Sales Hotline : 09448001653       Download App



လူရည်ချွန် ကျောင်းသားရွေးချယ်မှု ဒီဇင်ဘာတွင် စတင်မည်

လူရည်ချွန် ကျောင်းသားရွေးချယ်မှု ဒီဇင်ဘာတွင် စတင်မည်

၂၀၁၉-၂၀ ပညာသင္ႏွစ္အတြက္ အေျခခံပညာအဆင့္ လူရည္ခၽြန္ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ဒီဇင္ဘာအတြင္း စာေမးပြဲမ်ားက်င္းပ၍ ေရြးခ်ယ္မည္ဟု အေျခခံပညာဦးစီးဌာနက ေၾကညာသည္။

 

အေျခခံပညာေက်ာင္းမ်ားမွ အ႒မတန္း၊ နဝမတန္း၊ ဒသမတန္းေက်ာင္းသား၊ ေက်ာင္းသူမ်ားအနက္ ပညာေရး၊ အားကစား၊ အေထြေထြဗဟုသုတ ျပည့္စံုသူမ်ားကို ပညာေရးဝန္ႀကီးဌာနက ဘက္စံုထူးခၽြန္ (လူရည္ခၽြန္) စီမံကိန္းျဖင့္ပံ့ပိုးရန္ ေရြးခ်ယ္ျခင္းျဖစ္သည္။

"ဘက္စံုထူးခၽြန္ေတြက ၿမိဳ႕နယ္အဆင့္ေတြ ဒီဇင္ဘာ စေရြးမယ္။ ၿပီးရင္ ခ႐ိုင္အဆင့္ ဆက္သြားမယ္" ဟု အေျခခံပညာ ဦးစီးဌာန ညႊန္ၾကားေရးမွဴးတစ္ဦးက ေျပာသည္။

 

ေက်ာင္းအဆင့္ ေရြးခ်ယ္ထားေသာ လူရည္ခၽြန္မ်ားကို ဒီဇင္ဘာ (၁၁) ရက္တြင္ ျမန္မာစာႏွင့္ အဂၤလိပ္စာ ဘာသာရပ္၊ ဒီဇင္ဘာ (၁၂) ရက္တြင္ အေထြေထြဗဟုသုတႏွင့္ လူေတြ႔ႏႈတ္ေျဖ၊ ဒီဇင္ဘာ (၁၃) ရက္တြင္ ကိုယ္ကာယႀကံ႕ခိုင္ေရးႏွင့္ ယံုၾကည္မႈတို႔ကို ၿမိဳ႕နယ္အဆင့္ စစ္ေဆးမည္ျဖစ္သည္။

စာေမးပြဲ စစ္ေဆးရာတြင္ ျမန္မာစာ ရမွတ္ (၁၀၀)၊ အဂၤလိပ္စာ ရမွတ္ (၁၀၀)၊ ျပင္ပ ဗဟုသုတႏွင့္ သခ်ာၤေပါင္း၍ အေထြေထြဗဟုသုတ ရမွတ္ (၁၀၀) ဖိုး ေျဖဆိုရမည္ျဖစ္သည္။

 

လူေတြ႔ႏႈတ္ေျဖတြင္ ဘဝတြက္တာကၽြမ္းက်င္စရာ၊ စာရိတၱ၊ ေလာကနီတိ၊ ျမန္မာ့ယဥ္ေက်းမႈ၊ ထံုးတမ္းဓေလ့တို႔ႏွင့္ ပတ္သက္ၿပီး အကဲျဖတ္ေမးျမန္းမည္ျဖစ္ၿပီး ကိုယ္ကာယႀကံ႕ခိုင္မႈကိုပါ စစ္ေဆးမည္ျဖစ္သည္။ အ႒မတန္း၊ နဝမတန္းႏွင့္ ဒသမတန္းအလိုက္ တစ္ၿမိဳ႕နယ္လွ်င္ ပ်မ္းမ်ွႏွစ္ဦးႏႈန္းျဖင့္ ခ႐ိုင္အဆင့္ ဆက္လက္ေျဖဆိုရန္ ေရြးခ်ယ္မည္ျဖစ္သည္။

 

လူရည္ခၽြန္ စာေမးပြဲေျဖဆုိမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ေအာက္တုိဘာကုန္အထိ သင္ၾကားထားေသာ အတန္းအလို္က္ ဘာသာရပ္ဆုိင္ရာ သင္ခန္းစာမ်ား ေလ့လာထားရန္ ၿမိဳ႕နယ္ပညာေရးမွဴး႐ံုးမ်ားက ညႊန္ၾကားထားသည္။

 

