NUAC (ရန်ကုန်) မှ ပထမနှစ်သင်တန်းဝင်ခွင့် ခေါ်ယူ

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာ ပထမနှစ်သင်တန်းသားများကို ခေါ်ယူလျက်ရှိသည်။

ရန်ကုန်တွင် ဖွင့်လှစ်မည့် ဘွဲ့သင်တန်းများ

  • ဂီတပညာအထူးပြု ဝိဇ္ဇာဘွဲ့ (ဂီတ) - ၄ နှစ်
  • သဘင်ပညာအထူးပြု ဝိဇ္ဇာဘွဲ့(သဘင်) - ၄ နှစ်
  • ပန်းချီပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်းချီ) - ၄ နှစ်
  • ပန်းပုပညာအထူးပြု ဝိဇ္ဇာဘွဲ့(ပန်းပု) - ၄ နှစ်
  • ရုပ်ရှင်နှင့်ပြဇာတ်ပညာအထူးပြု ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်) - ၄ နှစ်
  • ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာအထူးပြု ဝိဇ္ဇာဘွဲ့(ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှု) - ၄ နှစ်

အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။

  • တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။
  • သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျန်းမာသန်စွမ်းသူဖြစ်ရမည်။
  • အနုပညာဝါသနာပါသူဖြစ်ရမည်။
  • တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူသည်နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)/ (ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရမည်။ 

လျှောက်ထားရမည့်ပုံစံ

လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဝယ်ယူ၍ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာပုံစံနှင့်အတူ -

  • တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်၊ 
  • အမှတ်စာရင်းမူရင်း၊ 
  • မှတ်ပုံတင်မိတ္တူ
  • ရဲစခန်းထောက်ခံစာ
  • ရပ်ကွက်ထောက်ခံစာ
  • ကျန်းမာကြောင်းထောက်ခံစာ
  • ပတ်စပို့အရွယ် ဓာတ်ပုံ (၇) ပုံတို့ကို ပူးတွဲတင်ပြရမည်။ 

ဝင်ခွင့်စစ်ဆေးမည့်ရက်

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ နံနက် (၉) နာရီ၊ စွယ်တော်ဆောင်တွင် လူတွေ့ စစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာလ (၁၇) ရက်နေ့တွင် စွယ်တော်ဆောင်ရှိ ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပါသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ မော်ကွန်းထိန်းဖုန်း ၀၉ - ၇၈၈၁၈၉၁၈၀ သို့ဖြစ်စေ၊ လက်ထောက်မော်ကွန်းထိန်း ၀၉-၂၅၀၀၈၈၂၆၈၊ ၀၉-၄၄၈၀၄၁၁၅၈ တို့ကိုဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်သည်။ 

==================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

Latest Post Local News University / College Read 7499 times