Sales Hotline : 09448001653       Download App



ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ အမှတ် ၄၀၀နှင့်အထက် လျှောက်ထားနိုင်မည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ အမှတ် ၄၀၀နှင့်အထက် လျှောက်ထားနိုင်မည်

ပထမနှစ်သင်တန်းအတွက် စုစုပေါင်းရမှတ် ၄၀၀နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပြီး လူဦးရေ ၈၀၀ကျော် လက်ခံသင်ကြားပေးမည်။

အင်္ဂလိပ်ဘာသာစကား အတွက်မှာ အင်္ဂလိပ်ဘာသာအတွက် ဦးရေ ၁၅၀ ခေါ်ယူမည်ဖြစ်ပြီး စုစုပေါင်း ရမှတ် ၄၀၀ အနည်းဆုံး ရရှိရမည့်အပြင် အင်္ဂလိပ်စာတွင် ရမှတ် ၆၅ မှတ်အထက် ဖြစ်ရမည်။ အကယ်၍ အင်္ဂလိပ်ဘာသာကို လျှောက်ထားသူ ဦးရေ များပြားလျှင် စုစုပေါင်းရမှတ် ၄၀၀ ထက် ပိုများသွားမည်။
ယခင်နှစ်ကကဲ့သို့ လူတွေ့စစ်ဆေးမှု ပြုလုပ်ကာ လက်ခံပေးခြင်း ပြုမည် မဟုတ်ဘဲ စုစုပေါင်း ရမှတ်များဖြင့်သာ များရာမှ နည်းရာသို့ တန်းစီပြီး ကန့်သတ်ဦးရေကို ရွေးချယ်မည်။


အင်္ဂလိပ်ဘာသာသည် လျှောက်ထားမှု အများဆုံး ဖြစ်လေ့ရှိပြီး လက်ခံသင်ကြားသည့်ဦးရေမှာလည်း အခြားဘာသာများထက် ပိုများပြီး ဦးရေ အများဆုံး လက်ခံပေးသည့် ဘာသာစကား ဖြစ်သည်။
တရုတ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာတို့ အတွက် ဦးရေ ၁၀၀ စီ လက်ခံသင်ကြားပေးမည်။ ထိုင်းဘာသာအတွက် ဦးရေ ၅၀ လက်ခံသင်ကြားပေးသွားမည်။

ယခင်နှစ်အခြေအနေမှာ ၀င်ခွင့်လျှောက်ထားသူ ၄၃၀၀ခန့်ရှိခဲ့ပြီး ကျောင်းသူကျောင်းသား ၁၁၄၄ ဦး ဝင်ခွင့်ရရှိသည်။ ယခင်နှစ်က အင်္ဂလိပ်ဘာသာ တက်ရောက်ရန် လျှောက်ထားမှုတွင် ၀င်ခွင့် အမြင့်ဆုံးရမှတ်မှာ ၅၃၉ မှတ် ဖြစ်ခဲ့ပြီး ရုရှားဘာသာသည် ၀င်ခွင့် အနိမ့်ဆုံးရမှတ် ၄၂၂ မှတ် ဖြစ်ခဲ့သည်။

၂၀၁၉- ၂၀၂၀ ပညာသင်နှစ်အတွက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာဖြင့်သာ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါအတိုင်း လျှောက်ထားရမည်ဖြစ်ပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ လိပ်မူကာ လျှောက်ထားရမည်ဖြစ်သည်။

Source The Standard Times

 

ဖတ်ရှုရန် နှိပ်ပါ

၂၀၁၉ ခုနှစ် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်ဝင်ခွင့်ခေါ်ယူခြင်း

 

Tips Read 3681 times