Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အချိန်မီမရောက်နိုင်သော ကျောင်းသားများကို ကူညီပို့ဆောင်မည်

** Unicode **

၂၀၂၀ ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၁၁) ရက်နေ့မှစတင်၍ မတ်လ (၂၀) ရက်အထိ ကျင်းပမည်ဖြစ်ပါတယ်။

စာမေးပွဲဖြေဆိုမည့် ရက်များတွင် ကျောင်းသား/သူများအဆင်ပြေစေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှုများအား   အတတ်နိုင်ဆုံးဖြေရှင်းပေးမည်ဖြစ်ကြောင်းကိုလည်း ရန်ကုန်တိုင်းဒေသကြီး အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲရုံးမှ သိရပါတယ်။

မြို့ပြအခြေအနေအရ ပုံမှန်ရုံးတက်/ရုံးဆင်းအချိန်များတွင် ယာဉ်ကြောပိတ်ဆို့မှုကြုံတွေ့နေရသည်မှာ နေ့စဉ်နှင့်အမျှပင်ဖြစ်ပါတယ်။ 

အထူးသဖြင့် စာမေးပွဲဖြေဆိုမည့်ရက်များတွင် ကျောင်းရှေ့ ယာဉ်ကြောပိတ်ဆို့ခြင်း၊ ယာဉ်အန္တရာယ် မဖြစ်စေရန် အဓိကကြီးကြပ်ဆောင်ရွက်ကြမည်ဖြစ်ပါတယ်။

Tuition (731) ကျူရှင်များနှင့် ပတ်သက်ပြီး (၇၃၁) ခု ရှာရန်နှိပ်ပါ။

ပထမဦးဆုံးဖြေဆိုမည့် မြန်မာဘာသာရပ်တွင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားကို ယူဆောင်လာရမည်ဖြစ်ပါတယ်။ ထိုအချိန်တွင် ကျောင်းသား/သူများအနေဖြင့် မေ့ကျန်ခဲ့ခြင်းများ ရှိပါက ကျောင်းရှေ့တွင် စောင့်ကြပ်ပေးနေသော ယာဉ်ထိန်းရဲမှ ကျောင်းသား/သူ ခေါ်ဆောင်ကာ အချက်ပြမီးဖွင့်၍ လိုက်လံပို့ဆောင်ပေးမည်ဖြစ်ပါတယ်။

Read More:>>>  အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ (၁၈၀) ရှိ

စာမေးပွဲအခန်းထဲသို့ အချိန်မီရောက်ရှိစေရန်လည်း ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။

ကျောင်းသား/သူများအနေဖြင့် သွားလာရန်အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်ပါက ကျောင်းရှေ့တွင်စောင့်ကြပ်ပေးနေသော ယာဉ်ထိန်းရဲများအား အကူအညီတောင်းနိုင်ကြောင်း သိရပါတယ်။
(www.edge.com.mm)

 

** Zawgyi **





Tuition (731) ကျူရှင်များနှင့် ပတ်သက်ပြီး (၇၃၁) ခု ရှာရန်နှိပ်ပါ။


Read More:>>>  အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ (၁၈၀) ရှိ


(www.edge.com.mm)

 

News Tips Latest Post Read 1099 times