Sales Hotline : 09448001653       Download App



ခေတ်သစ်၊ စနစ်သစ်၊ ပညာရေးအသစ်အတွက် MMclassroom စာသင်ခန်း

MMclassrom ဆရာ၊ ဆရာမများက သင်ကြားရေးချဉ်းကပ်မှုပုံစံတစ်မျိုးကို မြန်မာကျောင်းသူ ကျောင်းသားများ အထောက်အကူဖြစ်စေဖို့ MMclassroom စာသင်ခန်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

တခြားနိုင်ငံများမှာတော့ ကျင့်သုံးနေတာ အတော်ကြာပါပြီ။ ကျောင်းသားကျောင်းသူများ ပိုမိုလွယ်ကူထိရောက်စွာနဲ့ လေ့လာနိုင်အောင် MMclassroom က ကူညီပေးနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။

ကျောင်းသားတစ်ယောက် အကောင်းဆုံးစာလေ့လာနိုင်ဖို့ လိုအပ်ချက်အားလုံးကို MMclassroom က ဖြည့်ဆည်းပေးနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ ဘယ်လိုတွေ ပြင်ဆင်ပေးထားသလဲဆိုတာကို တစ်ပုံချင်းစီမှာ အသေးစိတ် ရှင်းပြထားပေးပါတယ်။

စမတ်ဖုန်းတစ်လုံးနဲ့ အင်တာနက် ရှိရုံနဲ့ သင်ခန်းစာများကို "အချိန်မရွေး၊ နေရာမရွေး လွယ်ကူထိရောက်စွာ" လေ့လာလို့ ရအောင် MMclassroom က ဖန်တီးပေးထားပါတယ်။
အချိန်မရွေး ဆိုတာက
- ပုံမှန်ကျောင်းတက်တဲ့အချိန်လို နေ့ဘက်မှာ သင်ယူမယ်ဆိုရင်လည်းအဆင်ပြေပါတယ်။
- အလုပ်တစ်ဖက်နဲ့ မိသားစုကို ကူရင်း ညဘက်တွေမှာ သင်ယူမယ်ဆိုရင်လည်း ရပါတယ်။
- ကိုယ့်အတွက် အဆင်ပြေမယ့် ဘယ်လိုအချိန်မျိုးမှာမဆို အကောင်းဆုံး သင်ယူနိုင်မှာ ဖြစ်ပါတယ်။
နေရာမရွေး ဆိုတာက
- အခုလို ကိုဗစ် အချိန်အခါမျိုးမှာ ဘယ်မှ ထွေထွေထူးထူးသွားစရာမလိုဘဲ ကိုယ့်အတွက် လုံခြုံမှု အပြည့်အဝပေးနိုင်တဲ့ ကိုယ့်အိမ်လိုနေရာမျိုးကနေ အေးအေးဆေးဆေး သင်ယူနိုင်ပါတယ်။
- ဧည့်ခန်းမှာ သင်မလား၊ စာကြည့်ခန်းမှာ သင်မလား၊ အင်တာနက်ရရှိတဲ့ ကိုယ့်အတွက် အဆင်အပြေဆုံးနေရာမှာ နေရင်းနဲ့ အကောင်းဆုံး လေ့လာသင်ယူလို့ ရပါတယ်။
လွယ်ကူ ထိရောက်တယ် ဆိုတာက
- သင်ခန်းစာတွေကို ဗီဒီယိုသင်ခန်းစာအဖြစ် လွယ်လွယ်ကူကူ ကြည့်ရှုနိုင်ပြီး ဆန္ဒရှိသလောက် ထပ်ကာတလဲလဲ အကြိမ်ကြိမ်အဖန်ဖန် သင်ကြားနိုင်မှာပါ။
- ပုံမှန်စာသင်ခန်းတွေမှာ တစ်ခေါက်တည်း သင်ကြားရတာကို အားမရတဲ့သူတွေအတွက် အထိရောက်ဆုံး အထောက်အကူတစ်ခု ဖြစ်စေပါလိမ့်မယ်။

