မြန်မာနိုင်ငံရှိ ကျောင်းသားအများစုသည် နိုင်ငံခြားသို့ ပညာတော်သင်သွားသည့်အခါ မြန်မာနိုင်ငံနှင့် နီးစပ်ပြီး ကုန်ကျစရိတ်သက်သာသည့် အာရှနိုင်ငံများကို ရွေးချယ်ကြပါသည်။ လက်ရှိပညာရေးကဏ္ဍတွင်လည်း အာရှတက္ကသိုလ်များသည် ကမ္ဘာ့အမြင့်ဆုံး တက္ကသိုလ်အဆင့်တွင် ပါဝင်လာကြသည်။
ထို့အပြင် ဘွဲ့ကြို၊ ဘွဲ့လွန်၊ သုတေသနဆိုင်ရာ ပညာသင်ဆု ပရိုဂရမ်များစွာကို ချီးမြှင့်ပေးအပ်ခြင်းဖြင့် အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ် နှစ်ခုစလုံးသည် အဆင့်မြင့်ပညာရေးတွင် ယခင်ကထက်ကို ရင်းနှီးမြှုပ်နှံလာကြသည်
ထို့ကြောင့် မြန်မာကျောင်းသားအများစု ရွေးချယ်ကြသည့် အာရှနိုင်ငံများရှိ တက္ကသိုလ်များအနက် ကျောင်းစရိတ် သက်သာပြီး ကျော်ကြားသည့် တက္ကသိုလ် (၁၀) ခုအကြောင်းကို မျှဝေပေးလိုက်ပါသည်။ အောက်တွင် ဖော်ပြထားသည့် ကျောင်းလခများသည် ပျှမ်းမျှသာဖြစ်ပြီး Bachelor Program များအတွက်သာ အကျုံးဝင်ပါသည်။
၁။ National University of Singapore , Singapore
NUS (National University of Singapore) သည် သင်ကြားရေးနှင့် သုတေသနပိုင်းမှာ နာမည်ကြီးသည့် စင်္ကာပူနိုင်ငံ၏ အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်သည်။ ၁၉၈၀ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် QS World Ranking အရ ကမ္ဘာ့တက္ကသိုလ်အဆင့် နံပါတ် (၈) နေရာတွင် ရပ်တည်နေပါသည်။
NUS ကို Kent Ridge၊ Bukit Timah နှင့် Outram တို့တွင် Campus (၃) ခု ဖွင့်လှစ်ထားသည်။ ကျောင်းတွင် သုတေသနစင်တာ (၃၀) ခုနှင့်အတူ ဘာသာရပ်ဌာန (၁၇) ခုရှိပြီး ဘွဲ့ကြိုပရိုဂရမ် (၆၇) ခုနှင့် ဘွဲ့လွန်ပရိုဂရမ် (၂၀၀) ကျော်တို့ကို ရွေးချယ်လျှောက်ထားနိုင်ပါသည်။
Tuition Fees - 18,850 - 66,150 SGD per year
၂။ Hankuk University, Seoul South Korea
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် တည်ရှိပြီး Hankuk တက္ကသိုလ်သည် ၁၉၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ပုဂ္ဂလိက သုတေသန တက္ကသိုလ်တစ်ခုဖြစ်သည်။ အဆိုပါ တက္ကသိုလ်သည် တောင်ကိုရီးယားရှိ အကောင်းဆုံး ပုဂ္ဂလိက သုတေသန တက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံထားရသည့်အပြင် နိုင်ငံခြားဘာသာစကား (၄၀) ကျော်ကို သင်ကြားပေးနေသည့်အတွက် ကိုရီးယားတွင် နံပါတ်တစ် ကမ္ဘာ့တက္ကသိုလ်အဖြစ် ရပ်တည်နေပါသည်။ လက်ရှိတွင် လူမှုရေး၊ ဥပဒေ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေးနှင့် ကွန်ပျူတာသိပ္ပံဘာသာရပ်များကိုလည်း သင်ကြားပေးလျက်ရှိပါသည်။
Tuition Fees - 2,500,000 ~ 4,500,000 KRW per semester
၃။ Shanghai University, Shanghai China
အများအားဖြင့် SHU ဟု လူသိများကြသည့် Shanghai တက္ကသိုလ်သည် အစိုးရပိုင် သုတေသနတက္ကသိုလ်အဖြစ် ၁၉၂၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ နှစ်ပေါင်းကြာလာသည်နှင့်အမျှ အဆိုပါတက္ကသိုလ်သည် တရုတ်နိုင်ငံတစ်ဝှမ်းရှိ ထိပ်တန်းသုတေသနတက္ကသိုလ်တစ်ခုအဖြစ် နာမည်ကောင်း ရရှိခဲ့သည်။ Shanghai တက္ကသိုလ်တွင် အင်ဂျင်နီယာ၊ ဝိဇ္ဇာ၊ သိပ္ပံ၊ အနုပညာ၊ ဥပဒေ၊ သမိုင်း၊ စီမံခန့်ခွဲမှုနှင့် စီးပွားရေးစသည့် ရွေးချယ်စရာ Course Program များစွာ ရှိပါသည်။
