ (၈) ရက်နေ့ ည (၈) နာရီတွင် YUFL Facebook Page တွင် ကြေညာပေးမည်ဖြစ်သည်။

- Registration အောင်မြင်သူများသည် YUFL KBZ Quick Pay ဖြင့် စာမေးပွဲကြေး (၃,၀၀၀) ကျပ်ကို အောက်တိုဘာ (၁၀) ရက်နေ့မတိုင်မီ ပေးသွင်းရပါမည်။

- အောက်တိုဘာ (၁၄) ရက်နေ့ နံနက် (၁၀) နာရီတွင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရပါမည်။ (စာမေးပွဲဖြေဆိုရမည့် Link ကို Online Registration အောင်မြင်ပြီး စာမေးပွဲကြေး ပေးသွင်းပြီးသည့်သူများကိုသာ အီးမေးလ်မှတဆင့် တိုက်ရိုက်ပေးပို့ပါမည်။)

- အမှတ်အများဆုံး ရရှိသူ (၂၀၀) ဦးကိုသာ သင်တန်းတက်ရောက်ခွင့် ရရှိပါမည်။

- ဝင်ခွင့်စာမေးပွဲအောင်စာရင်းကို အောက်တိုဘာ (၁၅) ရက်နေ့ ကြေညာပေးပါမည်။ 

- သင်တန်းတက်ရောက်ခွင့် မရရှိသူများအား စာမေးပွဲကြေး (၃,၀၀၀) ကျပ်အား ပြန်လည် ထုတ်ပေးမည် မဟုတ်ပါ။

- သင်တန်းတက်ရောက်ခွင့် ရရှိသူများသာ အောက်တိုဘာ (၁၅) ရက်နေ့မှ စ၍ နှစ်ပတ်အတွင်း သင်တန်းကြေးကို YUFL KBZ Quick Pay သို့ ပေးသွင်းရပါမည်။ (QuickPay ဖြင့် ငွေပေးသွင်းပြီး မှတ်ချက်နေရာတွင် Basic I (Online) ဟု ရေးသွင်းရပါမည်။)
 
သင်တန်းအကြောင်းအရာ အသေးစိတ်

သင်တန်းကာလ - ၁၆-၁၀-၂၀၂၆ မှ ၂၇-၁၂-၂၀၂၆ အထိ (၃) လ (Level တစ်ခုကို (၃) လ ၊ Level (၆) ခုရှိသည့်အတွက် စုစုပေါင်း (၁၈) လ)

သင်တန်းကြေး - Level တစ်ခုလျှင် (၁) သိန်းကျပ် (Level တစ်ခုချင်း ခွဲသွင်းရန်)

သင်တန်းပို့ချမည့်နေ့ရက်နှင့် အချိန် - သောကြာနေ့ ညနေ (၆) ခွဲမှ ည (၈) ခွဲအထိ၊ စနေ၊ တနင်္ဂနွေ ညနေ (၆) နာရီမှ (၈) နာရီအထိ

တင်ပြရမည့်စာရွက်စာတမ်းများ

တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် မူရင်းနှင့် မိတ္တူ (သို့) ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ

နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့် မိတ္တူ

ပတ်စ်ပို့ ဓာတ်ပုံ (၃) ပုံ

Online သင်တန်း လျှောက်ထားသူများသည် တင်ပြရမည့် စာရွက်စာတမ်း မိတ္တူများနှင့် သင်တန်းကြေး ငွေသွင်းပြေစာ မိတ္တူတို့ကို အမြန်ချောဖြင့် သင်တန်းရေရာဌာနသို့ သင်တန်းမစမီ ပေးပို့ရပါမည်။

သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို သိလိုပါက ဖုန်းနံပါတ် ၀၁-၇၅၁၃၁၉၀ သို့ ဖြစ်စေ၊ YUFL Facebook Page တွင် ဖြစ်စေ၊ လူကိုယ်တိုင်သွားရောက်၍ဖြစ်စေ စုံစမ်း မေးမြန်းနိုင်ပါသည်။

YUFL မှ အွန်လိုင်းဖွင့်လှစ်မည့် တရုတ်၊ ပြင်သစ်၊ စပိန်၊ ရုရှား ဘာသာစကားခြေခံသင်တန်း (၄) မျိုး 

> https://www.edge.com.mm/article/yufl-6a2fcf2f39de3.html

====================================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

> https://t.me/eudcationguide (Telegram)

> https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

> https://shorturl.at/ktCaP

Latest Post Local News University / College Vocational Read 3937 times