တက္ကသိုလ် အွန်လိုင်းသင်လျှင် ကျောင်းသားများ အမေရိကန်မှ  ထွက်ခွာရန် ကြေညာ


ပြည်ပနိုင်ငံမှ ပညာလာရောက် ဆည်းပူးနေသော နိုင်ငံတကာကျောင်းသားများအတွက် အမေရိကန်ပြည်ထောင်စု၌ ၎င်းတို့ တက်ရောက်နေသော တက္ကသိုလ်သည် အွန်လိုင်းသင် ပညာရေးကို ပြောင်းလဲသုံးစွဲပါက အမေရိကန်ပြည်ထောင်စုမှ ထွက်ခွာကြရမည်။ မထွက်ခွာလျှင် ပြည်နှင်ဒဏ် ဆောင်ရွက်မည်ဟု Immigration and Customs Enforcement (ICE) က ထုတ်ပြန်ဇူလိုင်လ ၆ ရက် တနင်္လာနေ့က ကြေညာသည်။

 

ဤဆောင်ရွက်ချက်သည် အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များသို့ တက်ရောက်ရန်သို့မဟုတ် တက်ရောက်နေသည့် ထောင်ပေါင်းများစွာသော နိုင်ငံခြားကျောင်းသားများအပေါ်သက်ရောက်မှု ရှိနိုင်သည်။


Coronavirus ကူးစက်ပျံ့နှံ့မှုကြောင့်  တက္ကသိုလ်များ သည် အွန်လိုင်းသင်တန်းများ သို့ပြောင်းလဲရန် ဆုံးဖြတ်ချက်ကို စတင်အကောင်အထည်ဖော်နေကြသည် ။ ဥပမာ ဟားဗတ်တက္ကသိုလ်တွင်ကျောင်းသင်ကြားမှုအားလုံးသည် ကျောင်းဝင်း၌ နေထိုင်သောကျောင်းသားများ အပါအဝင်၊ နိုင်ငံတကာကျောင်းသားများအတွက် အမေရိကန်မှထွက်ခွာသွားရန် ဖြစ်လာလိမ့်မည်။

 

တနင်္လာနေ့သတင်းထုတ်ပြန်ချက်အရ ICE က အွန်လိုင်းသင်တန်းဖြင့် ပို့ချသည့်အခါ ကျောင်းသားများ ကို အမေရိကန်တွင်ဆက်လက်နေထိုင်ခွင့်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ထိုအွန်လိုင်ူသင်တန်း အစီအစဉ်တွင် တက်ရောက်မည့် ကျောင်းသားများကို အမေရိကန်ပြည်ထောင်စုသို့ ၀ င်ခွင့်ပြုလိမ့်မည်မဟုတ်ပါ။ 


အွန်လိုင်းနှင့် လူကိုယ်တိုင် တက်ရောက်ရသောအတန်းများ ရောနှောထားသော သင်ကြားမှုပုံစံကို အသုံးပြုသောတက္ကသိုလ်များအတွက်မှာမူ  ချွင်းချက်ရှိပါသည်။

 

Migration Policy Institute အဆိုအရ ၂၀၁၈ ခုနှစ် မတ်လကုန်၌ အမေရိကန်တွင် ဗီဇာဖြင့် ပညာဆည်းပူးနေသော ကျောင်းသား ၁ .၂ သန်း ဝန်းကျင် ရှိနေပြီး နိုင်ငံတစ်လွှားရှိ တက္ကသိုလ်ကောလိပ်နှင့် ကျောင်းပေါင်း ၇၈၀၀ ကျော်တွင် ပညာသင်ယူလျက် ရှိသည်။
 

Latest Post News Tips News Tips Read 3548 times