Tuition Fees - 20,000 - 80,000 RMB per annual
၄။ Shih Chien University, Taiwan
Shih Chien University သည် ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ပုဂ္ဂလိကပိုင် တက္ကသိုလ်တစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် Shih Chien University ၏ ဒီဇိုင်းဌာနသည် Ranker အရ ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်း ဒီဇိုင်းကျောင်း (၃၀) တွင် ပါဝင်အသိအမှတ်ပြုခံခဲ့ရသည်။
တက္ကသိုလ်သည် College of Human Ecology၊ College of Design၊ College of Management၊ College of Business and Information နှင့် College of Culture and Creativity တို့ဖြင့် ဖွဲ့စည်းထားသည်။ တက္ကသိုလ်သည် Taipei နှင့် Kaohsiung တို့တွင် Campus တစ်ခုစီရှိပြီး ဆရာ/ဆရာများနှင့် ဝန်ထမ်းပေါင်း (၇၀၀) နီးပါးဖြင့် လည်ပတ်နေပါသည်။
Tuition Fees - 50,000 - 70,000 NTD$ per semester
Siam University သည် ၁၉၆၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော အကျိုးအမြတ်မယူသော ပုဂ္ဂလိက အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘန်ကောက်မြို့ပြတွင် တည်ရှိသည်။ အဆိုပါတက္ကသိုလ်အား ထိုင်းနိုင်ငံရှိ အဆင့်မြင့်ပညာ၊ သုတေသန၊ ဆန်းသစ်တီထွင်မှုနှင့် သိပ္ပံပညာဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုထားပါသည်။ Siam တက္ကသိုလ်တွင် စီးပွားစီမံ၊ အင်ဂျင်နီယာ၊ အိုင်တီ၊ ဆေးပညာ၊ ဥပဒေ၊ ဟိုတယ်နှင့်ခရီးသွား၊ နိုင်ငံရေးသိပ္ပံ စသည်တို့ကို ရွေချယ်လျှောက်ထားနိုင်ပြီး မေဂျာဌာနပေါင်း (၁၃) ခုဖြင့် ဖွဲ့စစည်းထားသည်။
Tuition Fees - 50,000 ~ 90,000 THB per semester
၆။ Kasetsart University, Thailand
၁၉၄၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Kasetsart University သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တည်ရှိပြီး အစိုးရပိုင် သုတေသန တက္ကသိုလ်ဖြစ်သည်။ တက္ကသိုလ်သည် ထိုင်းနိုင်ငံ၏ ပထမဆုံး စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ တတိယမြောက် ရှေးအကျဆုံးနှင့် အကောင်းဆုံးတက္ကသိုလ်အဖြစ် မှတ်တမ်းဝင်ထားပါသည်။
KU တွင် ဘွဲ့ကြိုအတွက် ပရိုဂရမ် (၁၂၅) ခု၊ မာစတာပရိုဂရမ် (၁၃၉) ခုနှင့် ပါရဂူဘွဲ့အတွက် ပရိုဂရမ် (၅၃) ခု တို့ကို ရွေးချယ်တက်ရောက်နိုင်သည်။ ဘန်ကောက်မြို့လည်တွင် စီးပွားရေး၊ အင်ဂျင်နီယာ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းတို့ကို လေ့လာနိုင်မည်ဖြစ်သည်။
Tuition Fees- 40,000 ~ 90,000 THB per semester
၇။ Udayana University, Indonesia
၁၉၆၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Udayana University သည် ကျောင်းခွဲ (၃) ခုနှင့် ဘာသာရပ်ဌာန (၁၁) ခု ရှိပြီး Bali က အကြီးဆုံးတက္ကသိုလ်အဖြစ် နာမည်ကြီးသည့် အစိုးရကျောင်းလည်းဖြစ်သည်။ တက္ကသိုလ်သည် ဒီပလိုမာများ၊ တွဲဖက်ဒီဂရီများ၊ ဘွဲ့ဒီဂရီများ၊ မာစတာဒီဂရီများ၊ ပါရဂူဘွဲ့များကဲ့သို့ အဆင့်မြင့်ပညာရေးဒီဂရီများဆီသို့ ဦးတည်သော သင်တန်းများနှင့် ပရိုဂရမ်များကို ပံ့ပိုးပေးပါသည်။ ထိုတက္ကသိုလ်တွင် စီးပွားရေး၊ အင်ဂျင်နီယာ၊ ဥပဒေ၊ သိပ္ပံ၊ ဆေးပညာတို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များကိုလည်း ရွေးချယ်နိုင်သည်။
