၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပထမတန်းမှ ဒွါဒသမတန်းအထိ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို အခြေခံပညာဦးစီးဌာနမှ ပြဌာန်းထားသည့် သတ်မှတ်ရက်များအတိုင်း ကျင်းပဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
မူလတန်းအဆင့်ပြီးမြောက်စစ်ဆေးခြင်း (Grade 5) စာမေးပွဲနှင့် အလယ်တန်းအဆင့်ပြီးမြောက်စစ်ဆေးခြင်း (Grade 9) စာမေးပွဲတို့ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ စ၍ ဘာသာရပ်အလိုက် ပိတ်ရက်မရှိ ဖြေဆိုရပါမည်။
အထက်တန်းအဆင့်ပြီးမြောက်ကြောင်းစစ်ဆေးခြင်း (Grade 12) စာမေးပွဲနှင့်အတူ ကျန်ရှိသော အတန်းများအတွက် ကျောင်းတွင်းစစ် စာမေးပွဲများကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၄) ရက်နေ့မှ (၁၁) ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရမည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူးရေးအထက်တန်းကျောင်းများ၏ နှစ်ဆုံးစာမေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၁) ရက်နေ့အတွင်း (တနင်္ဂနွေနေ့မပါ) ကျင်းပရမည်ဟု ထုတ်ပြန်ထားသည်။
စာမေးပွဲဖြေဆိုချိန်များမှာ Grade (4) သည် တစ်နေ့ (၂) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် (၁) ချိန်၊ Grade (6,7,8) သည် တစ်နေ့ (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၁) နာရီ၊ Grade (10,11) သည် တစ်နေ့ (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂) နာရီ၊ Grade (12) သည် တစ်နေ့ (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၃) နာရီတို့ ဖြစ်သည်။
Grade (5) နှင့် (9) စာမေးပွဲကာလအတွင်း ကျန်းမာရေးချို့ယွင်းမှုကြောင့် ဘာသာရပ်တစ်ခုခု ဖြေဆိုပြီး ဆက်လက် မဖြေဆိုနိုင်သူများအတွက် ဆေးစာတင်ပြနိုင်ပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများသည် စာမေးပွဲဖြေဆိုနိုင်ရေး မပျက်မကွက် စီစဉ်ဆောင်ရွက်ပေးရပါမည်။
အခြေခံပညာ Grade (10,11) ကျောင်းတွင်းစစ် စာမေးပွဲကို ပြင်ပမှ ဝင်ရောက်ဖြေဆိုလိုသူများအတွက် ၂၀၂၆ ခုနှစ် မေလ (၄) ရက်နေ့မှ (၁၁) ရက်နေ့အထိ (တနင်္ဂနွေမပါ) တစ်နေ့ (၁) ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် (၂) နာရီ ဖြေဆိုရမည်ဖြစ်သည်။
ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲ အောင်စာရင်များကို ၂၀၂၆ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး Grade (10,11) ပြင်ပေဖြေများအတွက် အောင်စာရင်းများကို ၂၀၂၆ ခုနှစ် မေလ (၂၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။
===================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။