Sales Hotline : 09448001653       Download App



တက္ကသိုလ်အသီးသီး၏ **အလွန်အရေးကြီး** သောယနေ့ ထုတ်ပြန်ချက်များ

** Unicode **

** ပထမနှစ်ဝက် စာမေးပွဲရက်ရွှေ့ဆိုင်းခြင်း**

သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ပထမနှစ်ဝက်စာမေးပွဲများကို (၂၆-၃-၂၀၂၀) ရက်နေ့တွင် စတင်ဖြေဆိုရန် ကြေငြာထားသော်လည်း မြန်မာနိုင်ငံတွင် COVID 19 ကူးစက်ရောဂါ စတင်တွေ့ရှိပြီဖြစ်ပါသဖြင့် စာမေးပွဲရက် ရွှေ့ဆိုင်းလိုက်ကြောင်းနှင့် စာမေးပွဲ ဖြေဆိုရမည့်ရက်ကို အချိန်နှင့် တပြေးညီ ထပ်မံကြေညာပေးသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

ထို့အပြင် ဘွဲကြိုဒီပလိုမာသင်တန်း(Dip-IT) ၏ (၃၀-၃-၂၀၂၀) ရက်နေ့တွင် စတင်ဖြေဆိုမည့် စာမေးပွဲများကိုလဲ ရွှေ့ဆိုင်းလိုက်ကြောင်းနှင့် စာမေးပွဲရက်ကို ထပ်မံကြေငြာပေးမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။

Credit: University of Information Technology - UIT

မော်လမြိုင်တက္ကသိုလ်တွင် ဖြေဆိုနေသော First Semester စာမေးပွဲများကို COVID -19၏ အရေးပေါ်အခြေအနေအရ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာအပ်ပါသည်။
ပြန်လည်ဖြေဆိုမည့်ရက်အား ထပ်မံကြေညာပေးသွားမည်ဖြစ်ပါသည်။

(၂၄.၃.၂၀၂၀) နံနက် (၃:၀၀နာရီ) တက္ကသိုလ်ပါမောက္ခချုပ်နှင့် သမဂ္ဂ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးချက်အရသိရပါတယ်။

ပြန်ကြားရေး
မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Credit: Mawlamyine University Students' Union

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် “ကြေညာချက်”

မြန်မာနိုင်ငံတွင် COVID-19 လူနာစတင်တွေ့ရှိရပါသောကြောင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်သည် လက်ရှိကျင်းပလျက်ရှိသော (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၊ ပထမပညာသင်ကာလ စာမေးပွဲကျင်းပခြင်းကို (၂၄-၃-၂၀၂၀)ရက်နေ့ နံနက်ပိုင်းမှစ၍ ခေတ္တရပ်နား လိုက်သည်။

တက္ကသိုလ်ပညာရေးအဖွဲ့ကိုယ်စား
ပါမောက္ခချုပ်
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်

Credit: Mandalay University of Foreign Languages

Read More:>>>> မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် အရေးပေါ်ထုတ်ပြန်ကြေညာချက်

**ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စက်ရပ်သတင်း**

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင်ကျင်းပလျက်ရှိသော (၂၀၁၉-၂၀၂၀) ပညာသင်နှစ်၏ပထမနှစ်ဝက်စာမေးပွဲ၏ဖြေဆိုရန်ကျန်ရှိသောလက်ကျန်(၂)ရက်အား အကန့်အသတ်မရှိ ယာယီရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း ယနေ့နံနက် (၃:၁၅) တွင် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာကျော်ကျော်ခေါင်က တရားဝင်အတည်ပြုပြောကြားလိုက်သည်။ဆောင်ရွက်မည့်အစီအစဉ်များကိုဆက်လက်ထုတ်ပြန်သွားပါမည်။

