မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်မှ ပဏာမ ရွေးချယ်ခံရသူများစာရင်း

မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ် (MMMC) တွင် ပဏာမနှင့် အရံ ရွေးချယ်ခံရသူများစာရင်းကို အောက်တိုဘာလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားပြီး စာရင်းတွင် ပါဝင်သော ကျောင်းသားများသည် (၂၇.၁၀.၂၀၂၅) ရက်နေ့မှ (၂၉.၁၀.၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားသူကိုယ်တိုင် ကျောင်းသားရေးရာတွင် သွားရောက် သတင်းပို့ရပါမည်။

ပဏာမနှင့် အရံ ရွေးချယ်ခံရသူများစာရင်း ကြည့်ရှုရန် > MyanmarMercantileMarineCollege/

ပဏာမအဆင့် ရွေးချယ်ခံရသူများအား အောက်ပါအတိုင်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

  • နားစစ်ဆေးခြင်း
  • အထွေထွေကျန်းမာရေးစစ်ဆေးခြင်း
  • မျက်စိစစ်ဆေးခြင်း (အရောင်ခွဲခြားနိုင်မှု ရှိ/မရှိ စစ်ဆေးခြင်း)
  • စိတ်ရောဂါနှင့် မူးယစ်ဆေးသုံးစွဲမှု ရှိ/မရှိ စစ်ဆေးခြင်း
  • လူတွေ့စစ်ဆေးခြင်း

လူတွေ့စစ်ဆေးပြီး လက်ခံမည့်သင်တန်းသားဦးရေမှာ ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းအတွက် (၁၄၀) ဦး၊ ကုန်သွယ်ရေကြောင်းအင်ဂျင်နီယာအရာရှိလောင်းသင်တန်း (၁၄၀) ဦးနှင့်  ကုန်သွယ်ရေကြောင်းလျှပ်စစ်နည်းပညာအရာရှိလောင်းသင်တန်းအတွက် (၄၀) ဦးတို့ ဖြစ်ကြသည်။ 

သင်တန်းတက်ရောက်ခွင့် ရရှိသူများသည် သင်တန်းတက်နေစဉ်အတွင်း နှစ်စဉ် သင်တန်းကြေး (၄၂,၀၀၀) ကျပ်၊ အဆောင်ကြေး၊ ဝတ်စုံစရိတ်နှင့် လစဉ်စားစရိတ် အစရှိသည်တို့ကို ကိုယ်တိုင်ကျခံရမည်။

ဘွဲ့ကြိုဒီပလိုမာ (၂) နှစ်သင်တန်းကာလအတွင်း ပထမနှစ်သင်တန်းကို မြန်မာနိုင်ငံကုန်သွယ်ရေကြောင်းကောလိပ်တွင် ကျောင်းအိပ်ကျောင်းစား အဆောင်နေကျောင်းသားအဖြစ် (၁) နှစ် တက်ရောက်ရမည်။

ဘွဲ့ကြိုဒီပလိုမာ (၂) နှစ် သင်တန်းပြီးဆုံးတက်ရောက်အောင်မြင်ပြီးသူများကို ဘွဲ့ကြိုဒီပလိုမာလက်မှတ် (Diploma in Nautical Studies/ Diploma in Maritime Technology/ Diploma in Marine Electro Technology) နှင့် ကုန်သွယ်ရေကြောင်းအရာရှိလောင်းသင်တန်းပြီးဆုံးခြင်းလက်မှတ် (Mercantile Marine Nautical/ Engineering Cadet/ Marine Electrical Cadet Training Course Completion Certificate) များ အပ်နှင်းပေးပါမည်။

Source - MMMC

Latest Post Local News Read 340 times