အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများတွင်  Grade-9 အောင်မြင်ပြီးသူ သင်တန်းသားများ ခေါ်ယူလျက်ရှိသည်။ 

ကျောင်းဝင်ခွင့်လျှောက်လွှာများကို မေလ (၁၆) ရက်နေ့မှ စတင် ထုတ်ယူနိုင်ပြီး မေလ (၂၂) ရက်နေ့အထိ မိမိတို့ တက်ရောက်လိုသော ကျောင်းများတွင် သွားရောက် လျှောက်ထားနိုင်သည်။

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး (စက်မှု) အထက်တန်းကျောင်းများ

ဖွင့်လှစ်မည့် သင်တန်များ

  • အဆောက်အဦးနည်းပညာသင်တန်း (Building Technology)
  • လျှပ်စစ်နည်းပညာသင်တန်း (Electrical Technology)
  • စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း (Machining Technology)

အစိုးရနည်းပညာအထက်တန်းကျောင်းများ

ဖွင့်လှစ်မည့်သင်တန်းများ

  • အဆောက်အဦးနည်းပညာသင်တန်း (Building Technology)
  • အီလက်ထရောနစ်နည်းပညာသင်တန်း (Electronics Technology)
  • လျှပ်စစ်နည်းပညာသင်တန်း (Electrical Technology)
  • မော်တော်ယာဉ်နည်းပညာသင်တန်း (Automotive Technology)
  • စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း (Machining Technology)
  • အဆောက်အဦးထိန်းသိမ်းပြုပြင်မှု မည်းပညာသင်တန်း (Building Service Technology)
  • သတ္တုပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်း (Metal Process Technology)
  • သုတနည်းပညာသင်တန်း (Information Technology)

အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများ

ဖွင့်လှစ်မည့် သင်တန်များ

  • စိုက်ပျိုးရေးသင်တန်း
  • မွေးမြူရေးသင်တန်း

အဆိုပါကျောင်းများတွင် အထက်တန်းပညာနှင့် တွဲဖက်၍ စိုက်ပျိုးရေးသင်တန်း၊ မွေးမြူရေးသင်တန်းနှင့် စက်မှုနည်းပညာသင်တန်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားရပါမည်။ သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပြီး  သင်ကြားရေး ပြီးဆုံးအောင်မြင်ပါက အခြေခံပညာအထက်တန်း အောင်လက်မှတ်ကို ရရှိမည့်အပြင် သက်ဆိုင်ရာ ပညာရပ်နှင့်ဆိုင်သော ကောလိပ်နှင့် တက္ကသိုလ်များကိုပါ ဆက်လက်တက်ရောက်ခွင့် ရှိပါသည်။

လျှောက်ထားနိုင်သည့် သတ်မှတ်အရည်အချင်းများ

  • သက်ဆိုင်ရာ ဘာသာရပ်၏ လက်တွေ့လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
  • ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) အောင်မြင်သူဖြစ်ရမည်။
  • ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) အောင်မြင်သူဖြစ်ရမည်။
  • ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် (Grade 10) အောင်မြင်သူများ (သို့မဟုတ်) ကျရှုံးသူများ (သို့မဟုတ်) ရပ်နားထားသူများ ဖြစ်ရမည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများ

  • မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးထောက်ခံစာမူရင်း
  • ၂၀၂၃-၂၀၂၄ (သို့) ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် (Grade-9) အောင်မြင်ကြောင်း ထောက်ခံစာ
  • ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် (Grade-10) အောင်မြင်ကြောင်း (သို့) ကျရှုံးကြောင်း (သို့) ရပ်နားထားကြောင်း ထောက်ခံစာ
  • လျှောက်ထားသူ အမည်ပါရှိသော အိမ်ထောင်စုဇယား (မူရင်းနှင့် မိတ္တူ)
  • သက်ဆိုင်ရာနယ်မြေ ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်း
  • ပတ်စပို့အရွယ်ရောင်စုံ ဓာတ်ပုံ (၃) ပုံ

သင်တန်းသားများကို သတ်မှတ်ဦးရေပေါ်မူတည်၍ စုစုပေါင်းရမှတ် အများ၊ အနည်းအလိုက် ဦးစားပေး ရွေးချယ်သွားမည် ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်မည်ဖြစ်ပြီး သင်ကြားသင်ယူမှုအတွက် လိုအပ်သည့် ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများ ပေးအပ်မည့် အစီအစဉ်လည်း ရှိပါသည်။

သင်တန်းပြီးပါက ဆက်လက်တက်ရောက်နိုင်မည့် တက္ကသိုလ်အခွင့်အလမ်းများ

စက်မှုနည်းပညာ (၃) နှစ်သင်တန်းတွင် အဆင့်မီဖြင့် အောင်မြင်ပါက အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI) ပထမနှစ်သင်တန်းသို့လည်းကောင်း၊ အထူးအောင်ဖြင့် အောင်မြင်ပါက အင်ဂျင်နီယာဘွဲ့ (BE) ပေးအပ်သော နည်းပညာတက္ကသိုလ်များနှင့် နည်းပညာဘွဲ့ (B.Tech) ပေးအပ်သော အစိုးရနည်းပညာကောလိပ်များသို့လည်းကောင်း ဆက်လက်တက်ရောက်နိုင်ပါသည်။

စိုက်ပျိုးရေးအတတ်ပညာ (၃) နှစ်သင်တန်းတွင် အဆင့်မီဖြင့် အောင်မြင်ပါက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သို့) အစိုးရစက်မှုလက်မှုသိပ္ပံ (Farm Machinery) ပထမနှစ်သင်တန်းသို့လည်းကောင်း၊ အထူးအောင်ဖြင့် အောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်သင်တန်းသို့လည်းကောင်း တက်ရောက်နိုင်သည်။

မွေးမြူရေးအတတ်ပညာ (၃) နှစ်သင်တန်းတွင် အဆင့်မီဖြင့် အောင်မြင်ပါက စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သို့) ငါးလုပ်ငန်းသိပ္ပံကျောင်းများ၏ ပထမနှစ်သင်တန်းသို့လည်းကောင်း၊ အထူးအောင်ဖြင့် အောင်မြင်ပါက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပထမနှစ်သင်တန်းသို့လည်းကောင်း လျှောက်ထားနိုင်သည်။

အသေးစိတ်သိရှိလိုပါက စက်မှုနည်းပညာအထက်ကျောင်းများအတွက် ၀၆၇-၃၄၀၄၃၉၀၊ ၀၆၇-၃၄၀၄၁၈၂ နှင့် စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများအတွက် ၀၆၇-၃၄၁၀၂၉၆ တို့ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP
  

High Latest Post Local News Read 5215 times