Credit: ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဆရာများသမဂ္ဂ။

ကျင်းပလျက်ရှိသော တက္ကသိုလ်စာမေးပွဲများအားလုံးကို ဆိုင်းငံထားမည်ဖြစ်ပါသည်။ ကျောင်းဆောင်တွင် နေထိုင်လျက်ရှိသူများအားလုံး မိမိတို့နေရပ်သို့ ဘေးကင်းစွာပြန်နိုင်ရေးအတွက် မနက်ဖြန်မနက် (၇) နာရီတွင် တာဝန်ရှိသူများ ဆွေးနွေးမည်ဖြစ်ပါသည်။

Credit: Yangon Technological University Students' Union - YTUSU

၁။ နည်းပညာတက္ကသိုလ်(စစ်တွေ)တွင် ကျင်းပနေသော ပထမနှစ်ဝက် စာမေးပွဲကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ပြန့်ပွားမှူထိမ်းချုပ်ရန်အတွက် Senate (ပညာရေးအဖွဲ့) နှင့် ကျောင်းသားသမဂ္ဂ တို့၏ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်ဖြင့် (၂၄-၃-၂၀၂၀) နံနက်ပိုင်းမှစရျ် ယာယီရပ်ဆိုင်းထားမည်ဖြစ်သည်။
၂။ ကျန်ရှိသောဘာသာများအတွက် ပြန်လည်ဖြေဆိုရမည့်ရက်ကို ထပ်မံကြေငြာပေးမည်ဖြစ်ပါသည်။ 
၃။ ဖြေဆိုပြီးသော ဘာသာများထပ်မံဖြေဆိုရန်မလိုပါ။

** ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကြေငြာချက် **

မြန်မာနိုင်ငံတွင် COVID -19 လူနာစတင်တွေ့ရှိရပါသောကြောင့်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သည် လက်ရှိကျင်းပလျက်ရှိသော (၂၀၁၉-၂၀၂၀) ပညာသင်နှစ်ပထမနှစ်ဝက် စာမေးပွဲကျင်းပခြင်းကို (၂၄-၃-၂၀၂၀)ရက်နေ့ နံနက်ပိုင်းမှစ၍ရပ်နားလိုက်သည်။

တက္ကသိုလ်ပညာရေးအဖွဲ့ကိုယ်စား

ပါမောက္ခချုပ်၊ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

Credit: Yangon University of Foreign Languages - YUFL

** ကျောင်းသား/သူများအနေဖြင့် အချိန်တပြေးညီ သတင်းအချက်အလက်များသိရှိလိုပါက မိမိတို့ကျောင်း၏ Page များကို Like လုပ်ထားရန်နှင့် ထုတ်ပြန်ကြေညာချက်များကို အစဉ်တစိုက် စောင့်ကြည့်ပေးရန်လိုအပ်ပါကြောင်း ပြောကြားလိုပါတယ်။

Myanmar Education Directory မှလည်း ရရှိသော သတင်းအချက်အလက်များကို အတတ်နိုင်ဆုံး အချိန်နှင့်တပြေးညီ အသိပေးသွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

(www.edge.com.mm) တွင်လည်း ဝင်ရောက်ကြည့်ရှုှု့နိုင်ပါတယ်။

Accountancy (222) စာရင္းကုိင္ႏွင့္ပက္သက္ျပီး သင္တန္း (၂၁၀) ခု ရွာရန္ႏွိပ္ပါ။

 

** Zawgyi **

** ပထမႏွစ္ဝက္ စာေမးပြဲရက္ေ႐ႊ႕ဆိုင္းျခင္း**

သတင္းအခ်က္အလက္နည္းပညာတကၠသိုလ္၏ ပထမႏွစ္ဝက္စာေမးပြဲမ်ားကို (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ စတင္ေျဖဆိုရန္ ေၾကျငာထားေသာ္လည္း ျမန္မာႏိုင္ငံတြင္ COVID 19 ကူးစက္ေရာဂါ စတင္ေတြ႕ရွိၿပီျဖစ္ပါသျဖင့္ စာေမးပြဲရက္ ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္းႏွင့္ စာေမးပြဲ ေျဖဆိုရမည့္ရက္ကို အခ်ိန္ႏွင့္ တေျပးညီ ထပ္မံေၾကညာေပးသြားမည္ ျဖစ္ေၾကာင္းအသိေပးအပ္ပါသည္။

