Sales Hotline : 09448001653       Download App



အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ဖြင့် တက္ကသိုလ်ဆက်လက်တက်ရောက်နိုင်မည်

** Unicode **

ယခုနှစ်တွင် ပြောင်းလဲထားသော စနစ်အရ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများအတွက် ထုတ်ပေးမည့် ကျောင်းတွင်းအတန်းပြီးမြောက်မှုလက်မှတ်ဖြင့် တက္ကသိုလ်သို့ တက်ရောက်နိုင်ရန် အခွင့်အလမ်းများသာမက အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်များသို့လည်း တက်ရောက်သင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။

စာမေးပွဲစစ်ဆေးပြီးပါက သင်ယူပြီးမြောက်မှုလက်မှတ်ထုတ်ပေးမည်ဖြစ်ပါတယ်။ ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်ဆက်လက်တက်ရောက်လိုပါကလည်း ဆက်လက်တက်ရောက်နိုင်ရန် ၎င်းလက်မှတ်ကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။

၎င်းလက်မှတ်ထုတ်ပေးခြင်းမပြုမီ စာမေးပွဲစစ်ဆေးရာတွင် အချက်(၇)ချက်ဖြင့် အကဲဖြတ်လုပ်ဆောင်ရန် စီစဉ်ထားပါတယ်။ ထို့အပြင် ပညာရေးဝန်ကြီးဌာနက ပညာရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ စီမံကိန်းကို ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရေးဆွဲထားရာ သင်ရိုးသစ်များဖြင့် သင်ကြားမှုများတွင် ကျောင်းသားဗဟိုပြုစနစ်ကို ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။

Read More:>>>>  ေန႔စဥ္နဲ႔ အမ်ွ Computer အသံုးျပဳေနရၿပီဆိုရင္ ဒါမ်ိဳးေလးေတြက ပိုၿပီးအသံုးဝင္မယ္ထင္တယ္ေနာ္...

ယခင်က စာသင်ချိန်တစ်ချိန်လျှင် (၄၅) မိနစ်ဖြင့် (၁)ရက်လျှင် စာသင်ချိန် (၇) ချိန်သင်ကြားခဲ့ရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ စာသင်ချိန် (၁) ချိန်လျှင် မိနစ် (၄၀) ဖြင့် (၁) ရက်လျှင် စာသင်ချိန်၊ (၈) ချိန်ပြောင်းလဲလိုက်ကြောင်း၊ ပြောင်းလဲလိုက်သော စာသင်ချိန်တွင် ပန်းချီ၊ ပြည်သူ့နီတိ၊ စာရိတ္တ၊ ကာယ၊ အားကစားနှင့် ဂီတဘာသာရပ်များ သင်ကြားခဲ့ကြောင်း သိရပါတယ်။
Credit: မြဝတီ

** Zawgyi **

ယခုႏွစ္တြင္ ေျပာင္းလဲထားေသာ စနစ္အရ တကၠသုိလ္ဝင္တန္း ေက်ာင္းသား/သူမ်ားအတြက္ ထုတ္ေပးမည့္ ေက်ာင္းတြင္းအတန္းၿပီးေျမာက္မႈလက္မွတ္ျဖင့္ တကၠသုိလ္သို႔ တက္ေရာက္ႏိုင္ရန္ အခြင့္အလမ္းမ်ားသာမက အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ တကၠသုိလ္မ်ားသို႔လည္း တက္ေရာက္သင္ၾကားႏိုင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမွဴးရံုးမွ တာဝန္ရွိသူတစ္ဦး၏ ေျပာျပခ်က္အရ သိရပါတယ္။

စာေမးပြဲစစ္ေဆးၿပီးပါက သင္ယူၿပီးေျမာက္မႈလက္မွတ္ထုတ္ေပးမည္ျဖစ္ပါတယ္။ ေက်ာင္းသား/သူမ်ားအေနျဖင့္ တကၠသုိလ္ဆက္လက္တက္ေရာက္လိုပါကလည္း ဆက္လက္တက္ေရာက္ႏိုင္ရန္ ၄င္းလက္မွတ္ကို ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရပါတယ္။

၄င္းလက္မွတ္ထုတ္ေပးျခင္းမျပဳမီ စာေမးပြဲစစ္ေဆးရာတြင္ အခ်က္(၇)ခ်က္ျဖင့္ အကဲျဖတ္လုပ္ေဆာင္ရန္ စီစဥ္ထားပါတယ္။ ထို႔အျပင္ ပညာေရးဝန္ႀကီးဌာနက ပညာေရးျပဳျပင္ေျပာင္းလဲမႈ မဟာဗ်ဴဟာ စီမံကိန္းကို ၂၀၁၆ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အထိ ေရးဆြဲထားရာ သင္ရိုးသစ္မ်ားျဖင့္ သင္ၾကားမႈမ်ားတြင္ ေက်ာင္းသားဗဟိုျပဳစနစ္ကို ေျပာင္းလဲခဲ့ျခင္းျဖစ္ပါတယ္။

Read More:>>>  ေန႔စဥ္နဲ႔ အမ်ွ Computer အသံုးျပဳေနရၿပီဆိုရင္ ဒါမ်ိဳးေလးေတြက ပိုၿပီးအသံုးဝင္မယ္ထင္တယ္ေနာ္...

ယခင္က စာသင္ခ်ိန္တစ္ခ်ိန္လ်ွင္ (၄၅) မိနစ္ျဖင့္ (၁)ရက္လ်ွင္ စာသင္ခ်ိန္ (၇) ခ်ိန္သင္ၾကားခဲ့ရာ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္မွစ၍ စာသင္ခ်ိန္ (၁) ခ်ိန္လ်ွင္ မိနစ္ (၄၀) ျဖင့္ (၁) ရက္လ်ွင္ စာသင္ခ်ိန္၊ (၈) ခ်ိန္ေျပာင္းလဲလိုက္ေၾကာင္း၊ ေျပာင္းလဲလိုက္ေသာ စာသင္ခ်ိန္တြင္ ပန္းခ်ီ၊ ျပည္သူ႔နီတိ၊ စာရိတၱ၊ ကာယ၊ အားကစားႏွင့္ ဂီတဘာသာရပ္မ်ား သင္ၾကားခဲ့ေၾကာင္း သိရပါတယ္။
Credit: ျမဝတီ

 

News Tips Latest Post Read 24182 times