Sales Hotline : 09448001653       Download App



မြန်မာအထက်တန်းအောင်လက်မှတ်နဲ့ လျှောက်ထားနိုင်တဲ့ ထိုင်းနိုင်ငံက Scholarship

နိုင်ငံတကာအသိအမှတ်ပြု အထက်တန်းအောင်လက်မှတ် GED တို့၊ IGCSE တို့ မဖြေရသေးပေမဲ့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အမြန်ဆုံး စီစဉ်ချင်တယ်ဆိုရင်တော့ ထိုင်းနိုင်ငံရှိ King Mongkut’s University of Technology မှာ Engineering ဘာသာရပ်တွေအတွက် ပညာသင်ဆုပေးအပ်မယ့် အခွင့်အရေးရှိပါတယ်။ သူက Fully Funded စကော်လာရှစ် မဟုတ်တဲ့အတွက် သွားလာရေးစရိတ်၊ နေထိုင်စရိတ်၊ အသုံးစရိတ်တို့ကို ကိုယ်တိုင်ကျခံရမှာဖြစ်ပြီး ကျူရှင်စရိတ်ကိုတော့ ကျောင်းဘက်က ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

 

လျှောက်ထားနိုင်သည့် Engineering ဘာသာရပ်များ

  • Electrical Engineering
  • Robotic Engineering and Automation System
  • Aerospace Engineering
  • Mechanical Engineering
  • Materials Engineering

 

Degree Level 

Bachelor


Host University

King Mongkut’s University of Technology North Bangkok

 

စကော်လာရှစ်လျှောက်ဖို့ လိုအပ်တဲ့ အရည်အချင်းသတ်မှတ်ချက်

- အထက်တန်းအောင်မြင်ပြီးသူဖြစ်ရပါမယ်။

- အင်္ဂလိပ်စကားကျွမ်းကျင်ရပါမယ်။

- အောက်ဖော်ပြပါ စာမေးပွဲတစ်ခုခုမှ အောင်မြင်ပြီး သတ်မှတ်ထားတဲ့ အနည်းဆုံး အမှတ်တွေကို ပြည့်မီသူဖြစ်ရပါမယ်။ 

  • SAT -  စုစုပေါင်းအမှတ် 1200 (သင်္ချာအမှတ် ၅၅၀ ထက် မနည်းရ) 
  • GSAT - စုစုပေါင်းအမှတ် 1200
  • A Level  (Mathematics) , A Level (Physics and Chemistry)  - Grade B
  • IB (Mathematics) HL  , IB (Physics and Chemistry) HL - Grade 6
  • IGCSE - သင်္ချာနှင့် ရူပဗေဒပါအဝင် အနည်းဆုံး ဘာသာရပ်ငါးခုမှာ Grade C နှင့်အထက် 
  • GED - ဘာသာရပ်တိုင်း 145 မှတ် (သင်္ချာနှင့် သိပ္ပံမှာ 165 မှတ်နှင့်အထက်)
  • Myanmar Matriculation Examination - ဘာသာရပ်တိုင်း ၇၀ နှင့်အထက် (မြန်မာ၊ သင်္ချာနှင့် ရူပဗေဒဘာသာရပ်တို့မှာ အနိမ့်ဆုံး ၇၅ မှတ်ရပြီး ဂုဏ်ထူးသုံးဘာသာပါရမယ်)

- အောက်ပြပါ အင်္ဂလိပ်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲတစ်ခုခုတွင် ဖြေဆိုထားပြီး သတ်မှတ်ထားတဲ့ အနိမ့်ဆုံးအမှတ်တွေကို ပြည့်မီသူဖြစ်ရပါမယ်။

  • TOEFL (PBT/ITP) - 500    or  IBT 61
  • TOEIC - 600
  • IELTS - 6.0
  • K-STEP (KMUTNB) - 60
  • Duolingo - 85

 

လိုအပ်သည့်စာရွက်စာတမ်းများ

  • အထက်တန်းအောင်လက်မှတ်နှင့် အမှတ်စရင်း
  • ကျောင်းတက်နေဆဲဆို ထိုကျောင်းမှ ကျောင်းသားဖြစ်ကြောင်း ထောက်ခံချက် 
  • Recommendation Letter
  • Cover letter
  • မှတ်ပုံတင်
  • ပတ်စပို့
  • အိမ်ထောင်စုစာရင်း 

 

လျှောက်ထားရမည့်ပုံစံ

Online Application ကနေတဆင့် လျှောက်ထားနိုင်သလို၊ သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို  [email protected] ကို မေးလ်ပို့ပြီး လျှောက်ထားနိုင်ပါတယ်။

နောက်ဆုံးထား လျှောက်ထားရမယ့်ရက်ကတော့ ၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့ဖြစ်ပါတယ်။ Interview မှာ ရွေးချယ်ခံရတဲ့ ကျောင်းသားတွေကို မေလ (၆) ရက်နေ့မှာ ကြေညာမှာဖြစ်ပြီး မေလ (၉) ရက်နေ့မှာတော့ အင်တာဗျူးအစီအစဉ်ရှိမှာ ဖြစ်ပါတယ်။ 

 

မှတ်ချက်။ ။ စကော်လာရှစ်ရရှိသွားတဲ့ ကျောင်းသားတွေအနေနဲ့ ပညာသင်နေစဉ်တလျှောက် GPA အမှတ် 2.85 အနည်းဆုံး ရရှိဖို့ လိုအပ်ပါတယ်။ 

 

Application Link >> https://www.eng.kmutnb.ac.th/ciep/?page_id=3091

 

Scholarship အကြောင်း အသေးစိတ်ဖတ်ရှုရန် >> https://www.eng.kmutnb.ac.th/ciep/?


 

International Latest Post Read 677 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176