Sales Hotline : 09448001653       Download App



တက္ကသိုလ်အသီးသီးမှ ဆရာ/ဆရာမများကို အားလပ်ရက်ခံစားခွင့်ပေး

** Unicode **

COVID-19 ကူးစက်ပြန့်ပွားမှုမှကာကွယ်ရန်အတွက် တက္ကသိုလ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသည့်ဆရာ/ဆရာမမျာကို အားလပ်ရက်ခံစားခွင့်ပေးလိုက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။

ပြည်တွင်းတွင် COVID-19 ကူးစက်ခံရသူအနည်းငယ်ရှိလာခဲ့၍ လတ်တလောတွင်လည်း တက္ကသိုလ်စာမေးပွဲများနှင့် စာစစ်တာဝန်မျာကို ရွှေ့ဆိုင်းထားခြင်းတို့ကြောင့် ဆရာ/ဆရာများကို ယင်းကဲ့သို့ သတ်မှတ်ထားလိုက်ခြင်းဖြစ်ပါတယ်။

လက်ရှိတွင် ဆရာ/ဆရာမများထမ်းဆောင်ရမည့် တာဝန်များမရှိသလောက် နည်းပါးနေပြီဖြစ်သည့်အတွက် နေအိမ်များမှသာ တာဝန်ထမ်းဆောင်စေရန်အတွက် မတ်လ (၂၅) ရက်နေ့တွင် တက္ကသိုလ်ဆရာ/ဆရာမများကိုယ်စားပြုကော်မတီက ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

Food Technology (11) အစားအသောက် နည်းပညာသင်တန်းများနှင့် ပတ်သက်ပြီးရှာရန်နှိပ်ပါ။

ဆရာ/ဆရာမများအတွက် စိုးရိမ်နေရခြင်းအတွက် ယခုလိုထုတ်ပြန်လိုက်ခြင်းဖြစ်ပါတယ်။

COVID-19 ကူးစက်ခံထားရသည့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရောဂါပြန့်ပွားမှု အခြေအနေကို မခန့်မှန်းနိုင်ဘဲကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံအချို့တွင် ဝန်ထမ်းများအား မလွှဲရှောင်သာသည့်အခြေအနေမှလွှဲ၍ သာမန်အချိန်များတွင် နေအိမ်များမှတစ်ဆင့် တာဝန်ထမ်းဆောင်သည့်နည်းလမ်းများကို အသုံးပြုလာကြပါတယ်။

Read More:>>> "တက္ကသိုလ်အသီးသီး၏ **အလွန်အရေးကြီး** သောယနေ့ ထုတ်ပြန်ချက်များ"

နည်းပညာတက္ကသိုလ် (မန္တလေး) စီမံခန့်ခွဲရေးအစည်းအဝေးတွင် ဆရာ/ဆရာများကို နေအိမ်များမှသာ တာဝန်ထမ်းဆောင်မှုများပြုလုပ်ရန်အတွက် ဆုံးဖြတ်ခဲ့ပြီး မတ်လ (၂၅) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်အသိပေးခဲ့ပါတယ်။

Credit:The Voice

 

** Zawgyi **









Credit:The Voice

News News News Latest Post Read 20055 times