Sales Hotline : 09448001653       Download App



ဆွီဒင်ပညာသင်ဆု လျှောက်ထားလိုပါက...

** Unicode **

ဆွီဒင်နိုင်ငံတက္ကသိုလ်များတွင် မဟာဘွဲ့တက်ရောက်မည့်သူများ လျှောက်ထားနိုင်မည့် ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ငွေကြေးပံ့ပိုးပေးသည့် ပညာသင်ဆုဖြစ်ပါတယ်။

ကမ္ဘာအနှံ့ရှိ လူငယ်ခေါင်းဆောင်များကို ပညာရပ်ပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးများ မြှင့်တင်ပေးနိုင်ရန်ပညာသင်ဆုပေးခြင်းဖြစ်ပါတယ်။

၎င်းအစီအစဉ်ကြောင့် ဆွီဒင်နိုင်ငံနှင့် အခြားနိုင်ငံများအကြားကောင်းမွန်သည့် ရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ရန်လည်း မျှော်လင့်သည်ဟု ဆွီဒင်အစိုးရမှပြောကြားကြောင်းသိထားရပါတယ်။

Swedish Institute Scholarships for Global Professionals (SISGP) အစီအစဉ်အရ ဆွီဒင်နိုင်ငံတက္ကသိုလ်များတွင် မဟာဘွဲ့တက်မည့် နိုင်ငံတကာ ကျောင်းသား/သူများအတွက် ပညာသင်ဆုပေးခြင်းဖြစ်ပြီး ကျောင်းသား/သူဦးရေ (၃၀၀)ခန့်ကို ပညာသင်ဆုပေးမည်ဟု Swedish Institute မှကြေညာထားပါတယ်။

ဆွီဒင်တက္ကသိုလ်များတွင် သင်ကြားနေသည့် မည်သည့်ဘာသာရပ်တွင်မဆို မဟာဘွဲ့သင်တန်းတက်လိုပါက (SISGP) ကိုလျှောက်ထားခွင့်ရှိပါတယ်။

ပညာသင်ဆုရရှိပါက ကျောင်းလခ၊ လစဉ်အသုံးစရိတ်အဖြစ် ဆွီဒင်ခရိုနာ (၁ သောင်း)၊ ဇာတိနိုင်ငံမှ ဆွီဒင်သို့အသွား၊ အပြန်ခရီးစရိတ်အဖြစ် ဆွီဒင်ခရိုနာ (၁ သောင်းခွဲ)၊ နာမကျန်းနှင့် မတော်တဆထိခိုက်မှုဆိုင်ရာ အာမခံ၊ SI Network for Future Global Leaders အသင်းဝင်ကြေး၊ SI Alumni Network အသင်းဝင်ကြေးများ ပေးအပ်မည်ဖြစ်ပါတယ်။

ပညာသင်ဆုလျှောက်ထားသူများသည် အလုပ်ချိန်အနည်းဆုံးနာရီ (၃ ထောင်) ကြာ လုပ်ကိုင်ဖူးရမည်ဖြစ်ပြီး ထိုလုပ်ငန်းခွင်တွင် ခေါင်းဆောင်မှုစွမ်းရည် ကောင်းကောင်းဖြင့် အလုပ်လုပ်ကိုင်ခဲ့ကြောင်း အထောက်အထားပြရမည်ဖြစ်ပါတယ်။

Read More:>>>  အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ျဖင့္ တကၠသုိလ္ဆက္လက္တက္ေရာက္ႏိုင္မည္

အဆိုပါ ပညာသင်ဆုကို ဖေဖော်ဝါရီလ (၁၀) ရက်မှ (၂၀) ရက်အထိလျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်များကို https://si.se/en/apply/scholarships/swedish-institute-scholarships-for-global-professionals/ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Credit: 7Day News
 

** Zawgyi **

ဆြီဒင္ႏိုင္ငံတကၠသုိလ္မ်ားတြင္ မဟာဘြဲ႔တက္ေရာက္မည့္သူမ်ား ေလ်ွာက္ထားႏိုင္မည့္ ပညာသင္ဆုအစီအစဥ္ျဖစ္ပါတယ္။

