GED ပညာရေးအကြောင်းနှင့် ရန်ကုန်တွင် GED သင်ကြားပေးနေသည့် ကျောင်းများ

 

အရင်တစ်ခေါက် Newsletter တုန်းက လက်ရှိ မြန်မာနိုင်ငံမှ ကျောင်းသားအများစု အတက်များနေတဲ့ Course တွေကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီထဲကမှ နိုင်ငံတကာ အသိအမှတ်ပြု အထက်တန်းပညာရေး အောင်လက်မှတ်ဖြစ်တဲ့ GED ပညာရေးအကြောင်းနဲ့ GED သင်ကြားပေးနေတဲ့ ကျောင်းတွေကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ ရှာဖွေစုံစမ်းလို့ရအောင် တစ်စုတစ်စည်းတည်း ဖော်ပြပေးလိုက်ပါတယ်။ 

 

GED ပညာရေးဆိုတာဘာလဲ?

မြန်မာနိုင်ငံကနေ ပြည်ပမှာ ပညာဆက်လက် သင်ကြားဖို့ရာ ရွေးချယ်နိုင်တဲ့ ပညာရေးလမ်းကြောင်း များစွာရှိနေပြီပဲ ဖြစ်ပါတယ်။ ဒီထဲကမှ မိဘနဲ့ ကျောင်းသားတွေကြား ရေပန်းစားနေတဲ့ GED (General Education Development) ဆိုတာကတော့ အမေရိကန်နိုင်ငံအသိအမှတ်ပြု အထက်တန်းပညာရေး ဒီပလိုမာအောင်လက်မှတ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အထက်တန်းမပြီးဆုံးသေးတဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ အစားထိုးဖြေဆိုနိုင်တဲ့ စာမေးပွဲတစ်ခုပါ။

 

GED ကို ဘယ်သူတွေတက်ရောက်နိုင်လဲ?

- အနည်းဆုံး အသက် (၁၆) နှစ်ရှိပြီး (၈) တန်း၊ (၉) တန်းအောင်မြင်ထားသူများ 

- တက္ကသိုလ်ဝင်တန်း မဖြေဆိုရသေးသောသူများနှင့် မအောင်မြင်သေးသောသူများ

-  အချိန်တိုတိုအတွင်း နိုင်ငံတကာအသိမှတ်ပြု အထက်တန်းအောင်လက်မှတ် ရရှိလိုသူများ

- နိုင်ငံတကာပညာရေးကို ဆက်လက်လျှောက်လှမ်းလိုသူများ တက်ရောက်နိုင်ပါတယ်။ 

 

GED မှာ သင်ကြားရမယ့် ဘာသာရပ်များ

GED အောင်လက်မှတ်ကို ရရှိဖို့ဆိုရင်တော့ ကျောင်းသားများအနေနဲ့ သတ်မှတ်ထားတဲ့ ဘာသာရပ် (၄) ဘာသာကို ဖြေဆိုရမှာပါ။ ဖြေဆိုရမယ့် ဘာသာရပ်တွေကတော့ အထက်တန်းကျောင်းရဲ့ သင်ရိုးထဲကမှ အဓိကဘာသာရပ်ကြီးတွေဖြစ်တဲ့ Language Arts, Maths, Social Studies နဲ့ Science တို့ပဲ ဖြစ်ပါတယ်။ 

 

GED မေးခွန်းပုံစံနှင့် အချိန်ပေးစနစ်

Crown Education မှ ဖော်ပြချက်အရ GED စာမေးပွဲဖြေဆိုတဲ့အခါ ဘာသာရပ် (၄) ခုစာအတွက် စုစုပေါင်း ကြာချိန်ကတော့ (၇) နာရီခွဲခန့် ဖြစ်တယ်လို့ သိရပါတယ်။ ဘာသာရပ်တစ်ခုချင်းစီအလိုက် ဖြေဆိုရမယ့် မေးခွန်းပုံစံနဲ့ အချိန်ကိုတော့ ပုံတွင် လေ့လာနိုင်ပါတယ်။ 

 

 

GED အမှတ်ပေးစနစ်

GED အမှတ်ပေးပုံမှာ ဘာသာရပ်တစ်ခုချင်စီကို အမှတ်အပြည့် (၂၀၀) ပေးတာကြောင့် ဘာသာစုံရမှတ်မှာ အမှတ် (၈၀၀) ဖြစ်ပါတယ်။ GED အောင်မှတ်နဲ့ ထူးချွန်မှတ်တို့မှာ ယေဘုယျအနေနဲ့ ပုံပါအတိုင်းခွဲခြားနိုင်ပေမဲ့ တချို့ပြည်ပကျောင်းတွေမှာ သူတို့ကျောင်းဝင်ခွင့်အတွက် သတ်မှတ်ထားတဲ့ GED အနိမ့်ဆုံးရမှတ်ကတော့ တစ်ကျောင်းနဲ့တစ်ကျောင်း ကွဲပြားနိုင်ပါတယ်။ 

 

 

GED စာမေးပွဲစည်းကမ်းချက်

ဘာသာရပ်တစ်ခုကို မအောင်မြင်ချင်း ရက်စောင့်စရာမလိုဘဲ (၃) ကြိမ်ဆက်တိုက် ဖြေဆိုနိုင်ပါတယ်။ (၃) ကြိမ်အထိ ဖြေဆိုပြီးမှ မအောင်မြင်သေးရင် နောက်တစ်ကြိမ် ထပ်ဖြေဖို့ အခွင့်အရေးကို ရက် (၆၀) စောင့်ရမှာ ဖြစ်ပါတယ်။  

 

