TEFL Certificate ကို Free ရယူနိုင်မယ့် Online Teaching Course

နိုင်ငံတကာအသိအမှတ်ပြု TEFL Certificate ကို Free ရယူနိုင်မယ့်အပြင် Teaching Job တွေကိုပါ ရှာဖွေနိုင်မယ့် Website တစ်ခုအကြောင်း မျှဝေပေးချင်ပါတယ်။ 

TEFL ဆိုတာက Teaching English as a Foreign Language ဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် မသုံးတဲ့ နိုင်ငံက ကျောင်းသားတွေကို အင်္ဂလိပ်စာ သင်ကြားပေးခြင်း ဖြစ်ပါတယ်။

TEFL ဆရာမတစ်ယောက်ဖြစ်ဖို့ TEFL ပရိုဂရမ်ကို တက်ရောက်ပြီး Certificate ရထားရင် အခွင့်အလမ်းတွေ ပိုများများ ရနိုင်ပါတယ်။

ဒါကြောင့် နိုင်ငံတကာ အသိအမှတ်ပြုတဲ့ 120-Hour TEFL သင်တန်းကို ရှာဖွေနေတယ်ဆိုရင် Teacher Record မှာ အခမဲ့ တက်ရောက်နိုင်ပါတယ်။

Teacher Record ဆိုတာ တရုတ်နိုင်ငံက ESL Association ကြီးဖြစ်ပြီး အင်္ဂလိပ်ဆရာတွေကို အလုပ်အကိုင်အခွင့်အလမ်းတွေအနေနဲ့ အွန်လိုင်းနဲ့ ပြည်ပမှာပါ ချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ 

Teacher Record မှာ တက်ရောက်မယ်ဆိုရင် -  

  • နိုင်ငံတကာအသိအမှတ်ပြု TEFL လက်မှတ်ကို ရရှိပါမယ်။
  • အွန်လိုင်းကနေပဲ သင်ကြားမှာ ဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး တက်ရောက်နိုင်ပါတယ်။
  • သင်တန်းကြေးက ၁၀၀ % အခမဲ့ ဖြစ်ပါတယ်။
  • သင်တန်းတက်ရောက်ဖို့ အချိန် (၁) နှစ် ပေးထားပါတယ်။ 
  • ဒီက ရတဲ့ လက်မှတ်နဲ့ နိုင်ငံခြား (သို့) အွန်လိုင်းက Teaching Jobs တွေကို ရှာဖွေနိုင်ပါတယ်။ 

ဘယ်လိုလူတွေ တက်ရောက်ခွင့်ရှိလဲ?

  • အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ရပါမယ်။
  • ဘယ်နိုင်ငံကမဆို တက်ရောက်နိုင်ပါတယ်။
  • တက္ကသိုလ်ဘွဲ့ဒီဂရီတွေ ဘာမှ မလိုအပ်ပါ။

သင်တန်းမှာ သင်ကြားမယ့် သင်ခန်းစာများ

  • Lessons planning
  • Teaching Receptive skill: Listening and Reading
  • Productive Skills: Speaking and Writing
  • Teaching English Grammar
  • Classroom Survival Tips
  • Teaching children

သင်တန်းပြီးမြောက်ဖို့ စုစုပေါင်း အတန်းချိန် နာရီ (၁၂၀) တက်ရောက်ရမှာဖြစ်ပြီး (၁) နှစ်အတွင်း အဆင်ပြေတဲ့အချိန်မှာ လေ့လာနိုင်ပါတယ်။ သင်တန်းကို အချိန်ပြည့် တက်ရောက်ပြီးစီးပြီး Test တွေ ‌ဖြေဆိုအောင်မြင်ရင် Certificate ထုတ်ယူနိုင်ပါပြီ။

သင်တန်း လျှောက်ထားရန် >> https://teacherrecord.com/index/login/index/type/tefl

အလုပ်အကိုင် ရှာဖွေရန် >> https://teacherrecord.com/job/online_teaching_jobs

အသေးစိတ်ဖတ်ရှုရန် >> https://teacherrecord.com/tefl-certificate?

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

High Latest Post University / College Vocational Read 13 times