နှစ်ပေါင်းသုံးဆယ် ခွင့်ပျက်ရက်မရှိခဲ့သည့် ဆရာမ (၅) ဦးကို ကျပ် (၅) သိန်းစီဆုပေးအပ်

နှစ်ပေါင်းသုံးဆယ် ခွင့်ပျက်ရက်မရှိခဲ့သည့် ဆရာမ (၅) ဦးကို ကျပ် (၅) သိန်းစီဆုပေးအပ်

မြန်မာနိုင်ငံပညာရေးလောကတွင် (၁၀) နှစ်အထက်ခွင့်ရက်မပျက်ပဲ သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေသည့် ဆရာ/ဆရာမများစွာရှိနေပြီး နှစ်ပေါင်း (၃၀) ကျော် ခွင့်ရက်မပျက်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီးမှ အလယ်တန်းပြဆရာမ () ဦးအား ပညာရေးဝန်ကြီးဌာနမှ မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်

နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမတွင် အောက်တိုဘာ ()ရက်က ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆရာမတစ်ဦးလျှင် ငွေကျပ် (၅ သိန်း) စီနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အထက () ကမာရွတ်မှ ဆရာမဒေါ်စောနန်းမိုမို (ခွင့်ရက်မပျက် (၃၅) နှစ်)၊ အမက (၁၇) မြောက်ဥက္ကလာပမှ ဆရာမဒေါ်ခင်သန်းဌေး (ခွင့်ရက်မပျက် (၃၃) နှစ်)၊ အမက (၁၈) တာမွေမှ ဆရာမဒေါ်ဌေးဌေးကြည် (ခွင့်ရက်မပျက် (၃၃) နှစ်)၊ အထက () အင်းစိန်မှ ဆရာမဒေါ်စန်းစန်းမော် (ခွင့်ရက်မပျက် နှစ်(၃၀))၊ အမက () လသာမှ ဆရာမဒေါ်ဝင်းမာ (ခွင့်ရက်မပျက် နှစ် (၃၀)) တို့ဖြစ်ကြောင်း သိရပါတယ်။

 


 



 


 

**Unicode**

 

မြန်မာနိုင်ငံပညာရေးလောကတွင် (၁၀) နှစ်အထက်ခွင့်ရက်မပျက်ပဲ သင်ကြားရေးတာဝန်များကို ထမ်းဆောင်နေသည့် ဆရာ/ဆရာမများစွာရှိနေပြီး နှစ်ပေါင်း (၃၀) ကျော် ခွင့်ရက်မပျက်ခဲ့သူ ရန်ကုန်တိုင်းဒေသကြီးမှ အလယ်တန်းပြဆရာမ (၅) ဦးအား ပညာရေးဝန်ကြီးဌာနမှ မှတ်တမ်းတင်ဂုဏ်ပြုလွှာနှင့် ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရပါတယ်

နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမတွင် အောက်တိုဘာ (၅)ရက်က ကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆရာမတစ်ဦးလျှင် ငွေကျပ် (၅ သိန်း) စီနှင့် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အထက (၁) ကမာရွတ်မှ ဆရာမဒေါ်စောနန်းမိုမို (ခွင့်ရက်မပျက် (၃၅) နှစ်)၊ အမက (၁၇) မြောက်ဥက္ကလာပမှ ဆရာမဒေါ်ခင်သန်းဌေး (ခွင့်ရက်မပျက် (၃၃) နှစ်)၊ အမက (၁၈) တာမွေမှ ဆရာမဒေါ်ဌေးဌေးကြည် (ခွင့်ရက်မပျက် (၃၃) နှစ်)၊ အထက (၃) အင်းစိန်မှ ဆရာမဒေါ်စန်းစန်းမော် (ခွင့်ရက်မပျက် နှစ်(၃၀))၊ အမက (၁) လသာမှ ဆရာမဒေါ်ဝင်းမာ (ခွင့်ရက်မပျက် နှစ် (၃၀)) တို့ဖြစ်ကြောင်း သိရပါတယ်။


Fitness Centre (352) Fitness Centre များနှင့်ပတ်သက်ပြီး (352) ခုရှာရန်နှိပ်ပါ။


ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်လုပ်ငန်းခွင်မှာမဆို စေတနာထားပြီးတော့ တိုင်းပြည်တာဝန်ကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်လို ကျရာတာဝန်ထမ်းဆောင်နိုင်ပါစေလို့ ဘဝတူ ဆရာ/ဆရာမများကို ဆန္ဒပြုလိုပါတယ် ဟု (၃၅) နှစ်တိုင်ခွင့်ရက်မပျက်ခဲ့သည့် ဆရာမဒေါ်စောနန်းမိုမို ကပြောကြားခဲ့ပါတယ်။

ပညာရေးဝန်ထမ်းများအတွက် ခွင့်ရက်မပျက်ဆုကို (၂၀၁၇ ခုနှစ်) မှသာစတင်ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဆရာမတစ်ဦးလုပ်ဆောင်ရမည့် ကျင့်ဝတ် ငါးသွယ်နှင့် တာဝန်များကို မွန်မြတ်သော စိတ်အရင်းခံဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် ဆုရခြင်းဖြစ်သည်ဟုခံယူကြောင်း ခွင့်ရက်မပျက်ဆုရရှိသူ ဆရာမဒေါ်ခင်သန်းဌေးက ပြောကြားပါတယ်။


Credit: XB MEDIA MYANMAR

 

Education Read 3367 times