Sales Hotline : 09448001653       Download App



မြို့နယ် (၇၀)တွင်ပြုလုပ်မည့် သင်ပြမှုအရည်အသွေးတိုးတက်ရေးစီမံကိန်း

မြို့နယ် (၇၀)တွင်ပြုလုပ်မည့် သင်ပြမှုအရည်အသွေးတိုးတက်ရေးစီမံကိန်း

အခြေခံပညာဆရာ/ဆရာမများ၏ သင်ပြမှုအရည်အသွေး တိုးတက်ရေးနှင့် ကျောင်းအုပ်စုဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကို မြို့နယ် (၇၀) တွင် တိုးချဲ့ပြုလုပ်မည်ဖြစ်ပါတယ်။

 

ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်ဦးဆောင်သော မိတ်ဖက်အဖွဲ့ အစည်းတို့ပူးပေါင်း၍အဆိုပါ Teacher Mentoring and School Cluster Support စီမံကိန်းကို ၂၀၁၆-၁၇ တွင်မြို့နယ် (၄၀)၊ ၂၀၁၇-၁၈ တွင် မြို့နယ် (၄၀) တွင်ဆောင်ရွက်ပြီး ၂၀၂၀-၂၁ ပညာသင်နှစ်တွင် မြို့နယ် (၁၅၀) တွင်ပြုလုပ်မည်ဖြစ်ပါသည်။

 

**ဒီနှစ်မှာထပ်တိုးမြို့နယ် (၇၀) ရှိတယ်လို့ပြောပါတယ်။ ကျောင်းတွေမှာ Teacher Mentor အဖြစ်သွားသင်မယ့်ဆရာ/ဆရာမတွေကို စက်တင်ဘာမှာ အရင်သင်တန်းပေးပြီးမှ ကျောင်းတွေကို သွားရမှာ** ဟု အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ယခုပညာသင်နှစ်တွင် တိုင်းနှင့်ပြည်နယ်အားလုံးရှိ မြို့နယ်(၇၀) တွင်စီမံကိန်းတိုးချဲ့မည် ဖြစ်ရာ စီမံကိန်းအတွက် ပညာရေးဘွဲ့၊ ဆရာအတတ်ပညာ သင်တန်းဆင်းလက်မှတ်၊ ဆရာအတတ်သင်ဒီပလိုမာရရှိထားသော မူလတန်းပြအဖြစ် တာဝန်ထမ်းဆောင်ဖူးသော အလယ်တန်းပြများကို လက်ထောက်မြို့နယ်ပညာရေးမှူး (Mentor တာဝန်) အဖြစ်ခန့်အပ်ထားပါတယ်။

 

Astrologer (15) နက္ခ ဗေဒင်သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

 

Teacher Mentoring and School Cluster Support အစီအစဉ်အရ ၄င်းတို့သည် တစ်လလျှင်ရက် (၂၀) ခန့် အခြေခံပညာကျောင်းများသို့ သင်ကြားရေးသင်တန်းသွားရောက်ပို့ချမည်ဖြစ်ပါသည်။

 

လုပ်သက်နည်းပြီး အတွေ့အကြုံနုနယ်သော ဆရာ/ဆရာမများကို ဦးစားပေးရွေးချယ်ကာ ၄င်းတို့၏ သင်ကြားမှုအရည်အသွေး တိုးတက်စေရေး Mentor များက ကျောင်းများသို့ သွားရောက်ပို့ချမည်ဖြစ်ပါတယ်။

 

Aviation (9) လေယာဉ်မောင်းအတတ်သင်တန်းနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

 

၎င်းအပြင် သင်ပြနည်းစနစ်များ ဖလှယ်ခြင်း၊ သင်ထောက်ကူပစ္စည်းပြိုင်ပွဲများကျင်းပခြင်း၊ ဘာသာရပ်အလိုက် ဆွေးနွေးပွဲကျင်းပခြင်း၊ လက်တွေ့သရုပ်ပြသင်ကြားခြင်းလည်းပါဝင်မည်ဖြစ်ပါတယ်။

 

Read More:>>> လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေတဲ့ လူငယ်တွေ ဘယ်လိုနေရာတွေကနေ ပညာသင်ယူနိုင်မလဲ

 

Teacher Mentoring and School Cluster Support စီမံကိန်းတွင် ဆရာလက်မှတ်မရှိသေးသော မူလတန်းပြဆရာ/ဆရာများကို သင်ကြားရေး အရည်အသွေးတိုးတက်စေရန် သင်တန်းပို့ချမည့်အပြင် သင်ကြားရေးအရည်အသွေး C,D,E အဆင့်ရှိသော ကျောင်းများကိုလည်းပို့ချပါသည်။

 

Source:7Day News

 

Education Read 17215 times