Sales Hotline : 09448001653       Download App



နိုင်ငံတော်အဆင့် COVID-19 စံပြကျောင်းပထမဆုကို စစ်ကိုင်းတိုင်း ကျောက်မှော်အထကမှ ရရှိ

** Unicode **

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်၊ကျောက်မှော်အထက်တန်းကျောင်းမှ ကျန်းမာပျော်ရွှင် ပညာ သင်ကြိုတင်တားဆီး COVID-19 နိုင်ငံတော်အဆင့်ပညာပေးစံပြကျောင်း ပထမဆုအဖြစ်ရရှိခဲ့ကြောင်း ကျောက်မှော်အထက်တန်းကျောင်းမှဆရာဦးဝေဖြိုးအောင်ကပြောပါတယ်။

အဆိုပါဆုအတွက် ပြင်ဆင်ချိန်သုံးရက်သာရရှိခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ရာတွင် (၁၀) မိနစ်စာဗွီဒီယို ရိုက်ကူး ခြင်း ဖြင့် မြို့နယ်အဆင့်၊ခရိုင်အဆင့်၊တိုင်းအဆင့်မှကိုယ်စားပြုရွေးချယ်ကာ နိုင်ငံတော်အဆင့် ထိဝင် ရောက်ယှဉ် ပြိုင်စေခဲ့ရာမှ နိုင်ငံတော်အဆင့်တွင် ပထမဆုအဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရပါတယ်။

“ကျွန်တော်တို့က ဒီဆုကိုဝင်ရောက်ပြိုင်ရာမှာဟန်ပြမဟုတ်ဘဲ စံပြအဖြစ်လုပ်ခဲ့လို့ရတာပါ၊ နိုင်ငံတော် အဆင့်ရဖို့ဆိုတာအိမ်မက်တစ်ခုလိုပါဘဲ၊တစ်ရွာလုံးရဲ့အင်းအားတွေရယ်၊ပရဟိတလူငယ်အဖွဲ့တွေရယ်၊ကျောင်း အုပ်ကြီးနဲ့ဆရာ-ဆရာမအားလုံးရဲ့ပေါင်းစည်းခြင်းအင်းအားကြောင့်ရရှိခဲ့တာပါ၊ နောက်ပြီးယခင် ကျောင်းစတင်တည်ဆောက်ခဲ့တဲ့လူကြီးတွေရဲ့နေရာပုံစံတကျတည်ဆောက်ခဲ့တဲ့အနာဂါတ်ကိုမျှော်လင့်ချက်လဲ ပါပါတယ်” ဟု ၎င်းကဆိုပါတယ်။

၎င်းပြိုင်ပွဲကို ပျဉ်းမနားမြို့ခံ စိုးလျှပ်စစ်ဖောင်ဒေးရှင်းနှင့် ပညာရေးဝန်ကြီးဌာနတို့မှပူး ပေါင်းစီးစဉ်ဆောင် ရွက်ခဲ့ ခြင်းဖြစ်ကာ ပြိုင်ပွဲ၏ရည်ရွယ်ချက်မှာ ကိုဗစ်ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို အမှန် တကယ်သုံးစွဲ လာစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရပါတယ်။

Credit: RealThadin

 

Latest Post News Tips Read 1841 times