၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့တွင် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ်၊ ယဉ်ကျေးမှုအမွေအနှစ်စီမံခန့်ခွဲမှုပညာ ပထမနှစ်သင်တန်းသားများကို ခေါ်ယူလျက်ရှိသည်။
ရန်ကုန်တွင် ဖွင့်လှစ်မည့် ဘွဲ့သင်တန်းများ
မန္တလေးတွင် ဖွင့်လှစ်မည့် ဘွဲ့သင်တန်းများ
အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်သည်။
လျှောက်ထားရမည့်ပုံစံများ
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် စာစစ်ဌာနများမှ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) တွင် တက်ရောက်ကြရမည်ဖြစ်သည်။
လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး)၊ ရွှေစာရံဘုရားလမ်း၊ အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ဝယ်ယူနိုင်ပြီး နိုဝင်ဘာလ (၇) ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်သည်။
ကျန်တိုင်းဒေသကြီးများအတွက် လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ၁/ဈ၊ အောင်ဇေယျလမ်း၊ ၂၆ ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဝယ်ယူ၍ နိုဝင်ဘာလ (၁၀) ရက်နေ့အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာပုံစံနှင့်အတူ -
ဝင်ခွင့်စစ်ဆေးမည့်ရက်
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့ နံနက် (၉) နာရီတွင် လူတွေ့ စစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာလ (၁၃) ရက်နေ့တွင် သင်တန်းရေးရာဌာန ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပါသည်။
အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့ နံနက် (၉) နာရီတွင် စွယ်တော်ဆောင်တွင် လူတွေ့ စစ်ဆေးမည်ဖြစ်ပြီး ဝင်ခွင့်ရစာရင်းကို နိုဝင်ဘာလ (၁၇) ရက်နေ့တွင် စွယ်တော်ဆောင်ရှိ ကြော်ငြာသင်ပုန်းတွင် ကြေညာ၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပါသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းများကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဌာနမှူး(သင်တန်းရေးရာ) ဖုန်း ၀၉ - ၄၂၁၀၁၂၈၀၈ နှင့် မော်ကွန်းထိန်းဖုန်း ၀၉ - ၇၈၈၁၈၉၁၈၀ သို့ဖြစ်စေ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ ဌာနမှူး(သင်တန်းရေးရာ) ဖုန်း ၀၉-၂၅၆၃၈၀၅၃၃ နှင့် မော်ကွန်းထိန်းဖုန်း ၀၉ - ၄၀၀၄၀၄၁၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။
==================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။