ဘက္စံုထူးခၽြန္ (လူရည္ခၽြန္) အျဖစ္ ေရြးခ်ယ္ခံရေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အစုိးရက လူရည္ခၽြန္ဆုတံဆိပ္၊ ဆုေငြခ်ီးျမွင့္ၿပီး ေႏြရာသီေက်ာင္းပိတ္ရက္တြင္ ႏိုင္ငံေတာ္အဆင့္ေလ့လာေရးခရီးစဥ္မ်ား၊ လူရည္ခၽြန္ လူငယ္ေတြ႔ဆံုပြဲမ်ား က်င္းပေပါသည္။

 

ဘက္စံုထူးခၽြန္ လူရည္ခၽြန္ ေရြးခ်ယ္မႈအစီအစဥ္ကုိ ၁၉၈၈ ေနာက္ပိုင္းရပ္နားခဲ့ရာမွ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ ၂၀၁၂-၂၀၁၃ ပညာသင္ႏွစ္တြင္ ျပန္လည္စတင္ခဲ့သည္။

 

Source : 7Day News

 

**Unicode**

 

၂၀၁၉-၂၀ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများကို ဒီဇင်ဘာအတွင်း စာမေးပွဲများကျင်းပ၍ ရွေးချယ်မည်ဟု အခြေခံပညာဦးစီးဌာနက ကြေညာသည်။


အခြေခံပညာကျောင်းများမှ အဋ္ဌမတန်း၊ နဝမတန်း၊ ဒသမတန်းကျောင်းသား၊ ကျောင်းသူများအနက် ပညာရေး၊ အားကစား၊ အထွေထွေဗဟုသုတ ပြည့်စုံသူများကို ပညာရေးဝန်ကြီးဌာနက ဘက်စုံထူးချွန် (လူရည်ချွန်) စီမံကိန်းဖြင့်ပံ့ပိုးရန် ရွေးချယ်ခြင်းဖြစ်သည်။

"ဘက်စုံထူးချွန်တွေက မြို့နယ်အဆင့်တွေ ဒီဇင်ဘာ စရွေးမယ်။ ပြီးရင် ခရိုင်အဆင့် ဆက်သွားမယ်" ဟု အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။


ကျောင်းအဆင့် ရွေးချယ်ထားသော လူရည်ချွန်များကို ဒီဇင်ဘာ (၁၁) ရက်တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ ဘာသာရပ်၊ ဒီဇင်ဘာ (၁၂) ရက်တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ၊ ဒီဇင်ဘာ (၁၃) ရက်တွင် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုတို့ကို မြို့နယ်အဆင့် စစ်ဆေးမည်ဖြစ်သည်။

စာမေးပွဲ စစ်ဆေးရာတွင် မြန်မာစာ ရမှတ် (၁၀၀)၊ အင်္ဂလိပ်စာ ရမှတ် (၁၀၀)၊ ပြင်ပ ဗဟုသုတနှင့် သချာၤပေါင်း၍ အထွေထွေဗဟုသုတ ရမှတ် (၁၀၀) ဖိုး ဖြေဆိုရမည်ဖြစ်သည်။


လူတွေ့နှုတ်ဖြေတွင် ဘဝတွက်တာကျွမ်းကျင်စရာ၊ စာရိတ္တ၊ လောကနီတိ၊ မြန်မာ့ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့တို့နှင့် ပတ်သက်ပြီး အကဲဖြတ်မေးမြန်းမည်ဖြစ်ပြီး ကိုယ်ကာယကြံ့ခိုင်မှုကိုပါ စစ်ဆေးမည်ဖြစ်သည်။ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်းအလိုက် တစ်မြို့နယ်လျှင် ပျမ်းမျှနှစ်ဦးနှုန်းဖြင့် ခရိုင်အဆင့် ဆက်လက်ဖြေဆိုရန် ရွေးချယ်မည်ဖြစ်သည်။


လူရည်ချွန် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် အောက်တိုဘာကုန်အထိ သင်ကြားထားသော အတန်းအလိုက် ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ လေ့လာထားရန် မြို့နယ်ပညာရေးမှူးရုံးများက ညွှန်ကြားထားသည်။


ဘက်စုံထူးချွန် (လူရည်ချွန်) အဖြစ် ရွေးချယ်ခံရသော ကျောင်းသား၊ ကျောင်းသူများကို အစိုးရက လူရည်ချွန်ဆုတံဆိပ်၊ ဆုငွေချီးမြှင့်ပြီး နွေရာသီကျောင်းပိတ်ရက်တွင် နိုင်ငံတော်အဆင့်လေ့လာရေးခရီးစဉ်များ၊ လူရည်ချွန် လူငယ်တွေ့ဆုံပွဲများ ကျင်းပပေါသည်။


ဘက်စုံထူးချွန် လူရည်ချွန် ရွေးချယ်မှုအစီအစဉ်ကို ၁၉၈၈ နောက်ပိုင်းရပ်နားခဲ့ရာမှ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ပြန်လည်စတင်ခဲ့သည်။


Source : 7Day News

 

Education Read 5048 times