Sales Hotline : 09448001653       Download App



ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုဆိုင်ရာကို အခြေခံပညာကျောင်းများတွင်ထည့်သွင်း

ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုဆိုင်ရာကို အခြေခံပညာကျောင်းများတွင်ထည့်သွင်း

အင်တာနက်အသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုရေးနှင့် အကျိုးရှိရှိ သုံးစွဲနိုင်ရေးဆိုင်ရာ အသိပညာပေး ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာသင်ရိုးများကို အခြေခံကျောင်းများတွင် ထည့်သွင်းပေးနိုင်ရန် ပညာရေးဝန်ကြီးဌာန၊ တယ်လီနော မြန်မာနှင့် Plan International တို့ပူးပေါင်းစီစဉ်နေကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရပါသည်။

 

ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းသော အင်တာနက်အသုံးပြုမှုနှင့် ကျင်လည်မှုစီမံကိန်းခေါင်းစဉ်ဖြင့် အခြေခံပညာကျောင်းသားများကို Digital Literacy Online Safety နှင့် Resilience တို့နှင့် ပတ်သက်သော အသုံးပြုမှုများကို သင်ကြားပေးမည်ဖြစ်ပါသည်။

 

အခြေခံပညာဦးစီးဌာနက ယခုစီမံကိန်းကို အကောင်အထည်ဖော်ပြီး ပညာရေးမှတစ်ဆင့် အနာဂတ်လူမှုစီးပွားတိုးတက်မှုအတွက် အထောက်အကူဖြစ်စေသော ဒစ်ဂျစ်တယ်နည်းပညာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန် ရည်ရွယ်ထားကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သြဂုတ်(၁၉)ရက်က ပြုလုပ်သည့် ယင်းအစီအစဉ်ညှိနှိုင်းပွဲတွင် ပြောကြားခဲ့ပါသည်။

 

တယ်လီနောမြန်မာမှ ဘေးကင်းလုံခြုံသော အင်တာနက်အစီအစဉ်တွင် ကိုယ်ပိုင်အချက်အလက်ခိုးယူခံရခြင်း၊ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ဗိုလ်ကျခြင်း၊ အွန်လိုင်းပေါ် လိမ်လည်ရင်းနှိးမှုရယူခြင်း၊ အမုန်းစကား၊ ညစ်ညမ်းစာနှင့် ပုံများပေးပို့ခြင်း၊ သတင်းတု၊ ပို့စ်ပတင်ခင် စဉ်းစားပါ စသည့်အချက်များပါဝင်ပြီး ယင်းအချက်များကို အခြေခံ၍ ဘေးကင်းလုံခြုံစွာ အသုံးပြုရေးဆိုင်ရာ ဒစ်ဂျစ်တယ်သင်ရိုးများကို အစိုးရ၏ ပညာရေးသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းပေးနိုင်ရေး ညှိနှိုင်းနေခြင်းဖြစ်သည်။

 

ထို့နောက် ကျောင်းသား၊လူငယ်များသည် နယ်ပယ်အသီးသီးတွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အင်တာနက်ကျွမ်းကျင်မှုနှင့် ဒစ်ဂျစ်တယ် နည်းပညာကိုတတ်မြောက်ထားရန် အရေးကြီးသည့်အပြင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူ ဖြစ်နိုင်သောကြောင့် ပညာရေးဝန်ကြီးဌာနက ယင်းစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ထပ်မံပြောကြားခဲ့ပါသည်။

 

Read More:>>>> လက်မှတ်မဲ့ ဆရာ/ဆရာမ(၂) သောင်းခွဲကျော်ကိုစာပေးစာယူသင်တန်းပေးမည်

 

အဆိုပါ ဒစ်ဂျစ်တယ်သင်ရိုးကို မည်သည့်အတန်းမှစတင်၍ သင်ကြားပေးမည်ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာထံမှ သိရပါသည်။

 

ယင်းစီမံကိန်းသည် မြန်မာလူငယ် () သိန်းကျော်ကို ဒစ်ဂျစ်တယ်ဆိုင်ရာ သတင်းအချက်အလက်များ ရယူရာတွင် လုံခြုံမှုရှိစေရန်၊ သတင်းအချက်အလက်များ ရရှိရန်နှင့် အွန်လိုင်းအသုံးပြုရာတွင် သုံးစွဲသူအချင်းချင်း အပြန်အလှန် အကျိုးပြုနိုင်ပြီး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရပါသည်။

 

(Ministry of Education)

(www.edge.com.mm)

 

Education Read 837 times