Sales Hotline : 09448001653       Download App



အခြေခံပညာအတန်းအောင်စာရင်းများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

** Unicode **

ပုံမှန်ဇွန်လဆန်းမှာ ဖွင့်လှစ်နေတဲ့အခြေခံပညာအတန်းတွေကို COVID-19 ရောဂါအခြေအနေကြောင့် ကျောင်းဖွင့်ချိန် တိတိကျကျ မသတ်မှတ်နိုင်သေးဘူးလို့ အခြေခံပညာဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

ဧပြီလ (၂၆) ရက်နေ့မှာ ကြေညာဖို့ စီစဉ်ထားတဲ့ အခြေခံပညာအတန်းအောင်စာရင်းတွေကိုလည်း COVID-19 ရောဂါအခြေအနေကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတယ်လို့လည်း ဦးကိုလေးဝင်းကဆိုပါတယ်။

“ အောင်စာရင်းထုတ်ပြန်တာရော၊ ကျောင်းဖွင်ချိန်ရော ဘယ်တော့လောက်ဖြစ်မလဲပြောဖို့ဆိုတာ ရောဂါအခြေအနေပေါ်မူတည်ပါတယ်။ အခြေအနေတွေအားလုံးတည်ငြိမ်သွားရင်တော့ ပုံမှန်ဖွင့်နိုင်မှာပါ။ ရောဂါဖြစ်ပွားမှုပိုဆိုးလာရင်တော့ ဖွင့်ဖို့ခက်ခဲနိုင်ပါတယ်။ နိုင်ငံတော်ညွှန်ကြားချက်ကို စောင့်ရမှာပေါ့” လို့ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေဝင်းက ဆိုပါတယ်။

ဒါ့အပြင် အခုလက်ရှိမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးရမည့် ကိစ္စတွေကိုလည်း ရပ်နားထားတာကြောင့် တက္ကသိုလ်ဝင်အောင်စာရင်းတွေကလည်း ဇွန်လဆန်းမှာ ထုတ်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ COVID ကာလပြီးဆုံးတဲ့အချိန်မှာမှ ဆရာတို့က ပြန်တိုင်ပင်ရမယ်။ ကျောင်းဖွင့်ရင် လူစုလူဝေးတွေ ဖြစ်မှာဆိုတော့ လောလောဆယ် ဖွင့်ဖို့က မဖြစ်နိုင်သေးဘူးပေါ့။ အခုလက်ရှိတော့ ဆယ်တန်းစာမေးပွဲ အဖြေလွှာ အမှတ်ခြစ်တာ ရပ်နားထားပါတယ်” လို့ ဦးမျိုးညွန့်က ဆိုပါတယ်။

ဒါ့အပြင် ကျောင်းပိတ်ရက်ကာလအတွင်း အခြေခံဆရာဆရာမ သိန်းကျော်တက်ရောက်ရမယ့် သင်ရိုးသစ်သင်တန်းတွေကိုလည်း လက်ရှိအချိန်မှာ ယာယီရပ်နားထားရတယ်လို့လည်း ပညာရေးဝန်ကြီးဌာနကနေသိရပါတယ်။

International Schools (153) နိုင်ငံတကာကျောင်းများ နှင့်ပတ်သက်ပြီး  (၁၅၃)ခု ရှာရန်နှိပ်ပါ။

မြန်မာနိုင်ငံမှာ မတ်လ (၂၃) ရက်က COVID-19 ရောဂါပိုး ရှိသူ နှစ်ဦးကို စတင်တွေ့ရှိခဲ့ပြီးတဲ့နောက် တက္ကသိုလ်အသီးသီးမှာ ဖြေဆိုနေတဲ့ တက္ကသိုလ်စာမေးပွဲတွေကိုလည်း ရက်အကန့်အသတ်မရှိ ယာယီရပ်နားလိုက်ကြောင်း ကြေညာခဲ့ပါတယ်။