ထို႔အျပင္ ဘြဲႀကိဳဒီပလိုမာသင္တန္း(Dip-IT) ၏ (၃၀-၃-၂၀၂၀) ရက္ေန႔တြင္ စတင္ေျဖဆိုမည့္ စာေမးပြဲမ်ားကိုလဲ ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္းႏွင့္ စာေမးပြဲရက္ကို ထပ္မံေၾကျငာေပးမည္ျဖစ္ေၾကာင္း သိေစအပ္ပါသည္။

Credit: University of Information Technology - UIT

ေမာ္လၿမိဳင္တကၠသိုလ္တြင္ ေျဖဆိုေနေသာ First Semester စာေမးပြဲမ်ားကို COVID -19၏ အေရးေပၚအေျခအေနအရ ရက္အကန႔္အသတ္မရွိ ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း ေၾကညာအပ္ပါသည္။
ျပန္လည္ေျဖဆိုမည့္ရက္အား ထပ္မံေၾကညာေပးသြားမည္ျဖစ္ပါသည္။

(၂၄.၃.၂၀၂၀) နံနက္ (၃:၀၀နာရီ) တကၠသိုလ္ပါေမာကၡခ်ဳပ္ႏွင့္ သမဂၢ တာဝန္ရွိသူမ်ား ေတြ႕ဆုံေဆြးေႏြးခ်က္အရသိရပါတယ္။

ျပန္ၾကားေရး
ေမာ္လၿမိဳင္တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ

Credit: Mawlamyine University Students' Union

မႏၲေလးႏိုင္ငံျခားဘာသာတကၠသိုလ္ “ေၾကညာခ်က္”

ျမန္မာႏိုင္ငံတြင္ COVID-19 လူနာစတင္ေတြ႕ရွိရပါေသာေၾကာင့္ မႏၲေလးႏိုင္ငံျခားဘာသာတကၠသိုလ္သည္ လက္ရွိက်င္းပလ်က္ရွိေသာ (၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္၊ ပထမပညာသင္ကာလ စာေမးပြဲက်င္းပျခင္းကို (၂၄-၃-၂၀၂၀)ရက္ေန႔ နံနက္ပိုင္းမွစ၍ ေခတၱရပ္နား လိုက္သည္။

တကၠသိုလ္ပညာေရးအဖြဲ႕ကိုယ္စား
ပါေမာကၡခ်ဳပ္
မႏၲေလးႏိုင္ငံျခားဘာသာတကၠသိုလ္

Credit: Mandalay University of Foreign Languages

Read More:>>>> ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ/ဆရာမမ်ားအဖြဲ႔ခ်ုပ္ အေရးေပၚထုတ္ျပန္ေၾကညာခ်က္

**ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ စက္ရပ္သတင္း**

ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္တြင္က်င္းပလ်က္ရွိေသာ (၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္၏ပထမႏွစ္ဝက္စာေမးပြဲဲ၏ေျဖဆိုရန္က်န္ရွိေသာလက္က်န္(၂)ရက္အား အကန႔္အသတ္မရွိ ယာယီေ႐ႊ႕ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္း ယေန႔နံနက္ (၃:၁၅) တြင္ ပါေမာကၡခ်ဳပ္ဆရာႀကီး ေဒါက္တာေက်ာ္ေက်ာ္ေခါင္က တရားဝင္အတည္ျပဳေျပာၾကားလိုက္သည္။ေဆာင္႐ြက္မည့္အစီအစဥ္မ်ားကိုဆက္လက္ထုတ္ျပန္သြားပါမည္။