ဗီဒီယိုသင်ခန်းစာတွေမှာ သင်ကြားပေးမယ့် ဆရာ၊ ဆရာမကြီးများအားလုံးက ဆယ်စုနှစ်များစွာ သင်ကြားရေးအတွေ့အကြုံရှိ ဝါရင့် ဆရာ၊ ဆရာမကြီးများ ဖြစ်ပါတယ်။ ထို့သို့ ဝါရင့် ဆရာ၊ ဆရာမကြီးများရဲ့ သင်ကြားမှုတွေကို နည်းပညာနဲ့ ပေါင်းစပ်ပံ့ပိုးပေးထားပြီး သင်ခန်းစာတစ်ခုချင်းစီတိုင်းကို ဂရုတစိုက်နဲ့ သေချာပြင်ဆင်စီမံပေးတာကြောင့် သင်ယူတဲ့အခါမှာ တကယ်ကို နားလည်ရလွယ်စေမှာ အမှန်ပါပဲ။ ဗီဒီယိုသင်ခန်းစာတွေကို မိမိဆန္ဒရှိသလောက် အကြိမ်ကြိမ်အခါခါ ထပ်တလဲလဲ လေ့လာနိုင်မှာပါနော်။ ထို့ကြောင့်စာကြေပြီး လေ့လာရတာ လွယ်ကူလာစေပါမည်။

ဗီဒီယိုသင်ခန်းစာတစ်ခုကို ကြည့်ရှုလေ့လာပြီးတိုင်းမှာ ဒီသင်ခန်းစာအပေါ် ကိုယ်ဘယ်လောက်အထိ နားလည်လိုက်သလဲဆိုတာကို ပြန်လည်ဆန်းစစ်ပေးနိုင်တဲ့ Quiz မေးခွန်းတွေ ဖြေဆိုနိုင်ဖို့အတွက်ကိုလည်း MMclassroom က စီစဉ်ပေးထားတယ်လို့သိရပါတယ်။ ထိုသို့ လုပ်ဆောင်ပေးခြင်းက ကိုယ့်ရဲ့သင်ယူခြင်းကို အကောင်းဆုံး အားဖြည့်ပေးနိုင်တာကိုလည်း တွေ့ရပါတယ်။ မေးခွန်းတွေ ဖြေဆိုပြီးတဲ့အခါ ကိုယ့်ရဲ့အဖြေတွေက ဘယ်လောက် မှန်ကန်မှုရှိသလဲဆိုတာကိုပါ တစ်ခါတည်း သိရှိနိုင်မှာ ဖြစ်တာကြောင့် ကိုယ့်အမှားတွေကို အကောင်းဆုံး ပြင်ဆင်နိုင်မှာပါ။

MMclassroom မှာ ကျွန်တော်တို့ရဲ့ ဝါရင့်ဆရာ၊ ဆရာမကြီးကိုယ်တိုင် သင်ကြားပေးထားတဲ့ Question Training Video ဆိုတဲ့ ကဏ္ဍတစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ထိုကဏ္ဍမှာတော့ ကျောင်းသားကျောင်းသူတွေ သင်ကြားထားပြီးတဲ့ သင်ခန်းစာတွေကို အတွင်းကျကျ နားလည်သဘောပေါက်စေဖို့ ဆရာ၊ ဆရာမများက တစ်ဆင့်ချင်း သင်ကြားပေးထားတာပါ။ တစ်ဆင့်ချင်းစီ အသေးစိတ်ရှင်းပြထားတာတွေကို ထပ်မံသင်ယူပြီးတဲ့အခါ နောက်ထပ်မေးခွန်းအသစ်တွေကို ကိုယ်တိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။ကိုယ်ကြိုးစားရင် ကြိုးစားသလောက် ကိုယ့်အတွက် အကျိုးရှိစေမယ့်အစီအစဉ် ဖြစ်တာကြောင့် စိတ်ပါလက်ပါ လိုက်လုပ်ဖို့လိုပါတယ်နော်။

ကျောင်းစာတင် မဟုတ်ဘဲ လူ့အဖွဲ့အစည်းမှာနေထိုင်တဲ့အခါ တန်ဖိုးထားရမယ့် ကိုယ်ရည်ကိုယ်သွေး စံတန်ဖိုးနဲ့ ကိုယ်ကျင့်တရားတို့ ကောင်းစွာဖွံ့ဖြိုးလာစေဖို့၊ လူတော်လူကောင်းဖြစ်စေဖို့ အတွက် အထွေထွေ ဗဟုသုတရစရာ ဗီဒီယိုများကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ 

