၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအနေဖြင့် အဆင့်သတ်မှတ်ချက်အလိုက် လျှောက်ထားနိုင်သည့် တက္ကသိုလ်၊ ကောလိပ်များကို ဖော်ပြပေးသွားပါမည်။
စက်မှုအတတ်ပညာတွင် A+ အဆင့်ဖြင့် အောင်မြင်ထားသူများသည် Naypyitaw State Polytechnic၊ University၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်သို့ တက်ရောက်ရန် လျှောက်ထားနိုင်သည်။
A အဆင့်ဖြင့် အောင်မြင်ပါက နည်းပညာတက္ကသိုလ်များသို့လည်းကောင်း၊ B အဆင့်ဖြင့် အောင်မြင်ပါက အစိုးရနည်းပညာကောလိပ်များနှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းများသို့ လျှောက်ထားနိုင်သည်။
စိုက်ပျိုးရေးအတတ်ပညာတွင် A အဆင့်ဖြင့် အောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) တွင် တက်ရောက်ရန် လျှောက်ထားခွင့် ရှိပါသည်။
B အဆင့်ဖြင့် အောင်မြင်ထားသူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း (စိုက်ပျိုးရေးဒီပလိုမာ) နှင့် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (စက်မှုလယ်ယာနည်းပညားဒီပလိုမာ) သို့ တက်ရောက်ရန် လျှောက်ထားနိုင်သည်။
မွေးမြူရေးအတတ်ပညာတွင် A အဆင့်ဖြင့် အောင်မြင်သူများသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ် (မအူပင်) သို့ တက်ရောက်ရန် လျှောက်ထားခွင့်ရှိသည်။
B အဆင့်ဖြင့် အောင်မြင်ပါက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (မွေးမြူရေးဒီပလိုမာ) နှင့် ငါးလုပ်ငန်းသိပ္ပံကျောင်း (ငါးလုပ်ငန်းသိပ္ပံဒီပလိုမာ) သို့ တက်ရောက်ရန် လျှောက်ထားနိုင်သည်။
၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းနှင့်ပြည်နယ်အလိုက် ဝင်ရောက်ဖြေဆိုသူ (၃၃၆၄) ဦးရှိပြီး (၁၆၇၂) ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်းမှာ (၄၉.၇၀%) ရှိကြောင်း သိရသည်။
Source - မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
================================================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။