၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) မှ ပထမနှစ် ကျောင်းသားများ စတင် ခေါ်ယူနေပြီဖြစ်ပြီး ဩဂုတ်လ (၂၈) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အထိ ဝင်ခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။
ဖွင့်လှစ်မည့် သင်တန်းများနှင့် ပေးအပ်မည့် ဘွဲ့များမှာ အောက်ပါအတိုင်း ဖြစ်ပြီး ဘွဲ့အားလုံးအတွက် ပညာသင်နှစ်ကာလမှာ အချိန်ပြည့် (၄) နှစ် ဖြစ်သည်။
- စီးပွာရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)
B.BSc (Regional Development)
- စီးပွာရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ)
B.BSc (Accounting and Finance)
- စီးပွာရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ)
B.BSc ( Applied Statistics )
- စီးပွာရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ)
B.BSc ( Marketing Management )
- စီးပွာရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ)
B.BSc (Social Enterprise Management)
အဆိုပါသင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူများ ဖြစ်ရမည်။
Related Article : စစ်ကိုင်းသမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်မှ ပထမနှစ်ဝင်ခွင့်လျှောက်လွှာ
> https://www.edge.com.mm/article/university-of-co-operative-and-management-sagaing.html
ဝင်ခွင့်လျှောက်လွှာပုံစံ ရယူခြင်း
ဝင်ခွင့်လျှောက်လွှာပုံစံကို ဩဂုတ်လ (၂၈) ရက်၊ ကြသပတေးနေ့မှ စတင်၍ -
လျှောက်လွှာနှင့်အတူ ပူးတွဲ တင်ပြရမည့် စာရွက်စာတမ်းများ
ဝင်ခွင့်လျှောက်ထားခြင်း
ပထမနှစ်သင်တန်းဝင်ခွင့် လျှောက်ထားခြင်းကို ဩဂုတ်လ (၂၈) ရက်နေ့မှ အောက်တိုဘာလ (၁၀) ရက်နေ့အထိ လျှောက်လွှာနှင့်တကွ စာရွက်စာတမ်း အပြည့်အစုံကို
- သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) သို့ စာတိုက်မှဖြစ်စေ၊
- သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) သို့ လူကိုယ်တိုင်ဖြစ်စေ၊
- သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတစ်ဆင့်ဖြစ်စေ လျှောက်ထားနိုင်သည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) သို့ လျှောက်ထားသူများအနက် လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင် စာမေးပွဲရမှတ်အပေါ် မူတည်၍ ရမှတ်အများအနည်းအလိုက် စိစစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်ခွင့် ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဒ် http://www.mcrd.gov.mm နှင့် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ဝက်ဘ်ဆိုက်ဒ် http://www.ucmt.edu.mm တို့တွင်လည်း ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်
၀၉၇၉၅၃၀၀၁၅၁
-------------------------------------------
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။