သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) မှ ပထမနှစ်ကျောင်းသားများ ခေါ်ယူ

၂ဝ၂၆-၂၀၂၇ ပညာသင်နှစ်အတွက် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် စီးပွားရေးသိပ္ပံဘွဲ့သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ(၄)နှစ် ဖြစ်ပါသည်။

ဖွင့်လှစ်မည့် ဘွဲ့သင်တန်းများနှင့် ပေးအပ်မည့်ဘွဲ့များ

- စီးပွာရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)
B.BSc (Regional Development)

- စီးပွာရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ)
B.BSc (Accounting and Finance)

- စီးပွာရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ)
B.BSc (Applied Statistics)

- စီးပွာရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ) 
B.BSc (Marketing Management)

- စီးပွာရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ) 
B.BSc (Social Enterprise Management)

အဆိုပါဘွဲ့သင်တန်းများသို့ လျှောက်ထားသူများသည် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ (မည်သည့်ဘာသာတွဲဖြင့်မဆို) ဖြစ်ရမည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများ/အနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။

လျှောက်လွှာပုံစံထုတ်ယူခြင်း

လျှောက်လွှာပုံစံကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website : https://www.mcrd.gov.mm/ (သို့)  သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) Website : https://www.ucms.edu.mm/ တွင်လည်း ရယူနိုင်ပါသည်။ 

လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်- 

(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ(သို့မဟုတ်) အောင်မြင်ကြောင်း ထောက်ခံစာမူရင်း

(ခ) အမှတ်စာရင်းမူရင်း

(ဂ) ပတ်စပို့ဆိုဒ်ဓါတ်ပုံ(၄)ပုံ

(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

ဝင်ခွင့်လျှောက်ထားခြင်း

ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတဆင့် ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှဖြစ်စေ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားရမည်။

လျှောက်လွှာနှင့်ဝင်ခွင့်လမ်းညွှန်များကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် ဩဂုတ်လ (၂၈) ရက်နေ့ (သောကြာနေ့) မှ အောက်တိုဘာ (၂၃) ရက်နေ့ (သောကြာနေ့)ထိ ရုံးချိန်အတွင်း ထုတ်ယူ လျှောက်ထားနိုင်ပါသည်။

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ်မူတည်၍ ရမှတ် အများအနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။

တက္ကသိုလ်ဝင်ခွင့်ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website : https://mcrd.gov.mm ၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) Website : www.ucms.edu.mm နှင့် Facebook Page: University of Co-operative and Management (Sagaing) တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အသေးစိတ်သိလိုသော အချက်အလက်များကို အထက်ဖော်ပြပါ Website နှင့် Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း-၀၉-၄၃၀၄၅၁၇၃၊ ၀၉-၄၀၀၄၅၁၇၉၅ တို့ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Latest Post Local News Read 1426 times