Sales Hotline : 09448001653       Download App



ကိုယ်ပိုင်ကျောင်းဆရာများ အရည်အချင်းမြှင့်တင်ရေးသင်တန်းဖွင့်လှစ်မည်

ကိုယ်ပိုင်ကျောင်းဆရာများ အရည်အချင်းမြှင့်တင်ရေးသင်တန်းဖွင့်လှစ်မည်

**Unicode**

 

ကိုယ်ပိုင်ကျောင်းဆရာများ အရည်အချင်းမြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁) ကို ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းက ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းပညာရေးကောလိပ်တွင် အောက်တိုဘာ (၁၁) ရက်မှ (၂၀) ရက်အထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းမှသိရပါတယ်။

“ရန်ကုန်ကိုယ်ပိုင်ကျောင်းများအသင်းမှာ အသင်းဝင်ထားတဲ့ကိုယ်ပိုင်ကျောင်းတွေရှိတယ်။

အသင်းဝင်တွေ၊ ကျောင်းတည်ထောင်သူတွေက သူတို့ဆီမှာ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေကို ဒီသင်တန်းမှာတက်ရောက်မယ်ဆိုရင်၊ ကျွန်တော်တို့အသင်းကို တက်ရောက်မယ်ဆိုရင် စာရင်းပေးဖို့ခေါ်ယူတာဖြစ်ပါတယ်။

ကျွန်တော်တို့အသင်းကနေပြီးတော့ ဒီသင်တန်းကိုဖွင့်ဖို့အတွက် ပညာရေးဝန်ကြီးဌာနကိုတင်ပြတယ်။

ဝန်ကြီးဌာနကလည်းခွင့်ပြုပါတယ်။ အဲဒါကြောင့်ပညာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ဖွင့်ဖြစ်တာပါ။ ကျွန်တော်တို့ကိုယ်ပိုင်ကျောင်းမှာသင်နေတဲ့ ဆရာ၊ ဆရာမတွေက ဘာသာရပ်ဆိုင်ရာသင်ကြားမှု ကျွမ်းကျင်တာရှိတယ်။

ဒါပေမဲ့ ပညာရေးနဲ့ ပတ်သက်တဲ့သင်ပြနည်းတွေ၊ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကို သိရှိမှသာသင်ကြားရင်ပိုထိရောက်မှာဖြစ်ပါတယ်။ ဒါကြောင့်ဒီသင်တန်းကို ဖွင့်တာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း အတွင်းရေးမှူး ဆရာဦးညီပေါက်ကပြောပါတယ်။

အဆိုပါသင်တန်းတွင်ပညာရေးနှင့် ပတ်သက်သည့် သီအိုရီ၊ ပညာရေးသဘောတရားများ၊ ပညာရေးသင်ကြားမှုနည်းပညာစသည်တို့ကို သင်ကြားပေးမည်ဖြစ်ပြီး ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်တို့မှ ဆရာကြီး၊ ဆရာမကြီးများ၊ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ စသည်ဖြင့် စုစုပေါင်း (၂၄) ဦးခန့်က သင်ကြာားပေးမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းသည် ကိုယ်ပိုင်ကျောင်းဆရာ၊ ဆရာမများအတွက် ကိုယ်ပိုင်ဆရာဖြစ်လတ်မှတ်ရရှိရေးအတွက် ဖွင့်လှစ်သင်ကြားခြင်း မဟုတ်သော်လည်း ယင်းလတ်မှတ်ရရှိရေးအတွက် အထောက်အပံ့ရရှိသွားမည်ဖြစ်ကြောင်း ဆရာဦးညီပေါက်ကပြောပါတယ်။

YPSA အသင်းဝင် ကိုယ်ပိုင်ကျောင်းများအနေဖြင့် မိမိတို့ကျောင်းများရှိ သင်တန်းတက်ရောက်လိုသော ဆရာ၊ ဆရာမများအား တည်ထောင်သူ၏ထောက်ခံချက်ဖြင့် သင်တန်းတက်ရောက်ရန် စာရင်းပေးပို့နိုင်ပြီး သင်တန်းကြေးကို ကိုယ်ပိုင်ကျောင်းတည်ထောင်သူကသာ အလှူငွေအဖြစ် ဆရာ၊ ဆရာမတစ်ဦးလျှင် ကျပ် (၃၀၀၀၀) စီပေးသွင်းရမည်ဖြစ်ကြောင်းသိရပါတယ်။