GED စာမေးပွဲကြေး

GED Ready Test ဖြေဆိုချင်သူတွေအတွက် တစ်ဘာသာချင်းစီကို စာမေးပွဲကြေး $8 ကျသင့်မှာ ဖြစ်ပြီး လေးဘာသာအတွက် စုစုပေါင်း $32 ရှိပါတယ်။ GED Official Test ရဲ့ စာမေးပွဲကုန်ကျစရိတ်ကတော့ တစ်ဘာသာကို $80 ဖြစ်တဲ့အတွက် လေးဘာသာပေါင်းဆိုရင် $320 ပေးသွင်းရမှာဖြစ်ပါတယ်။ 
 

GED ဖြေဆိုနိုင်တဲ့ စာစစ်ဌာန 

Official Website ဖြစ်တဲ့ GED.com မှာ ကိုယ်ပိုင်အကောင့်ဖန်တီးပြီး Online မှ ဖြေဆိုနိုင်သလို GED Approved Test Center ဖြစ်တဲ့ CROWN Education & Royal Academic Institute မှာလည်း စာမေးပွဲကြေးပေးသွင်းပြီး သွားရောက်ဖြေဆိုနိုင်ပါတယ်။ 

 

GED အားသာချက်

GED ပညာရေးဟာ အချိန်တိုတိုအတွင်းမှာ ရရှိနိုင်တဲ့ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ အထက်တန်းကျောင်း အောင်လက်မှတ်တစ်ခုဖြစ်တဲ့အပြင် ကုန်ကျစရိတ်အနည်းဆုံးနဲ့ သင်ကြားနိုင်တဲ့ ပညာရေးလမ်းကြောင်းတစ်ခုပါ။ မိမိလေ့လာနိုင်စွမ်းပေါ်မူတည်ပြီး အချိန် (၄) လ (သို့) (၆) လလောက်ယူပြီးတာနဲ့ မိမိအဆင်ပြေတဲ့အချိန်ရွေးပြီး GED Approved Test Center တွေမှာ Register လုပ်ပြီး ဖြေဆိုလို့ရပါတယ်။ 

GED အောင်လက်မှတ် ရှိရင် အမေရိကန်၊ ကနေဒါ၊ ဩစတေးလျ၊ နယူးဇီလန်၊ ထိုင်း၊ စင်္ကာပူ၊ တရုတ်၊ မလေးရှားနိုင်ငံတွေမှ တက္ကသိုလ်၊ ကောလိပ်၊ ပုဂ္ဂလိကကျောင်းတွေကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။ 

 

GED အားနည်းချက်

GED ဟာ အမေရိကန်နိုင်ငံ အသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ဖြစ်တဲ့အတွက် ဥရောပနိုင်ငံတွေ၊ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့မှာ GED အောင်လက်မှတ်ကို လက်ခံတဲ့ကျောင်းတွေ တော်တော်လေး ရှားပါတယ်။ ဒါကြောင့် ကိုယ်တက်ချင်တဲ့ တက္ကသိုလ်၊ ကောလိပ်က GED စာမေးပွဲရလဒ်ကို အသိမှတ်ပြု/မပြု၊ လက်ခံ/မခံကို ကြိုတင်စုံစမ်းထားသင့်ပါတယ်။ 

 

GED လက်ခံတဲ့ ပြည်ပတက္ကသိုလ်များ

>> https://www.edge.com.mm/article/ged-accept-universities.html

 

GED Course တက်ရောက်နိုင်တဲ့ ရန်ကုန်မြို့ရှိ ကျောင်းများ -

မြန်မာနိုင်ငံမှာ GED ပညာရေးကို ကျောင်းသားတွေရော၊ မိဘတွေပါ ထည့်သွင်းစဉ်းစားလာကြပြီး GED Course ကို သင်ကြားပေးနေတဲ့ Online သင်တန်းတွေ၊ On-Campus ကျောင်းတွေလည်း အများအပြား ထွက်ပေါ်လာပါတယ်။ ဒါကြောင့် အောက်မှာ ရန်ကုန်မြို့က GED Course သင်ကြားပေးနေတဲ့ ကျောင်းတချို့ကို ကောက်နုတ်ဖော်ပြပေးထားပါတယ်။ 

1. Crown Education  and Royal Academic Institute

2. Global Pathways International School

3. STI Myanmar University 

4. KBTC University

5. YIUS Institute

6. MSI Academy Education Centre 

7. Successful Education

8. ACE Academy

9. My Edu ပညာရေးဝန်ဆောင်မှု

10. BEAM Education Foundation

11. Luz Myanmar College 

12. Myanmar Ivy College of Business and Technology

13. Edu Hub

14. AKI College 

15. University of Taxila 

16. Start Up Learning Centre

17. Genesis Education & Language Center 

18. James ED

19. YES Home Academy

20. Paradigm Learning Center

21. Thrive with Peace Learning Institute

22. SCBI - Stamford -CIty Business Institute

23. Speakeasy Institute

24. Learning Zone Academy

25. Billionaire Education Center  

26. Eulogia International School

27. Myanmar IGCSE and GED Academy 

28. Dream Road International Education

29. Legacy International School

30. Seeds Education Academy

 

ဒီလောက်ဆိုရင်တော့ GED ပညာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စုံလင်စွာ သိရှိနားလည်သွားပြီလို့ ယူဆပါတယ်။ GED ပညာရေးကို စိတ်ဝင်စားပါက အထက်ဖော်ပြပါ နိုင်ငံတကာ ကျောင်းတွေမှာ အတန်းအချိန်၊ သင်တန်းကာလနဲ့ သင်တန်းကြေးတွေကို သွားရောက်စုံစမ်းနိုင်ပါတယ်။ 

 

High International/Private Read 1160 times