Credit: ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္ဆရာမ်ားသမဂၢ။

က်င္းပလ်က္ရွိေသာ တကၠသိုလ္စာေမးပြဲမ်ားအားလုံးကို ဆိုင္းငံထားမည္ျဖစ္ပါသည္။ ေက်ာင္းေဆာင္တြင္ ေနထိုင္လ်က္ရွိသူမ်ားအားလုံး မိမိတို႔ေနရပ္သို႔ ေဘးကင္းစြာျပန္ႏိုင္ေရးအတြက္ မနက္ျဖန္မနက္ (၇) နာရီတြင္ တာ၀န္ရွိသူမ်ား ေဆြးေႏြးမည္ျဖစ္ပါသည္။

Credit: Yangon Technological University Students' Union - YTUSU

၁။ နည္းပညာတကၠသိုလ္(စစ္ေတြ)တြင္ က်င္းပေနေသာ ပထမႏွစ္ဝက္ စာေမးပြဲကို အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ျပန႔္ပြားမႉထိမ္းခ်ဳပ္ရန္အတြက္ Senate (ပညာေရးအဖြဲ႕) ႏွင့္ ေက်ာင္းသားသမဂၢ တို႔၏ သေဘာတူေဆြးေႏြး ဆုံးျဖတ္ခ်က္ျဖင့္ (၂၄-၃-၂၀၂၀) နံနက္ပိုင္းမွစရ်္ ယာယီရပ္ဆိုင္းထားမည္ျဖစ္သည္။
၂။ က်န္ရွိေသာဘာသာမ်ားအတြက္ ျပန္လည္ေျဖဆိုရမည့္ရက္ကို ထပ္မံေၾကျငာေပးမည္ျဖစ္ပါသည္။ 
၃။ ေျဖဆိုၿပီးေသာ ဘာသာမ်ားထပ္မံေျဖဆိုရန္မလိုပါ။

** ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္ေၾကျငာခ်က္ **

ျမန္မာႏိုင္ငံတြင္ COVID -19 လူနာစတင္ေတြ႕ရွိရပါေသာေၾကာင့္ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္သည္ လက္ရွိက်င္းပလ်က္ရွိေသာ (၂၀၁၉-၂၀၂၀) ပညာသင္ႏွစ္ပထမႏွစ္ဝက္ စာေမးပြဲက်င္းပျခင္းကို (၂၄-၃-၂၀၂၀)ရက္ေန႔ နံနက္ပိုင္းမွစ၍ရပ္နားလိုက္သည္။

တကၠသိုလ္ပညာေရးအဖြဲ႕ကိုယ္စား

ပါေမာကၡခ်ဳပ္၊ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္

Credit: Yangon University of Foreign Languages - YUFL

** ေက်ာင္းသား/သူမ်ားအေနျဖင့္ အခ်ိန္တေျပးညီ သတင္းအခ်က္အလက္မ်ားသိရွိလိုပါက မိမိတို႔ေက်ာင္း၏ Page မ်ားကို Like လုပ္ထားရန္ႏွင့္ ထုတ္ျပန္ေၾကညာခ်က္မ်ားကို အစဥ္တစိုက္ ေစာင့္ၾကည့္ေပးရန္လိုအပ္ပါေၾကာင္း ေျပာၾကားလိုပါတယ္။

Myanmar Education Directory မွလည္း ရရွိေသာ သတင္းအခ်က္အလက္မ်ားကို အတတ္ႏိုင္ဆံုး အခ်ိန္ႏွင့္တေျပးညီ အသိေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားလိုပါတယ္။

(www.edge.com.mm) တြင္လည္း ဝင္ေရာက္ၾကည့္ရႈႈ႕ႏိုင္ပါတယ္။

Accountancy (222) စာရင္းကုိင္ႏွင့္ပက္သက္ျပီး သင္တန္း (၂၁၀) ခု ရွာရန္ႏွိပ္ပါ။

 

Latest Post News Tips Read 113730 times