ရန်ကုန်မြို့ရှိ အကောင်းဆုံး နိုင်ငံတကာကျောင်း (၁၀) ကျောင်း

မြန်မာနိုင်ငံရှိ မြို့များအနက် ရန်ကုန်မြို့သည် ကောင်းမွန်သော လူနေမှုဘ၀နှင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပေးစွမ်းသည့်အတွက် ရေပန်းစားသည့်မြို့ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာကျောင်းများ ဖွင့်လှစ်သည့်အခါ ရန်ကုန်မြို့တွင်သာ ဦးစားပေးဖွင့်လှစ်ကြသည်ကို တွေ့ရသည်။ 

မြန်မာနိုင်ငံရှိ အမျိုးသားပညာရေးစနစ်သည် UK ၏ ပညာရေးစနစ်အပေါ် အခြေခံထားသည့်အတွက် နိုင်ငံတကာကျောင်းအများစုသည် ဗြိတိသျှ သင်ရိုးညွှန်းတမ်း သို့မဟုတ် International Baccalaureate သင်ရိုးကို အသုံးပြုပါသည်။ အမေရိကန်၊ စင်္ကာပူ၊ ပြင်သစ် စသည့် သင်ရိုးညွှန်းတမ်းများကို ပေးဆောင်သည့် ကျောင်းအနည်းငယ်လည်း ရှိပါသည်။ 

ရန်ကုန်မြို့ရှိ နိုင်ငံတကာကျောင်း အများအပြားသည် အသစ်ဖြစ်သောကြောင့် ခေတ်မီသော အဆောက်အဦးများနှင့် ကျယ်ဝန်းသော ကျောင်းဝန်းအနေအထားရှိသည့်အပြင် အင်္ဂလိပ်စကားပြော ဆရာ/ဆရာမများ၊ အားကစားကွင်းများ၊ ကန်တင်းများ၊ လက်တွေ့ခန်းများနှင့် ကွန်ပျူတာခန်းများလည်း ပါရှိသည်။ 

ရန်ကုန်မြို့တွင် နာမည်ကြီး လူသိများသည့် နိုင်ငံတကာကျောင်းများစွာရှိသည့်အနက် International Schools Database မှ ဖော်ပြထားသည့် ကျောင်း (၁၀) ကျောင်းအား မျှဝေပေးလိုက်ပါသည်။ 

၁။ Thalun International School 

မူလတန်းအကြိုမှ တက္ကသိုလ်အကြိုပညာရေးအထိ တာဝန်ယူထားပြီး အမေရိကန်သင်ရိုးကို အသုံးပြုသင်ကြားပေးနေသည့် ကျောင်းဖြစ်သည်။ 

Curriculum - American

Language of instruction - English

Ages - 3 to 17

Yearly fees - 17,051,795 Kyat - 37,026,755 Kyat 

၂။ Yangon American International School

Yangon American International School တွင် ကျောင်းသားဗဟိုပြု သင်ကြားရေးကို အဓိက စံထားပြီး Early years Program ၊ Middle Years Program တို့ကို သင်ကြားပေးလျက်ရှိသည်။

Curriculum - IB , American

Language of instruction - English

Ages - 2 to 14

Yearly fees - 19,314,322 Kyat to 32,750,373 Kyat

၃။ French International School of Yangon Joseph Kessel

မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအထိ သင်ကြားပေးပြီး နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ်ဖြစ်သည့် French Baccalaureate ကို ပေးအပ်သည်။ 

Curriculum - French

Language of instruction - English , French

Ages - 2 to 18

Yearly fees - 11,546,606 Kyat to 24,142,903 Kyat

။ SKT International School Riverside Campus

အခြေခံပညာရေးအတွက် မူကြို၊ မူလတန်း၊ အလယ်တန်းအပြင် အထက်တန်းအတွက် IGCSE နှင့် တက္ကသိုလ်အကြိုပြင်ဆင်မှုအတွက် IB ဒီပလိုမာပရိုဂရမ်တို့ကို သင်ကြားပေးလျက်ရှိပါသည်။ 

Curriculum - IB , Cambridge International

Language of instruction - English

Ages - 3 to 18

Yearly fees - This school does not make their fees public 

။ SKT International School City Campus

SKT River Side Campus နဲ့ မတူတာက ဒီကျောင်းက Nursery ကနေ Year 11 (Cambridge IGCSE) အထိသာ သင်ကြားပေးလျက်ရှိပါသည်။ 

Curriculum - British

Language of instruction - English

Ages - 3 to 16

Yearly fees - This school does not make their fees public 

။ Network International School 

Network International School တွင် မူလတန်းအကြိုမှ အထက်တန်းအထိအပြင် IGCSE နှင့် A-Level တို့ကိုပါ ပံ့ပိုးသင်ကြားပေးသည့် ရန်ကုန်မြို့ရှိ ရှေးအကျဆုံး British International School ဖြစ်သည်။

Curriculum - British

Language of instruction - English

Ages - 2 to 18

Yearly fees - This school does not make their fees public 

။ Brainworks International School Yangon

မူကြို၊ မူလတန်း၊ အလယ်တန်း၊ IGCSE ၊ A-Level နှင့် IB ဒီပလိုမာ ပညာရေးတို့ကို ပေးဆောင်ပြီး Cambridge International School မှ အသိအမှတ်ပြုထားသည့် ကျောင်းလည်းဖြစ်သည်။ 

Curriculum - IB , British

Language of instruction - English

Ages - 2 to 18

Yearly fees -  This school does not make their fees public

။ The British School Yangon

British School of Yangon (BSY) တွင် ထူးချွန်သော ပညာရေးရလဒ်များကို ပေးဆောင်ရန် ယူကေအမျိုးသားသင်ရိုးညွှန်းတမ်းကို အသုံးပြုပြီး မူကြိုမှ တက္ကသိုလ်အကြို A Level အတန်းများအထိ သင်ကြားလျက်ရှိသည်။  

Curriculum - British

Language of instruction - English

Ages - 2 to 18

Yearly fees - 42,195,827 Kyat to 75,976,425 Kyat 

။ Khayay International School

Preschool မှ Grade-9 အထိ ပညာရေးကို ပံ့ပိုးပေးပြီး အင်္ဂလိပ်၊ ဂျပန်၊ မြန်မာ၊ ပြင်သစ်၊ တရုတ် ဘာသာစကားတို့ကိုလည်း သင်ကြားပေးပါသည်။

Curriculum - International (American , Japanese , Burmese)

Language of instruction - English

Ages - 3 to 14

Yearly fees - This school does not make their fees public

၁၀။ International School of Myanmar

Pre-school ကနေ Grade (12) အထိ အမေရိကန်သင်ရိုးဖြင့် သင်ကြားပေးပြီး AP (Advanced Placement) ပရိုဂရမ်နှင့် SAT တို့ကိုလည်း တက်ရောက်နိုင်သည်။

Curriculum - American 

Language of instruction - English

Ages - 3 to 18

Yearly fees - This school does not make their fees public

မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ International Schools များကို ရှာဖွေလိုပါက အောက်ကလင့်ခ်မှာ အလွယ်တကူ ဝင်ရောက်ရှာဖွေနိုင်သည်။ 

> https://www.edge.com.mm/listing/international

နိုင်ငံတကာကျောင်းစျေးကွက် အခြေအနေများအကြောင်း အသေးစိတ် သိလိုပါက အောက်ပါလင်ခ့်တွင် ဖော်ပြထားသည့် Report အား ဝယ်ယူဖတ်ရှုနိုင်သည်။ 

https://www.edge.com.mm/report.html

=======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International/Private Latest Post Read 4172 times