Credit: Duwun


** Zawgyi **

ပုံမွန္ဇြန္လဆန္းမွာ ဖြင့္လွစ္ေနတဲ့အေျခခံပညာအတန္းေတြကို COVID-19 ေရာဂါအေျခအေနေၾကာင့္ ေက်ာင္းဖြင့္ခ်ိန္ တိတိက်က် မသတ္မွတ္ႏိုင္ေသးဘူးလို႔ အေျခခံပညာဦးစီးဌာန တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရသိရပါတယ္။

ဧၿပီလ (၂၆) ရက္ေန႔မွာ ေၾကညာဖို႔ စီစဥ္ထားတဲ့ အေျခခံပညာအတန္းေအာင္စာရင္းေတြကိုလည္း COVID-19 ေရာဂါအေျခအေနေၾကာင့္ ရက္အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းထားတယ္လို႔လည္း ဦးကိုေလးဝင္းကဆိုပါတယ္။

“ ေအာင္စာရင္းထုတ္ျပန္တာေရာ၊ ေက်ာင္းဖြင္ခ်ိန္ေရာ ဘယ္ေတာ့ေလာက္ျဖစ္မလဲေျပာဖို႔ဆိုတာ ေရာဂါအေျခအေနေပၚမူတည္ပါတယ္။ အေျခအေနေတြအားလုံးတည္ၿငိမ္သြားရင္ေတာ့ ပုံမွန္ဖြင့္ႏိုင္မွာပါ။ ေရာဂါျဖစ္ပြားမႈပိုဆိုးလာရင္ေတာ့ ဖြင့္ဖို႔ခက္ခဲႏိုင္ပါတယ္။ ႏိုင္ငံေတာ္ၫႊန္ၾကားခ်က္ကို ေစာင့္ရမွာေပါ့” လို႔ အေျခခံပညာဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလဝင္းက ဆိုပါတယ္။

ဒါ့အျပင္ အခုလက္ရွိမွာ တကၠသိုလ္ဝင္တန္းစာေမးပြဲ အေျဖလႊာစစ္ေဆးရမည့္ ကိစၥေတြကိုလည္း ရပ္နားထားတာေၾကာင့္ တကၠသိုလ္ဝင္ေအာင္စာရင္းေတြကလည္း ဇြန္လဆန္းမွာ ထုတ္ေပးဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

“ COVID ကာလၿပီးဆုံးတဲ့အခ်ိန္မွာမွ ဆရာတို႔က ျပန္တိုင္ပင္ရမယ္။ ေက်ာင္းဖြင့္ရင္ လူစုလူေဝးေတြ ျဖစ္မွာဆိုေတာ့ ေလာေလာဆယ္ ဖြင့္ဖို႔က မျဖစ္ႏိုင္ေသးဘူးေပါ့။ အခုလက္ရွိေတာ့ ဆယ္တန္းစာေမးပြဲ အေျဖလႊာ အမွတ္ျခစ္တာ ရပ္နားထားပါတယ္” လို႔ ဦးမ်ိဳးၫြန႔္က ဆိုပါတယ္။

ဒါ့အျပင္ ေက်ာင္းပိတ္ရက္ကာလအတြင္း အေျခခံဆရာဆရာမ သိန္းေက်ာ္တက္ေရာက္ရမယ့္ သင္႐ိုးသစ္သင္တန္းေတြကိုလည္း လက္ရွိအခ်ိန္မွာ ယာယီရပ္နားထားရတယ္လို႔လည္း ပညာေရးဝန္ႀကီးဌာနကေနသိရပါတယ္။

International Schools (153) ႏိုင္ငံတကာေက်ာင္းမ်ား ႏွင့္ပတ္သက္ၿပီး  (၁၅၃)ခု ရွာရန္ႏွိပ္ပါ။

ျမန္မာႏိုင္ငံမွာ မတ္လ (၂၃) ရက္က COVID-19 ေရာဂါပိုး ရွိသူ ႏွစ္ဦးကို စတင္ေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ တကၠသိုလ္အသီးသီးမွာ ေျဖဆိုေနတဲ့ တကၠသိုလ္စာေမးပြဲေတြကိုလည္း ရက္အကန႔္အသတ္မရွိ ယာယီရပ္နားလိုက္ေၾကာင္း ေၾကညာခဲ့ပါတယ္။

Credit: Duwun

News Tips News News News Read 12254 times