ကျောင်းမှာ စာသင်တဲ့အခါ စာလုပ်နေရင်း မရှင်းတဲ့အကြောင်းအရာတွေကို သူငယ်ချင်းအချင်းချင်း မေးကြတယ်၊ မရသေးရင် ဆရာမကို မေးကြတယ်။ ဒီလိုမျိုး အတန်းဖော်အချင်းချင်းဖြစ်စေ၊ ဆရာမကိုဖြစ်စေ ကိုယ်သိချင်တဲ့အကြောင်းအရာတွေကို မေးမြန်းနိုင်ဖို့အတွက် Discussion Forum လည်း ပါဝင်မှာဖြစ်ပါတယ်။

အိမ်စာလည်း လုပ်ရပါမယ်။ အိမ်စာလုပ်ခြင်းက ကျောင်းသားရဲ့ စာသင်ယူခြင်းကို ပိုမိုနားလည်စေဖို့ မလုပ်မဖြစ် လုပ်ရမယ့်အရာတစ်ခုပါ။ ဗီဒီယိုသင်ခန်းစာတွေကိုကြည့်နေစဉ်အတွင်း ဆရာ၊ ဆရာမများက ချရေးခိုင်းတာတွေကို ချရေး၊ လိုက်တွက်ခိုင်းတာတွေကို လိုက်တွက်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် စာတွေပိုရလာမှာပါ။ 

MMclassroom အနေနဲ့ ကျောင်းသား ကျောင်းသားများ မိမိလေ့လာနိုင်စွမ်းအပေါ်မူတည်ပြီး အကောင်းဆုံးလေ့လာနိုင်အောင် ကူညီပေးနိုင်တဲ့ အရာတွေပါပဲလို့သိရပါတယ်။ လေ့လာရာမှာ အားကောင်းတဲ့ ကျောင်းသားတွေအနေနဲ့ အရှိန်အဟုန်ကောင်းကောင်းနဲ့ သင်ခန်းစာတွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လေ့လာနိုင်မှာဖြစ်ပါတယ်။ လေ့လာရာမှာ အားနည်းတဲ့ ကျောင်းသားတွေအနေနဲ့ စာမလိုက်နိုင်တဲ့အခက်အခဲကို စိတ်ပူစရာ မလိုတော့ပါဘူး။ မိမိဆန္ဒရှိသလောက် အကြိမ်ကြိမ်အခါခါ ထပ်တလဲလဲ လေ့လာနိုင်မှာဖြစ်လို့ စာနားမလည်မှာကိုလည်း မပူရတော့ပါဘူး။ MMclassroom ကကျောင်းသားကျောင်းသူတိုင်း လွယ်ကူထိရောက်စွာ လေ့လာနိုင်ဖို့ အထောက်အကူပြုပေးမှာပဲဖြစ်ပါတယ်။

ထို့အပြင် ကျောင်းသားများ တစ်နေ့တာ စာလေ့လာနိုင်ဖို့ Timetable ဗီဒီယို (၃) ခု ကိုလည်း MMclassroom စာသင်ခန်း Page မှာ တင်ပေးထားပြီး ဖြစ်ပါတယ်။ ဒီဗီဒီယိုတွေကို ကြည့်ရှုပြီး ကိုယ့်အတွက် အဆင်ပြေမယ့် အချိန်ဇယားပုံစံအတိုင်း လေ့လာလို့ရတယ်လို့ သိရပါတယ်။

ကိုဗစ်က တစ်ကမ္ဘာလုံးကို ရိုက်ခတ်နေဆဲပဲဖြစ်ပါတယ်။ ယခုအချိန်က ထိန်းချုပ်လို့မရတဲ့ အရာတစ်ခုကို တွေးပူနေမဲ့အစား ကိုယ့်အတွက် သေချာမယ့် အရာတွေကို ရွေးချယ်လုပ်ဆောင်သင့်တဲ့ အချိန်ပဲဖြစ်ပါတယ်။

ထို့ကြောင့် Grade 10 နဲ့ Grade 11 သင်ခန်းစာတွေကို လွယ်ကူထိရောက်စွာ လေ့လာနိုင်စေဖို့ MMclassroom မှာ Sign Up လုပ်နိုင်ပြီဖြစ်ပါတယ်။ Sign Up လုပ်ပြီး Trial အဖြစ် (၃) ရက်စာ အခမဲ့ စမ်းသပ်လေ့လာနိုင်မယ့် အခွင့်အရေးလည်း ရရှိမှာဖြစ်ပါတယ်။

MMclassroom စာသင်ခန်း

International/Private Latest Post News Read 1411 times