Sales Hotline : 09448001653       Download App



ဖိလစ်ပိုင်တွင် ယခုနှစ်ပညာသင်နှစ်အတွက် ပုဂ္ဂလိက ကျောင်းပေါင်း ၇၄၈ ကျောင်းခန့် ဖွင့်ရန် ရွေ့ဆိုင်းထား

အခြေခံပညာရေးကို သင်ကြားပေးနေသော ပုဂ္ဂလိကကျောင်း ၇၀၀ ကျော်သည် ယခုနှစ်တွင် ဖွင့်လှစ်နိုငိခြင်း မရှိသေးကြောင်း မက်ထရို မနီလာမြို့၏ ပညာရေးဌာနမှ ပြောကြားချက်များ အရသိရသည်။

ဗုဒ္ဓဟူးနေ့ တွင် ထုတ်ပြန်ခဲ့သော ပညာရေးဌာန၏ အချက်အလက်များ အရ ပုဂ္ဂလိက ကျောင်းပေါင်း ၁၄၄၃၅ ခုအနက် ၇၄၈ ခုသည် ၂၀၂၀ ပညာသင်နှစ်ကို ၂၀၂၁ အထိယာယီရပ်ဆိုင်းထားကြောင်းဖော်ပြခဲ့သည်။

ထိုသို့ ပိတ်ထားခြင်းများသည် ဆရာ/ဆရာမ ပေါင်း ၃၂၃၃ ယောက်နှင့် ကျောင်းသားကျောင်းသူပေါင်း ၄၀,၃၄၅တို့အဖို့ နစ်နာဆုံးရှုံးမှုများ ဖြစ်စေပါသည်။

Central Luzon တွင် ကျောင်းပေါင်း ၁၄၁ ကျောင်း၊ Calabarzon တွင် ၁၂၁ ကျောင်း၊ Metro Manila တွင် ၉၆ ကျောင်း၊ Western Visayas တွင် ၉၀ ကျောင်း နှင့် Bicol Region တွင် ၄၆ ကျောင်း ပိတ်ထားပြီးဖြစ်သည်။

စီမံကိန်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့်အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလက်ထောက်အတွင်းရေးမှူး Jesus Mateo မှ ထို့သို့ ကျောင်းများပိတ်ထားရခြင်းမှာ ယာယီ သာဖြစ်နိုင်သည်ဟု ဆိုထားသည်။

“လာမည့်နှစ်တွင်အခြေအနေတိုးတက်ကောင်းမွန်လာပါကပြန်လည်ဖွင့်လှစ်နိုင်လိမ့်မည်” ဟု ၎င်းက ဆိုထားသည်။

ပညာရေးအတွင်းရေးမှူး Leonor Brionesက ကျောင်းများ ပြန်မဖွင့်နိုင်ရခြင်း အကြောင်းအရင်းများထဲမှ နှစ်ခုမှာ ကျောင်းတက်ရန်ကျောင်းအပ်နှံမှုများ နည်းပါးလာခြင်းနှင့် အစိုးရကျောင်းများသို့ ဆရာ/ ဆရာမများ ပြောင်းသွားခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

အစောပိုင်းတွင်COVID-19 ၏ အကျိုးဆက်ဖြစ်သည့် အခက်အခဲ အချို့ကြောင့် ဆက်လက်ရုန်းကန်နိုင်ရန် အစိုးရထံမှအခွန်သက်သာခွင့်များနှင့်အခြားအကူအညီများကိုတောင်းခံခဲ့ကြရသည်။

ပြန်လည်ထူထောင်ရေး အက်ဥပဒေ တစ်ခုဖြစ်သည့် Bayanihan သည်တရားဝင် ဥပဒေဖြစ်လာသောအခါ ရောဂါမပျံနှံ့အောင် ကာဆီးထားသော(Quarantine) ကာလ တွင်အလုပ်ပြုတ်ခဲ့သော အစိုးရနှင့်ပုဂ္ဂလိကကျောင်းများမှ ဆရာများမှာ ငွေကြေးထောက်ပံ့ကြေး ခံစားခွင့် တစ်ကြိမ်ရှိသည်။

ထို့အပြင် ဥပဒေအရ ထောက်ပံ့မှုများနှင့် ထောက်ပံ့ကြေးများကို အများပြည်သူနှင့် ပုဂ္ဂလိကကျောင်းများရှိ အရည်အချင်းပြည့်မီသော ကျောင်းသူ / သားများကိုလည်း အလုပ်ရပ်တန့်လိုက်ရခြင်းနှင့် ရပ်ရွာလူထုအတွက်သီးသန့်ထားရှိခြင်းနှင့် အဆောက်အဦများပိတ်ထားရခြင်းကြောင့် ဖြစ်ပေါ်လာသော ငွေကြေးအခက်အခဲ များကို ထောက်ပံ့ကူညီပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စီးပွားရေးများပြန်လည်တိုးတက်လာပြီ ဖြစ်သောကြောင့် ပညာရေးအဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားလိမ့်မည်ဟု ပညာရေးအတွင်းရေးမှူးBriones က ဆိုထားသည်။

မတ်လ အလယ်တွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးရန် အတွက် အစိုးရမှ Luzon မြို့ရှိ ကျောင်းအားလုံးကို ပိတ်ထားခဲ့ပြီး ဖြစ်သည်။ ကျန်းမာရေးအကျပ်အတည်းသည် ပညာသင်နှစ်အစကို အောက်တိုဘာလ ၅ရက်အထိ နှောင့်နှေးစေခဲ့ပြီး ယခု အခါ ကာကွယ်ဆေးမရခင် အချိန်ထိ အွန်လိုင်းပညာရေးကို ပြောင်းစေခဲ့ပြီး ဖြစ်သည်။

ဂျွန်လ ပိုင်းတွင်တော့ အခြေအနေ မကောင်းသည့် နိုင်ငံ၏စီးပွားရေးအခြေအနေကို ပြန်လည် တိုးတက်လာစေရန် စီးပွားရေး လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ရန် ခွင့် ပြုခဲ့ပြီး တင်းကျပ်မှုများကို တဖြည်းဖြည်း လျော့ချလာခဲ့ကြောင်း သိရသည်။

By Myanmar Education Guide - EDGE

Ref: CNN Philippines

Latest Post International/Private News Read 659 times