ဆြီဒင္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေငြေၾကးပံ့ပိုးေပးသည့္ ပညာသင္ဆုျဖစ္ပါတယ္။

ကမ႓ာအႏွ႔ံရွိ လူငယ္ေခါင္းေဆာင္မ်ားကို ပညာရပ္ပိုင္းဆိုင္ရာ၊ က်ြမ္းက်င္မႈဆိုင္ရာ အရည္အေသြးမ်ား ျမွင့္တင္ေပးႏိုင္ရန္ပညာသင္ဆုေပးျခင္းျဖစ္ပါတယ္။

၄င္းအစီအစဥ္ေၾကာင့္ ဆြီဒင္ႏိုင္ငံႏွင့္ အျခားႏိုင္ငံမ်ားအၾကားေကာင္းမြန္သည့္ ေရရွည္ဆက္ဆံေရးတည္ေဆာက္ႏိုင္ရန္လည္း ေမ်ွာ္လင့္သည္ဟု ဆြီဒင္အစိုးရမွေျပာၾကားေၾကာင္းသိထားရပါတယ္။

Swedish Institute Scholarships for Global Professionals (SISGP) အစီအစဥ္အရ ဆြီဒင္ႏိုင္ငံတကၠသိုလ္မ်ားတြင္ မဟာဘြဲ႔တက္မည့္ ႏိုင္ငံတကာ ေက်ာင္းသား/သူမ်ားအတြက္ ပညာသင္ဆုေပးျခင္းျဖစ္ၿပီး ေက်ာင္းသား/သူဦးေရ (၃၀၀)ခန္႔ကို ပညာသင္ဆုေပးမည္ဟု Swedish Institute မွေၾကညာထားပါတယ္။

ဆြီဒင္တကၠသုိလ္မ်ားတြင္ သင္ၾကားေနသည့္ မည္သည့္ဘာသာရပ္တြင္မဆို မဟာဘြဲ႔သင္တန္းတက္လိုပါက (SISGP) ကိုေလ်ွာက္ထားခြင့္ရွိပါတယ္။

ပညာသင္ဆုရရွိပါက ေက်ာင္းလခ၊ လစဥ္အသံုးစရိတ္အျဖစ္ ဆြီဒင္ခရိုနာ (၁ ေသာင္း)၊ ဇာတိႏိုင္ငံမွ ဆြီဒင္သို႔အသြား၊ အျပန္ခရီးစရိတ္အျဖစ္ ဆြီဒင္ခရိုနာ (၁ ေသာင္းခြဲ)၊ နာမက်န္းႏွင့္ မေတာ္တဆထိခိုက္မႈဆိုင္ရာ အာမခံ၊ SI Network for Future Global Leaders အသင္းဝင္ေၾကး၊ SI Alumni Network အသင္းဝင္ေၾကးမ်ား ေပးအပ္မည္ျဖစ္ပါတယ္။

ပညာသင္ဆုေလ်ွာက္ထားသူမ်ားသည္ အလုပ္ခ်ိန္အနည္းဆံုးနာရီ (၃ ေထာင္) ၾကာ လုပ္ကိုင္ဖူးရမည္ျဖစ္ၿပီး ထိုလုပ္ငန္းခြင္တြင္ ေခါင္းေဆာင္မႈစြမ္းရည္ ေကာင္းေကာင္းျဖင့္ အလုပ္လုပ္ကိုင္ခဲ့ေၾကာင္း အေထာက္အထားျပရမည္ျဖစ္ပါတယ္။

Read More:>>>  အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ျဖင့္ တကၠသုိလ္ဆက္လက္တက္ေရာက္ႏိုင္မည္

အဆိုုပါ ပညာသင္ဆုကုိ ေဖေဖာ္ဝါရီလ (၁၀) ရက္မွ (၂၀) ရက္အထိေလ်ွာက္ထားႏိုင္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို https://si.se/en/apply/scholarships/swedish-institute-scholarships-for-global-professionals/ Link တြင္ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

Credit: 7Day News
 

International Latest Post Read 1036 times