ဩစတေးလျ UTS တက္ကသိုလ်သည် မေဂျာပေါင်း (၁၄၀) ကျော်ကို ခေတ္တရပ်ဆိုင်း

ဩစတေးလျနိုင်ငံက University of Technology Sydney (UTS) သည် ရာနှင့်ချီသော အလုပ်အကိုင်များကို ဖြတ်တောက်ပြီး ကုန်ကျစရိတ်လျှော့ချရန်အတွက် မေဂျာပေါင်း (၁၄၆) ခုတွင် ကျောင်းသားအသစ် လက်ခံမှုကို ခေတ္တရပ်နားထားသည်။

အဆိုပါလှုပ်ရှားမှုသည် ဒေါ်လာ သန်း (၁၀၀) သက်သာရန် စီစဉ်ထားသည့် Operational Sustainability Implementation (OSI) ပရိုဂရမ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဆိုပါဆုံးဖြတ်ချက်ကြောင့် လူ (၄၀၀) ကျော် အလုပ်လက်မဲ့ ဖြစ်သွားနိုင်သည်။

အဆိုပါမေဂျာ (၁၄၆) ခု ရပ်နားထားမှုသည် ၂၀၂၆ ပညာသင်နှစ်တွင် စတင် တက်ရောက်မည့် ကျောင်းသားသစ်များအတွက်သာ ဖြစ်ပြီး ဤသင်တန်းများတွင် လက်ရှိ တက်ရောက်နေသော ကျောင်းသားများအပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း UTS က အတည်ပြုခဲ့သည်။ 

UTS သည် 'ကျွန်တော်တို့ ဒီလို ရပ်နားလိုက်တဲ့ မေဂျာတွေက ကျောင်းသားတက်ရောက်မှုနည်းတဲ့ မေဂျာတွေဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ သင်ရိုးတွေကိုလည်း ကျောင်းသားတွေနဲ့ အလုပ်ရှင်တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီစေဖို့ ပြန်လည် သုံးသပ်နေပါတယ်။" 

UTS သည် ဘွဲ့ရကျောင်းသားများအား အရည်အသွေးပြည့်ဝသော ပညာရေးနှင့် အောင်မြင်သော ရလဒ်များကို ပေးအပ်ရန် ကတိပြုထားပြီး၊ ကျွန်ုပ်တို့ပြုလုပ်သော ပြောင်းလဲမှုတိုင်းသည် ကျွန်ုပ်တို့၏ သင်ကြားရေးနှင့် သင်ယူမှုကမ်းလှမ်းချက်အား အားကောင်းလာစေရန်နှင့် ကျောင်းသားအတွေ့အကြုံကို ပိုမိုကောင်းမွန်လာစေရန်အတွက် ရည်ရွယ်ကြောင်း ကျောင်းဝက်ဘက်ဆိုက်ဒ်တွင် ပြောကြားခဲ့သည်။

ဝန်ထမ်းများနှင့် သမဂ္ဂများ ညှိနှိုင်းပြီးနောက် အနာဂတ်အတွက် ဆုံးဖြတ်ချက်အသစ်မချမချင်း အဆိုပါဆိုင်းငံ့ထားမှုသည် ရက်အကန့်အသတ်မရှိ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။ 

ရပ်နားထားသည့်‌ မေဂျာများ ကြည့်ရန် > https://www.uts.edu.au/news/2025/08/temporary-suspension-of-new-student-intake-for-some-2026-courses

Source - Australia News , UTS 

 

Read 15 times