၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို ဖြေဆိုအောင်မြင်ပြီးသူများသည် သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) မှ ဖွင့်လှစ်မည့်(၄) နှစ်တာ ဘွဲ့သင်တန်းများကို လျှောက်ထားနိုင်ပါပြီ။
ဖွင့်လှစ်မည့် ဘွဲ့သင်တန်းများနှင့် ပေးအပ်မည့်ဘွဲ့များ
- စီးပွာရေးသိပ္ပံဘွဲ့ (ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာ)
B.BSc (Regional Development)
- စီးပွာရေးသိပ္ပံဘွဲ့ (စာရင်းကိုင်နှင့် ဘဏ္ဍာရေးပညာ)
B.BSc (Accounting and Finance)
- စီးပွာရေးသိပ္ပံဘွဲ့ (အသုံးချစာရင်းအင်းပညာ)
B.BSc ( Applied Statistics )
- စီးပွာရေးသိပ္ပံဘွဲ့ (ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ)
B.BSc ( Marketing Management )
- စီးပွာရေးသိပ္ပံဘွဲ့ (လူမှုစီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ)
B.BSc (Social Enterprise Management)
Related Article : စီးပွားရေးသိပ္ပံဘွဲ့ရမည့် သန်လျင်သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် ဝင်ခွင့်
>> https://www.edge.com.mm/article/university-of-co-operative-and-management.html
လျှောက်လွှာပုံစံထုတ်ယူခြင်း
လျှောက်လွှာပုံစံကို သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲတွင် (သို့) သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း) Website : www.ucms.edu.mm တွင်လည်း ရယူနိုင်ပါသည်။
လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲတင်ပြရမည်-
(က) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်မိတ္တူ (သို့) အောင်မြင်ကြောင်း ထောက်ခံစာမူရင်း
(ခ) အမှတ်စာရင်းမူရင်း
(ဂ) ပတ်စ်ပို့ဆိုဒ်ဓာတ်ပုံ (၄) ပုံ
(ဃ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
ဝင်ခွင့်လျှောက်ထားခြင်း
ပထမနှစ်ဝင်ခွင့်လျှောက်လွှာများကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနများ၏ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးများမှတဆင့် ပေးပို့၍ဖြစ်စေ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)၊ သင်တန်းရေးရာဌာန၊ ကျောင်းသားရေးရာဌာနခွဲသို့ လူကိုယ်တိုင်ဖြစ်စေ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားရမည်။
လျှောက်လွှာလက်ခံမည့်ရက်မှာ ဩဂုတ်လ (၂၈) ရက် (ကြာသပတေးနေ့) မှ အောက်တိုဘာလ (၂၄) ရက် (သောကြာနေ့) အထိဖြစ်သည်။
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) သို့ လျှောက်ထားလာသူများအနက် တက္ကသိုလ်မှ လက်ခံနိုင်မည့် လူဦးရေသတ်မှတ်ချက်အရ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်အပေါ်မူတည်၍ ရမှတ် အများအနည်းအလိုက် ရွေးချယ်သွားမည်ဖြစ်ပါသည်။
တက္ကသိုလ်ဝင်ခွင့်ရရှိသူများကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) တွင် ကြေညာသွားမည်ဖြစ်ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန Website https://mcrd.gov.mm ၊သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း) Website www.ucms.edu.mm နှင့် Facebook Page: University of Co-operative and Management (Sagaing) တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အသေးစိတ်သိလိုသော အချက်အလက်များကို အထက်ဖော်ပြပါ Website နှင့် Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း-၀၉-၄၃၀၄၅၁၇၃၊ ၀၉-၄၀၀၄၅၁၇၉၅ တို့ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။