သင်တန်းသားဦးရေ (၃၀၀) သာ လက်ခံသင်ကြားပေးမည်ဖြစ်သောကြောင့် အောက်တိုဘာ (၅) ရက် နောက်ဆုံးထား၍ ဆရာဦးညီပေါက်ထံ စာရင်းပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဆရာဦးနေအုပ် ဖုန်း - ၀၉-၅၀၀၅၀၂၅၊ ဆရာဦးစိုးအောင် ဖုန်း - ၀၉-၇၇၇၇၀၄၉၆၇၊ ဆရာဦးညီပေါက် ဖုန်း - ၀၉-၅၁၆၄၅၄၁၊ ဆရာဦးမျိုးစန်း ဖုန်း - ၀၉-၄၄၀၄၄၀၃၃၅ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

Source: စံတော်ချိန်

 

**Zawgyi**

ကိုယ္ပိုင္ေက်ာင္းဆရာမ်ား အရည္အခ်င္းျမွင့္တင္ေရးသင္တန္းအမွတ္စဥ္ () ကို ရန္ကုန္တိုင္းေဒသႀကီး ကိုယ္ပိုင္ေက်ာင္းမ်ားအသင္းက ပညာေရးဝန္ႀကီးဌာနႏွင့္ ပူးေပါင္းကာ ရန္ကုန္တိုင္းေဒသႀကီး၊ ရန္ကင္းပညာေရးေကာလိပ္တြင္ ေအာက္တိုဘာ (၁၁) ရက္မွ (၂၀) ရက္အထိ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသၾကီး ကိုယ္ပိုင္ေက်ာင္းမ်ားအသင္းမွသိရပါတယ္။

 

ရန္ကုန္ကိုယ္ပိုင္ေက်ာင္းမ်ားအသင္းမွာ အသင္းဝင္ထားတဲ့ကိုယ္ပိုင္ေက်ာင္းေတြရွိတယ္။

 

အသင္းဝင္ေတြ၊ ေက်ာင္းတည္ေထာင္သူေတြက သူတို႔ဆီမွာ သင္ၾကားေနတဲ့ ဆရာ၊ ဆရာမေတြကို ဒီသင္တန္းမွာတက္ေရာက္မယ္ဆိုရင္၊ ကြ်န္ေတာ္တို႔အသင္းကို တက္ေရာက္မယ္ဆိုရင္ စာရင္းေပးဖို႔ေခၚယူတာျဖစ္ပါတယ္။

 

ကြ်န္ေတာ္တို႔အသင္းကေနၿပီးေတာ့ ဒီသင္တန္းကိုဖြင့္ဖို႔အတြက္ ပညာေရးဝန္ႀကီးဌာနကိုတင္ျပတယ္။

 

ဝန္ႀကီးဌာနကလည္းခြင့္ျပဳပါတယ္။ အဲဒါေၾကာင့္ပညာေရးဝန္ႀကီးဌာနနဲ႔ပူးေပါင္းၿပီး ဖြင့္ျဖစ္တာပါ။ ကြ်န္ေတာ္တို႔ကိုယ္ပိုင္ေက်ာင္းမွာသင္ေနတဲ့ ဆရာ၊ ဆရာမေတြက ဘာသာရပ္ဆိုင္ရာသင္ၾကားမႈ ကြ်မ္းက်င္တာရွိတယ္။

 

Korean (184) ကုိရီးယား စကားေျပာသင္တန္းနွင့္ ပတ္သက္ျပီး သင္တန္း (184) ခုရွာရန္ႏွိပ္ပါ။

 

