Sales Hotline : 09448001653       Download App



ဗြိတိသျှကောင်စီ၏ ဒီဂျစ်တယ်စာကြည့်တိုက်ဖွင့်လှစ်

ဗြိတိသျှကောင်စီ၏ ဒီဂျစ်တယ်စာကြည့်တိုက်ဖွင့်လှစ်


 








 


 

Source: Internet

 

**Unicode**

 

ဗြိတိသျှကောင်းစီမှ မြန်မာနိုင်ငံအတွင်း အချိန်နေရာမရွေးသုံးနိုင်မည့် ဒီဂျစ်တယ်စာကြည့်တိုက် (British Council Digital) စတင်မိတ်ဆက်သည့် ပွဲကို ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။


ဒီဂျစ်တယ်စာကြည့်တိုက်က ကျောင်းသား/သူစာတမ်းရေးသားပြုစုနေသူများ၊ အင်္ဂလိပ်စာတိုးတက်လိုသူများ၊ သုတေသနပြုလုပ်နေသူများ၊ စာကြည့်တိုက်များမရှိသော နယ်ဝေးဒေသများမှာ နေသူများနှင့် စာဖတ်ဝါသနာပါသူ မည်သူမဆို အသုံးတည့်မည်ဖြစ်ပါတယ်။

Graphic Design (239) Graphic Design နှင့်ပတ်သက်ပြီး သင်တန်း (239) ခုရှာရန်နှိပ်ပါ။

ဒါ့အပြင်ရသစာပေများ၊ မှတ်တမ်းရုပ်ရှင်နှင့် တီဗီအစီအစဉ်ကြည့်ရှုလိုသူများနှင့် သွားလာလှုပ်ရှားရင်း Audiobook (ခေါ်) အသံထွက်ဖတ်ပြသည့်စာအုပ်များကိုနားဆင်လိုသူတွေလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။

Graphic Design (239) Graphic Design နှင့်ပတ်သက်ပြီး သင်တန်း (239) ခုရှာရန်နှိပ်ပါ။

ဒီဂျစ်တယ်စာကြည့်တိုက်အသင်းဝင်ကြေးမှာ တစ်နှစ်လျှင် (၃ သောင်း) ကျပ်ဖြစ်ပါတယ်။

Database Management (26) Database Management နှင့်ပတ်သက်ပြီး သင်တန်း (26) ခုရှာရန်နှိပ်ပါ။

ဗြိတိသျှကောင်စီရဲ့ ဒီဂျစ်တယ်စာကြည့်တိုက်မှာ မဂ္ဂဇင်းနှင့် သတင်းစာပေါင်း (၇၀၀၀) ကျော်၊ သုတ၊ ရသ eBook နှင့် audiobook ပေါင်း (၃၀၀၀)ကျော်၊ ဘာသာရပ်ဆိုင်ရာ eBook ပေါင်း တစ်သိန်းကျော်၊ မှတ်တမ်းရုပ်ရှင်နှင့် တီဗွီအစီအစဉ်ပေါင်း (၇၀၀၀) ကျော်၊ ရုပ်ပြကာတွန်းများနှင့် Solfware အသုံးပြုနည်း ဗွီဒီယိုရာပေါင်းများစွာတို့အပြင် ဗြိတိသျှကောင်စီ၏ IELTS စာမေးပွဲအတွက် ပြင်ဆင်လေ့လာခြင်းနှင့် ပတ်သက်တဲ့အွန်လိုင်းလေ့ကျင့်ရေး သင်တန်းတစ်ခုပါ ပါဝင်ပြီး အင်တာနက်အသုံးပြုနိုင်တဲ့ မြန်မာနိုင်ငံအတွင်းရှိ မြို့တိုင်း၊ နယ်တိုင်းမှာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


တက္ကသိုလ်ကျောင်းသား/သူ ဦးရေ (၁၀၀) ကိုအခမဲ့အသင်းဝင်ခွင့်ပေးမည့် British Council Digital Library Membership Awards အစီအစဉ်လည်းရှိတယ်ဟု သိရပါတယ်။


Source: Internet

 

Education Read 1334 times