Tuition Fees - 40,000,000 ~ 80,000,000 IDR per year
၈။ Undiknas University, Indonesia
Undiknas တက္ကသိုလ်ကို ၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီပြည်နယ်၊ ဒန်ပါဆာမြို့တွင် တည်ရှိသော ပုဂ္ဂလိကပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။ Undiknas သည် စီမံခန့်ခွဲမှု၊ စာရင်းကိုင်၊ ဥပဒေ၊ ဆက်သွယ်ရေး၊ ပြည်နယ်အုပ်ချုပ်ရေး၊ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာစသည့် မတူညီသော ပညာရပ်ဆိုင်ရာ ပရိုဂရမ်များစွာကို ပံ့ပိုးပေးပါသည်။
တက္ကသိုလ်တွင် စီမံခန့်ခွဲမှုပညာရပ်နှင့် ပတ်သက်ပြီး ပါရဂူပရိုဂရမ်လည်း ရှိသည်။ Undiknas သည် Vistula University၊ Yasar University၊ Mahidol University၊ Murdoch University တို့နှင့်လည်း မိတ်ဖက်တက္ကသိုလ်ဖြစ်သည်။
Tuition Fees - 30,000,000 - 50,000,000 IDR per year
၉။ University of Putra, Malaysia
QS Asia University Rankings ၂၀၂၅ ခုနှစ်အရ Putra တက္ကသိုလ်သည် အာရှတိုက်တွင် အကောင်းဆုံး တက္ကသိုလ်အဆင့် (၂၀) တွင် ရှိပြီး မလေးရှားနိုင်ငံ၏ ထိပ်တန်းသုတေသနတက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံထားရပါသည်။
တက္ကသိုလ်တွင် စိုက်ပျိုးရေး၊ အိုင်တီ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ ဆေးပညာ၊ ပညာရေး၊ အစားအသောက်သိပ္ပံနှင့် နည်းပညာ၊ သစ်တောပညာ၊ ဒီဇိုင်းနှင့် ဗိသုကာ၊ လူမှုရေးသိပ္ပံနှင့် ဘာစကား စသည့် ပညာရေးပရိုဂရမ် များစွာရှိပါသည်။ UPM တွင် ဘာသာရပ် အထူးပြုအစီအစဉ်များနှင့် သုတေသန အခွင့်အလမ်းများစွာရှိသလို ဘွဲ့ကြို၊ မာစတာနှင့် ပါရဂူ ပရိုဂရမ်များကိုလည်း တက်ရောက်နိုင်ပါသည်။
Tuition Fees - 5,000 ~ 10,000 MYR per semester
၁၀။ Kumamoto University, Japan
Kumamoto University ကို ၁၉၄၉ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ Kyushu ဒေသရှိ Kumamoto မြို့တွင် တည်ရှိသော ဂျပန်အမျိုးသားတက္ကသိုလ်ဖြစ်သည်။ အဆိုပါတက္ကသိုလ်သည် အထူးပြု ဘာသာရပ်ဌာန (၈) ခုနှင့် ဘွဲ့လွန်ဌာန (၇) ခုတို့ဖြင့် ဖွဲ့စည်းထားပြီး သုတေသနစင်တာများလည်း ရှိသည်။
တက္ကသိုလ်တွင် Campus (၄) ခုရှိပြီး Kurokami ခရိုင်တွင် နှစ်ခု၊ Honjo-kuhonji ခရိုင်တွင် တစ်ခုနှင့် Oe ခရိုင်တို့တွင် တစ်ခု အသီးသီးရှိသည်။ လူမှုသိပ္ပံ၊ စာပေ၊ ဥပဒေ၊ ဆေးပညာ၊ အင်ဂျင်နီယာ၊ ပညာရေး၊ နည်းပညာ စသည့်ပညာရပ်များနှင့်ဆက်စပ်သည့် အထူးပြုဘာသာရပ်များကို ရွေးချယ်နိုင်ပါသည်။
Tuition Fees - Around ¥535,800 per year
နိုင်ငံခြားတွင် ကျောင်းသွားတက်ရန် စဉ်းစားသည့်အခါ ကျောင်း၏ ကျော်ကြားမှုနှင့် ပညာရေးစနစ်အပြင် ကျောင်းလခနှင့် ငွေကြေးထောက်ပံ့မှုများရှိ/မရှိကိုပါ ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ထို့ကြောင့် အာရှနိင်ငံများရှိ စျေးသက်သာသည့် အစိုးရတက္ကသိုလ်နှင့် ပုဂ္ဂလိကတက္ကသိုလ်များကို အထက်တွင် စုစည်းဖော်ပြပေးခဲ့ခြင်းဖြစ်သည်။
------------------------------------------------
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။