ဒါေပမဲ့ ပညာေရးနဲ႔ ပတ္သက္တဲ့သင္ျပနည္းေတြ၊ ကေလးေတြရဲ႕စိတ္ပိုင္းဆိုင္ရာေတြကို သိရွိမွသာသင္ၾကားရင္ပိုထိေရာက္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ဒီသင္တန္းကို ဖြင့္တာျဖစ္ပါတယ္” ဟု ရန္ကုန္တိုင္းေဒသႀကီး ကိုယ္ပိုင္ေက်ာင္းမ်ားအသင္း အတြင္းေရးမွဴး ဆရာဦးညီေပါက္ကေျပာပါတယ္။

 

အဆိုပါသင္တန္းတြင္ပညာေရးႏွင့္ ပတ္သက္သည့္ သီအိုရီ၊ ပညာေရးသေဘာတရားမ်ား၊ ပညာေရးသင္ၾကားမႈနည္းပညာစသည္တို႔ကို သင္ၾကားေပးမည္ျဖစ္ၿပီး ပညာေရးေကာလိပ္၊ ပညာေရးတကၠသိုလ္တို႔မွ ဆရာႀကီး၊ ဆရာမႀကီးမ်ား၊ အၿငိမ္းစား ဆရာႀကီး၊ ဆရာမႀကီးမ်ား စသည္ျဖင့္ စုစုေပါင္း (၂၄) ဦးခန္႔က သင္ၾကာားေပးမည္ျဖစ္ေၾကာင္း၊ အဆိုပါသင္တန္းသည္ ကိုယ္ပိုင္ေက်ာင္းဆရာ၊ ဆရာမမ်ားအတြက္ ကိုယ္ပိုင္ဆရာျဖစ္လတ္မွတ္ရရွိေရးအတြက္ ဖြင့္လွစ္သင္ၾကားျခင္း မဟုတ္ေသာ္လည္း ယင္းလတ္မွတ္ရရွိေရးအတြက္ အေထာက္အပံ့ရရွိသြားမည္ျဖစ္ေၾကာင္း ဆရာဦးညီေပါက္ကေျပာပါတယ္။

 

YPSA အသင္းဝင္ ကိုယ္ပိုင္ေက်ာင္းမ်ားအေနျဖင့္ မိမိတို႔ေက်ာင္းမ်ားရွိ သင္တန္းတက္ေရာက္လိုေသာ ဆရာ၊ ဆရာမမ်ားအား တည္ေထာင္သူ၏ေထာက္ခံခ်က္ျဖင့္ သင္တန္းတက္ေရာက္ရန္ စာရင္းေပးပို႔ႏိုင္ၿပီး သင္တန္းေၾကးကို ကိုယ္ပိုင္ေက်ာင္းတည္ေထာင္သူကသာ အလွဴေငြအျဖစ္ ဆရာ၊ ဆရာမတစ္ဦးလွ်င္ က်ပ္ (၃၀၀၀၀) စီေပးသြင္းရမည္ျဖစ္ေၾကာင္းသိရပါတယ္။

 

Read More:>>> ၂၀၁၉-၂၀၂၀ ခုႏွစ္ ပညာသင္ႏွစ္ A.G.T.I (ပထမႏွစ္) ဝင္ခြင့္ေလ်ွာက္လႊာမ်ားေခၚယူျခင္း

 

သင္တန္းသားဦးေရ (၃၀၀) သာ လက္ခံသင္ၾကားေပးမည္ျဖစ္ေသာေၾကာင့္ ေအာက္တိုဘာ () ရက္ ေနာက္ဆံုးထား၍ ဆရာဦးညီေပါက္ထံ စာရင္းေပးပို႔ရမည္ျဖစ္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ဆရာဦးေနအုပ္ ဖုန္း - ၀၉-၅၀၀၅၀၂၅၊ ဆရာဦးစိုးေအာင္ ဖုန္း - ၀၉-၇၇၇၇၀၄၉၆၇၊ ဆရာဦးညီေပါက္ ဖုန္း - ၀၉-၅၁၆၄၅၄၁၊ ဆရာဦးမ်ိဳးစန္း ဖုန္း - ၀၉-၄၄၀၄၄၀၃၃၅ တို႔သို႔ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္းသိရသည္။

 

Source: စံေတာ္ခ်ိန္

 

International/Private Read 3258 times