Sales Hotline : 09448001653       Download App



အာရှဖွံ့ဖြိုးမှုဘဏ်မှ ပေးအပ်မည့် ပညာသင်ဆု

** Unicode **

ပြည်ပ ပညာတော်သင်သွားရောက်လိုသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသား/သူများအတွက် အာရှဖွံ့ဖြိုးမှုဘဏ်မှပေးအပ်မည့် The Asian Development Bank-Japan Scholarship Program (ADBJSP) ပညာသင်ဆုဖြစ်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးနှင့် လူမှုရေးတိုးတက်လာစေရန် ရည်ရွယ်ကာ အလားအလာရှိသည့် လူငယ်များကို ပညာသင်ဆုပံ့ပိုးခြင်းဖြစ်ပါသည်။

စီးပွားရေး၊ စီမံခန့်ခွဲမှုပညာ၊ သိပ္ပံနှင့် နည်းပညာဘာသာရပ်များ၏ မဟာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းများကို ပညာသင်ဆုချိတ်ဆက်ထားသည့် နိုင်ငံ(၉) နိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်နိုင်မည်ဖြစ်သည်။

ပညာသင်ဆု ချိတ်ဆက်ထားသည့် နိုင်ငံများတွင် ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အမေရိကန်နိုင်ငံများပါဝင်သည်။

ထိုနိုင်ငံများရှိတက်ရောက်နိုင်မည့် တက္ကသိုလ်များနှင့် ရွေးချယ်နိုင်မည့် ဘာသာရပ်စာရင်းကို https://www.adb.org/site/careers/japan-scholarship-program/jsp-institutions တွင်ကြည့်ရှုနိုင်သည်။

ထိုတက္ကသိုလ်များတွင် တက္ကသိုလ်ဝင်ခွင့် ဦးစွာလျှောက်ထားပြီး တက္ကသိုလ်ဝင်ခွင့်ရမှသာ ADB-JSP ပညာသင်ဆုကို လျှောက်ထားရမည်ဖြစ်သည်။

ထို့အပြင်တက္ကသိုလ်ဝင်ခွင့်ကို သက်ဆိုင်ရာတက္ကသိုလ်များ၏ ပညာသင်နှစ်မစမီ (၆)လအလိုတွင် လျှောက်ထားရမည်ဖြစ်ပြီး ပညာသင်နှစ် စတင်မည့်ကာလသည် တက္ကသိုလ်အလိုက် ကွဲပြားသည်။

တက္ကသိုလ်ဝင်ခွင့်ရသူတိုင်း ပညာသင်ဆုပါ တစ်ပါတည်းရရှိခြင်းမဟုတ်သည်ကို သတိပြုရန်လည်းကြေညာထားသည်။

ပညာသင်ဆုလျှောက်ထားသူများသည် အသက် (၃၅) နှစ်ထက် မကြီးသူများဖြစ်ရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ ဘွဲ့ကြိုတက်ရောက်စဉ်က ပညာရေးမှတ်တမ်းကောင်း ရှိသူဖြစ်ရမည်ဖြစ်သည်။

ပညာသင်ကာလပြီးဆုံးပါက မိမိနိုင်ငံသို့ ပြန်ပြီးဖွံ့ဖြိုးရေးဆောင်ရွက်မည့်သူများကိုသာ ရွေးချယ်ပေးအပ်ရန်စဉ်းစားမည်ဖြစ်သည်။

Read More:>>>  ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန၏ ရည္ရြယ္ခ်က္ႏွင့္လုပ္ငန္းတာဝန္မ်ား

အသေးစိတ်အချက်အလက်များကို www.adb.org/site/careers/japan-scholarship-program/procedures-applying တွင်ဝင်ရောက်ဖတ်ရှုနိုင်သည်။

Credit: 7Day News


** Zawgyi **

ျပည္ပ ပညာေတာ္သင္သြားေရာက္လိုသည့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွ ေက်ာင္းသား/သူမ်ားအတြက္ အာရွဖြံ႕ၿဖိဳးမႈဘဏ္မွေပးအပ္မည့္ The Asian Development Bank-Japan Scholarship Program (ADBJSP) ပညာသင္ဆုျဖစ္ပါသည္။

ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ စီးပြားေရးႏွင့္ လူမႈေရးတိုးတက္လာေစရန္ ရည္႐ြယ္ကာ အလားအလာရွိသည့္ လူငယ္မ်ားကို ပညာသင္ဆုပံ့ပိုးျခင္းျဖစ္ပါသည္။

စီးပြားေရး၊ စီမံခန႔္ခြဲမႈပညာ၊ သိပၸံႏွင့္ နည္းပညာဘာသာရပ္မ်ား၏ မဟာဘြဲ႕၊ ပါရဂူဘြဲ႕သင္တန္းမ်ားကို ပညာသင္ဆုခ်ိတ္ဆက္ထားသည့္ ႏိုင္ငံ(၉) ႏိုင္ငံရွိ တကၠသိုလ္မ်ားတြင္ တက္ေရာက္ႏိုင္မည္ျဖစ္သည္။

ပညာသင္ဆု ခ်ိတ္ဆက္ထားသည့္ ႏိုင္ငံမ်ားတြင္ ေဟာင္ေကာင္၊ အိႏၵိယ၊ ဂ်ပန္၊ နယူးဇီလန္၊ ပါကစၥတန္၊ ဖိလစ္ပိုင္၊ စင္ကာပူ၊ ထိုင္း၊ အေမရိကန္ႏိုင္ငံမ်ားပါဝင္သည္။

ထိုႏိုင္ငံမ်ားရွိတက္ေရာက္ႏိုင္မည့္ တကၠသိုလ္မ်ားႏွင့္ ေ႐ြးခ်ယ္ႏိုင္မည့္ ဘာသာရပ္စာရင္းကို https://www.adb.org/site/careers/japan-scholarship-program/jsp-institutions တြင္ၾကည့္ရႈႏိုင္သည္။

ထိုတကၠသိုလ္မ်ားတြင္ တကၠသိုလ္ဝင္ခြင့္ ဦးစြာေလွ်ာက္ထားၿပီး တကၠသိုလ္ဝင္ခြင့္ရမွသာ ADB-JSP ပညာသင္ဆုကို ေလွ်ာက္ထားရမည္ျဖစ္သည္။

ထို႔အျပင္တကၠသိုလ္ဝင္ခြင့္ကို သက္ဆိုင္ရာတကၠသိုလ္မ်ား၏ ပညာသင္ႏွစ္မစမီ (၆)လအလိုတြင္ ေလွ်ာက္ထားရမည္ျဖစ္ၿပီး ပညာသင္ႏွစ္ စတင္မည့္ကာလသည္ တကၠသိုလ္အလိုက္ ကြဲျပားသည္။

တကၠသိုလ္ဝင္ခြင့္ရသူတိုင္း ပညာသင္ဆုပါ တစ္ပါတည္းရရွိျခင္းမဟုတ္သည္ကို သတိျပဳရန္လည္းေၾကညာထားသည္။

ပညာသင္ဆုေလွ်ာက္ထားသူမ်ားသည္ အသက္ (၃၅) ႏွစ္ထက္ မႀကီးသူမ်ားျဖစ္ရမည္ျဖစ္ၿပီး က်န္းမာေရးေကာင္းမြန္သူ၊ ဘြဲ႕ႀကိဳတက္ေရာက္စဥ္က ပညာေရးမွတ္တမ္းေကာင္း ရွိသူျဖစ္ရမည္ျဖစ္သည္။

ပညာသင္ကာလၿပီးဆုံးပါက မိမိႏိုင္ငံသို႔ ျပန္ၿပီးဖြံ႕ၿဖိဳးေရးေဆာင္႐ြက္မည့္သူမ်ားကိုသာ ေ႐ြးခ်ယ္ေပးအပ္ရန္စဥ္းစားမည္ျဖစ္သည္။

Read More:>>>  ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန၏ ရည္ရြယ္ခ်က္ႏွင့္လုပ္ငန္းတာဝန္မ်ား

အေသးစိတ္အခ်က္အလက္မ်ားကို www.adb.org/site/careers/japan-scholarship-program/procedures-applying တြင္ဝင္ေရာက္ဖတ္ရႈႏိုင္သည္။

Credit: 7Day News

Latest Post International Read 1031 times